နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာသီကုန်ရင် ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲမယ်ဆိုတာ ကောလာဟလတွေသာ ဖြစ်ကြောင်း ပြောကြားလာတဲ့ အန်ဆယ်လော့တီ | လာလီဂါ

အီတလီ နာမည်ကျော် နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကတော့ ရာသီကုန်ရင် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်ဆယ်လော့တီ ကိုယ်တိုင်က ဒီသတင်းတွေက မမှန်ကန်တဲ့ ကောလာဟလတွေသာ ဖြစ်ကြောင်း တုံ့ပြန်လာခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကျွန်တော် ရှင်းရှင်းပဲ ပြောချင်တယ်။ ဒီအသင်း ကနေ ကျွန်တော် ထွက်ခွာမယ့် နေ့ရက်နဲ့ ပတ်သက်လို့ ကျွန်တော့် ဘဝမှာ ဘယ်တော့မှာ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်နဲ့ တစ်နေ့နေ့မှာ လမ်းခွဲရမယ် ဆိုတာ ကိုတော့ ကျွန်တော် သိထားပါတယ်။ ဒါပေမယ့် အဲဒီနေ့ကို ကျွန်တော် ဆုံးဖြတ်မှာ မဟုတ်ပါဘူး။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ 

ဆက်လက်ပြီး အန်ဆယ်လော့တီက အသင်းရဲ့ ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် ဆက်ရှိနေတာကြောင့်လည်း သူ့အနေ ရီးရဲလ်မက်ဒရစ်ကို နောက်ထပ် ၅ နှစ်ကြာ ဆက်လက် ကိုင်တွယ်နိုင်ဖွယ် ရှိကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။ “ရီးရဲလ်မက်ဒရစ် နည်းပြ ရာထူး ကနေ မနက်ဖြန် ထွက်သွားနိုင်သလို နောက်ထပ် ၁ နှစ် ဒါမှမဟုတ်လည်း နောက် ၅ နှစ် ဆက်ရှိနေနိုင်ပါတယ်။ ပီရက်ဇ်က ဒီမှာ နောက်ထပ် ၄ နှစ် ရှိနေမှာ ဖြစ်ပြီးတော့ သူနဲ့ ကျွန်တော် လိုချင်တာတွေ ရှိပါတယ်။ သူနဲ့ အတူ ရီးရဲလ်မက်ဒရစ်ကို နှုတ်ဆက်ချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ 

အသက် ၆၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အန်ဆယ်လော့တီက လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် အသင်း ဘက်က အန်ဆယ်လော့တီရဲ့ ဦးဆောင်မှု ပုံစံကို အားမရတာကြောင့် လက်ရှိ ရာသီ အကုန်မှာ လမ်းခွဲဖို့ ဆုံးဖြတ်ထားကြောင်း စပိန် မီဒီယာတွေမှာ ဖော်ပြနေတာ ဖြစ်ပါတယ်။

ကာလို အန်ဆယ်လော့တီ ကတော့ ၂၀၂၃ ဒီဇင်ဘာလမှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၆ ခုနှစ် အထိ သက်တမ်းတိုးထားသူ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ နောက် ၅ နှစ်လောက် ဆက်ရှိဦးမယ် ဆိုတဲ့ အန်ဆယ်လော့တီ

စပိန် မီဒီယာ တစ်ခု ဖြစ်တဲ့ Onda Cero ကတော့ အန်ဆယ်လော့တီ အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ပျော်ရွှင်နေပေမယ့်လည်း ဒီရာသီအကုန်မှာ လမ်းခွဲဖို့ ဆုံးဖြတ်ထားကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Onda Ceroက အန်ဆယ်လော့တီရဲ့ နေရာမှာ လေဗာကူဆင် နည်းပြ ဇာဘီ အလွန်ဆို ဝင်ရောက်အီတလီ နာမည်ကျော် နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကတော့ ရာသီကုန်ရင် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ တာဝန်ယူမှာ ဖြစ်ကြောင်းလည်း အကျယ်တဝင့် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ အန်ဆယ်လော့တီက သူ့အနေနဲ့ ရာသီအကုန်မှာ အသင်း ကနေ ထွက်ခွာမယ် ဆိုတဲ့ သတင်းတွေကို အခုလိုပဲ အတိအလင်း ဖြေရှင်းသွားခဲ့တာ ဖြစ်ပါတယ်။

ကာလို အန်ဆယ်လော့တီ ကတော့ ၂၀၂၃ ဒီဇင်ဘာလမှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၆ ခုနှစ် အထိ သက်တမ်းတိုးထားသူ ဖြစ်ပါတယ်။ အီတလီသားကြီးက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ရီးရဲလ်မက်ဒရစ် အတွက် အင်တာကွန်တီနန်တယ်ဖလားကို ရယူပေးနိုင်ခဲ့ပြီးနောက် ဆုဖလား ၁၅ လုံးနဲ့ အသင်းရဲ့ သမိုင်းတလျှောက် ဖလား အများဆုံး ရတဲ့ နည်းပြ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

လက်ရှိ ရာသီမှာလည်း အန်ဆယ်လော့တီရဲ့ အသင်းက လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေပြီးတော့ ချန်ပီယံလိဂ် မှာတော့ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ မသေချာသေးပေမယ့် ဆုဖလား မျှော်လင့်ချက်တော့ အပြည့်အဝ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က ကိုပါဒယ်ရေးဖလား မှာလည်း ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်