နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အခက်အခဲတွေကြားက အကောင်းဆုံး ရုန်းထပြနေတဲ့ လာလီဂါ ဘီလူးများ (ရီးရဲယ်မက်ဒရစ်)

ကမ္ဘာ့လုံးဆိုင်ရာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ဘဏ္ဍာရေး အခက်အခဲတွေ ဖြေရှင်းနေရချိန် စူပါလိဂ် မီးပါ ထပ်မွှေးခဲ့တဲ့ ဥက္ကဌ ပီးရက်ဇ်ကြောင့် ကွင်းတွင်းရော၊ ကွင်းပြင်မှာပါ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ လာလီဂါ ဘီလူး ရီးရဲယ်မက်ဒရစ်တို့ ပြိုင်ဘက် ဘာစီလိုနာလိုပဲ လက်တလော အရှိန်အဝါတွေ တောက်လျောက် ကျဆင်းနေတဲ့ အသင်း ဖြစ်ပါတယ်။ မနှစ်က လာလီဂါမှာ မြို့ခံ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်ရဲ့နောက် ဒုတိယနေရာ မှာသာ ရပ်တည်နိုင်ခဲ့သလို ပြိုင်ပွဲစုံမှာ ကျရှုံးခဲ့တဲ့ တော်ဝင် မက်ဒရစ် အတွက် ၂၅ နှစ်အတွင်း ပထမဦးဆုံး အကြိမ် ဖလားလက်မဲ့ ရာသီ ဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ဖလား ၁၃ ကြိမ် အပါအဝင် ပြည်တွင်း ပြည်ပ ဆုဖလား ပေါင်း ၉၀ ကျော် ရရှိထားတဲ့ ဥရောပရဲ့ အအောင်မြင်ဆုံး အသင်း ရီးရဲယ်မက်ဒရစ်ရဲ့ အဓိက အားသာချက်က ယုံကြည်မှု ဖြစ်သလို ရာသီသစ် မစတင်ခင် တိုင်းမှာ ကြိုတင် ပြင်ဆင်မှုတွေ ကျကျနန ပြုလုပ်ပြီးမှ ပြိုင်ပွဲဝင် တတ်ပေမယ့် အခု နောက်ပိုင်း ရာသီတွေ မှာတော့ ရီးရဲယ်ရဲ့ ပေါ်လစီက သိသိသာသာ ပြောင်းလဲ သွားခဲ့ပါတယ်။ အရင်လို ကစားသမားသစ်တွေ ခေါ်ယူဖို့ ငွေသုံး မကြမ်းတော့ သလို အကယ်ဒမီထွက် ကြယ်ပွင့်တွေကို အဓိက နေရာပေး လာခဲ့ပါတယ်။ ဒီရာသီမှာ ဗဟိုခံစစ် အတွဲ ဖြစ်တဲ့ ဆာဂျီယို ရာမို့စ်နဲ့ ရာဖာရယ် ဗာရန်းတို့ ထွက်ခွာသွားသည့် တိုင်အောင် ဒါးဗစ်အာလာဘာ တစ်ဦးတည်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး အငှားစာချုပ် သက်တမ်းပြည့်လို့ ပြန်လာတဲ့ လူကာယိုဗစ်၊ ဘေးလ် တို့ကို လည်း ပွဲထွက် လူစာရင်းမှာ ပြန်ပြီး သုံးနေတာ တွေ့ရပါတယ်။

ကစားသစ်တွေ ခေါ်ယူ အားဖြည့်မှု အပိုင်းမှာ အားရစရာ မရှိသလို အဓိက ကစားသမားတွေ အသင်း ပြောင်းရွှေ့ သွားခဲ့လို့ ပရိသတ်တွေ အနေနဲ့ စိတ်ပူနေခဲ့ပေမယ့် တကျော့ပြန် နည်းပြ ကားလို့စ် အန်ဆယ်လော့တီရဲ့ အသင်းက လာလီဂါ ပွဲဦးထွက်မှာ အားရစရာ ခြေစွမ်းတွေနဲ့ အဲလ်ဗက်စ်ကို အဝေးကွင်းမှာ ၁-၄ နဲ့ အနိုင်ယူပြီး လက်တလော မှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။

အဲလ်ဗက်စ်နဲ့ အဖွင့် ပွဲစဉ်မှာ ရီးရဲယ်မက်ဒရစ်ရဲ့ အကောင်းဆုံး ပုံစံတစ်ခုကို ပြန်လည် မြင်တွေ့ခဲ့ရပေမယ့် လိုအပ်ချက် တချို့တော့ ရှိနေဆဲ ဖြစ်ပါတယ်။ အန်ဆယ်လော့တီ လက်အောက်မှာ ရီးရဲယ်မက်ဒရစ်တို့ ဘယ်နေရာတွေမှာ တိုးတက်လာပြီး ဘယ်နေရာတွေမှာ ပြင်ဆင်ဖို့ လိုအပ်နေသလဲ ဆိုတာ ကိုတော့ နာမည်ကြီး အားကစား သတင်းတွေရဲ့ ဖော်ပြချက် တချို့ကို ပြန်လည် ကိုးကား တင်ဆက် ပေးလိုက်ရပါတယ်။
 
ဗဟိုခံစစ် နေရာနဲ့ ပိုပြီး သင့်လျော်တဲ့ အလာဘာ

အလာဘာဟာ တကယ့်ကို အရည်အသွေး ပြည့်ဝပြီး ထူးချွန်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဗဟို ခံစစ်၊ ဘယ်နောက်ခံ၊ ဘယ်တောင်ပံ၊ ကွင်းလယ် ခံစစ်နဲ့ ဗဟို ခံစစ် နေရာတွေ မှာပါ နေရာစုံ ကစားနိုင်တဲ့ အန်ဆယ်လော့တီ အနေနဲ့ အလာဘာကို ဗဟိုခံစစ် နေရာ အတွက် တာဝန်ပေးသင့်ပါတယ်။ ဗဟို ခံစစ်မှုး တစ်ဦး ဖြစ်တဲ့ နာချို ဖာနန်ဒက်စ် အနေနဲ့ တိုက်စစ်ကို လိုက်ပါ ကစားနေချိန်မှာ နောက်ချန် အဖြစ်နေခဲ့တဲ့ မီလီတောင်က စိတ်မချရပါဘူး။ ဘရာဇီးလ် နောက်ခံလူ မီလီတောင်ဟာ လုပ်အားနှုန်း ကောင်းပေမယ့် တုန့်ဆိုင်းပြီး အမှားများတတ်လို့ အလာဘာ နဲ့ နာချိုဖာနန်ဒက်စ်ရဲ့ အရန် အဖြစ်နဲ့ပဲ သုံးတာ ပိုပြီး သင့်လျော်မယ်လို့ ယူဆမိပါတယ်။

 
နာချို ဖာနန်ဒက်ဇ်ကို နေရာပေးသင့်ပြီ

ဗာရန်းနဲ့ ရာမို့စ်တို့ ရှိစဉ်က အချိန်တော်တော်များများ အရန်ခုံမှာ ထိုင်ခဲ့ရတဲ့ ငယ်မွေးခြံပေါက် နာချို ဖာနန်ဒက်စ်ဟာ လာလီဂါ ထိပ်သီး အတွက် သစ္စာရှိရှိ ပေးဆပ်ခဲ့တာ ၁၀ စုနှစ် တစ်ခု ပြည့်ခဲ့ပါပြီ။ အဓိက နောက်ခံလူတွေ ဒဏ်ရာ ပြသနာရှိတိုင်း မက်ဒရစ် အတွက် အကောင်းဆုံး အသုံးတော်ခံခဲ့တဲ့ ၃၁ နှစ် အရွယ် စပိန် နောက်ခံလူဟာ လက်ရှိမှာ အသက်အရွယ်အရ တည်ငြိမ်မှု အပြည့် ရှိနေသလို ခြေစွမ်းပိုင်း ကလည်း အကောင်းဆုံး ပုံစံမှာ ရှိနေပါပြီ။ နာချိုဟာ အဲလ်ဗက်စ်နဲ့ ပွဲမှာ တစ်ပွဲထဲ ကြားဖြတ် လုယူမှု ၉ ကြိမ် ပြုလုပ်ခဲ့ပြီး အသင်း ဒုတိယ ဦးဆောင်ဂိုး ကိုလည်း သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းပြီး ပိုတည်ငြိမ်လာတဲ့ နာချို ဖာနန်ဒက်စ် ကိုတော့ နည်းပြ အန်ဆယ်လော့တီ အနေနဲ့ အလာဘာနဲ့ တွဲဖက် ကစားမယ့် အဓိက ဗဟိုခံစစ်မှူး အဖြစ် ရွေးချယ်တာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်လာပါလိမ့်မယ်။
 
အကောင်းဆုံး ဦးဆောင်နေဆဲ ဘင်ဇီမာ

ရော်နယ်ဒိုရဲ့ လောင်းရိပ်အောက်က လွတ်ပြီး ကတည်းက ရီးရဲယ်မက်ဒရစ် တိုက်စစ်မှာ အကောင်းဆုံး ဦးဆောင်နေတဲ့ ဘင်ဇီမာ ကတော့ ပြီးခဲ့တဲ့ လာလီဂါ ၃ ရာသီမှာ တစ်ရာသီကို ပုံမှန်   သွင်းဂိုး ၂၀ ကျော် သွင်းပေးနေတဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။ အခုရာသီ မှာတော့ အသင်းက ထွက်သွားတဲ့ ရာမို့စ်ရဲ့ အသင်းခေါင်းဆောင် တာဝန်ကို လွှဲပြောင်းရယူခဲ့ပြီး အဖွင့်ပွဲ မှာတင်ပဲ ၂ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒီတော့ ရီးရဲယ်မက်ဒရစ် တစ်သင်းလုံးမှာ ပွဲတိုင်းလိုလို အမှားအယွင်းမရှိ အပြည့်အဝ ပေးဆပ် ကစားနိုင်တဲ့ ဘင်ဇီမာနဲ့ ပတ်သတ် လို့တော့ ဘာမှ အထွေအထူး ပြောစရာ မရှိတော့ပါဘူး။ ဒါ့အပြင် အတိုးအလှုပ် ကောင်းတဲ့ ဘေးလ် ပြန်ပါလာတာ ကလည်း ဘင်ဇီမာ အနေနဲ့ ဂိုးသွင်းဖို့ ပိုပြီး လွတ်လပ်သွားစေခဲ့တာ ဖြစ်ပါတယ်။
 
ဟာဇက်ရဲ့ Comebackနဲ့ မထင်မှတ်ပဲ တောင်းတင်းလာတဲ့ စုဖွဲ့မှု

ပြောစရာ ရှိတာက ချဲလ်ဆီး ကနေ ငွေပုံအောပေး ခေါ်ယူခဲ့ရတဲ့ ဘယ်ဂျီယံ တောင်ပံ ကစားသမား အီဒင်ဟာဇက်ရဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။ စပိန်မြေကို ရောက်ကတည်းက စုစုပေါင်း ၃၁ ပွဲပဲ ကစားထားတဲ့ ဟာဇက် ကိုတော့ ဒီရာသီမှာ Comeback ဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ မိုဒရစ်ကို ကွင်းလယ် အစွန် နေရာမှာ ထားပြီး ဘယ်တောင်ပံ တစ်လျှောက် အလာဘာ၊ မိုဒရစ်၊ ဟာဇက် တို့ကို ချိတ်ဆက် ကစားစေခဲ့တဲ့ အန်ဆယ်လော့တီရဲ့ ဗျူဟာက တော်တော်လေး မှန်ကန်ခဲ့တယ်လို့ ပြောချင်ပါတယ်။ ကတ်ဆီမီယို၊ ဗယ်ဗာဒီ၊ ဗက်ဇ်ကွက်ဇ် တို့ကလည်း ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်နေကြသလို ယိုဗစ်၊ အက်ဆန်ဆီယို၊ ရိုဒရီဂို၊ ဗင်နီးဆီးယပ်စ် ဂျူနီယာ တို့လို ကစားသမားတွေ အများကြီး ကျန်ရှိနေသေးတဲ့ ရီးရဲယ်မက်ဒရစ်တို့ လက်ရှိ အနေအထား အတိုင်းသာ ဆိုရင် အနည်းဆုံး ချန်ပီယံ ဆုဖလား တစ်လုံးတော့ သေချာပေါက် ရယူနိုင်စွမ်း ရှိတယ်လို့ ပြောကြားရင်း…။

စောင့်ကြည့်ကြတာပေါ့…။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်