နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး ဆိုတဲ့ အန်ဆယ်လော့တီ | လာလီဂါ

အီတလီ နာမည်ကျော် ဝါရင့် နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကတော့ သူ့အနေနဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြ ရာထူး ကနေ အထုတ်ပယ်ခံရမယ်လို့ တစ်ခါမှ မခံစားခဲ့ရဖူးကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ပိုင်းနဲ့ နိုဝင်ဘာ လဆန်းပိုင်းတွေမှာ ရုန်းကန်ခဲ့ရပြီး အန်ဆယ်လော့တီဟာလည်း ဖိအားတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါမှာ ဘာစီလိုနာကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ် မှာလည်း အေစီမီလန်ကို အိမ်ကွင်းမှာပဲ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလကုန်ပိုင်း မှာတေ့ လစ်ဗာပူးလ်ကို ချန်ပီယံလိဂ်နဲ့ ဘီလ်ဘာအိုကို လာလီဂါမှာ ရှုံးနိမ့်ခဲ့ပါသေးတယ်။

ဒါကြောင့် နည်းပြကြီး ကာလို အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အနာဂတ်က တော်တော်လေး လှုပ်ခတ်ခဲ့ပြီး ရာထူး ကနေ ထုတ်ပယ်ခံရတော့မယ်လို့ပါ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ရစ်က နောက်ပိုင်း ပွဲစဉ်တွေမှာ တောက်လျောက် ခြေစွမ်း ပြန်မှန်လာခဲ့ပြီး လာလီဂါ အမှတ်ပေးဇယား မှာလည်း ဘာစီလိုနာကို ကျော်တက်ကာ အဆင့် ၂ နေရာကို ရယူထားနိုင်ပါတယ်။

လက်တလောမှာ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်က ရမှတ် ၄၀ နဲ့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေသလိူ ချန်ပီယံလိဂ် မှာတော့ Play-Off ကစားရမယ့် အခြေအနေမှာ ရှိနေပါတယ်။
နောက်ပိုင်း ပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေတဲ့ ရီးရဲလ်မက်ဒရစ်

ဒီအခြေအနေနဲ့ ပတ်သတ်လို့ ကာလို အန်ဆယ်လော့တီက “ကလပ် အသင်းက ကျွန်တော် စိုးရိမ်ရအောင် ဘယ်တုန်းကမှ အရိပ်အယောင်တောင် မပြခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ရာထူး ကနေ ထုတ်ပယ်ခံရမယ်လို့ တစ်ကြိမ် တစ်ခါမှ မခံစားခဲ့ရပါဘူး။ အသင်း တာဝန်ရှိသူတွေ ကလည်း ကျွန်တော့်ကို အမြဲတမ်း အားပေးခဲ့တာပါ။ ခက်ခဲနေချိန်မှာ အဲဒီလို အားပေးမှုတွေက တကယ်ကို လိုအပ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အန်ဆယ်လော့တီ ကတော့ ရီးရဲလ်မက်ဒရစ်ကို ဒုတိယအကြိမ်မြောက် နည်းပြ နေခဲ့တာ ဖြစ်ပြီး ပထမအကြိမ်မှာတုန်းက လာလီဂါ ချန်ပီယံဆု မရယူပေးနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား တို့ ရရှိခဲ့ပါတယ်။ ဒုတိယအကြိမ် ကိုင်တွယ်ချိန်မှာတော့ အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ် အတွက် လာလီဂါ ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်၊ စပိန် စူပါဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၂ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ်၊ စပိန် စူပါဖလား ၂ ကြိမ်နဲ့ ဖီဖာ အင်တာကွန်တီနန်တယ်ဖလား ၁ ကြိမ် ရယူပေးထားနိုင်ပါတယ်။

လက်တလောမှာ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်က ရမှတ် ၄၀ နဲ့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေသလိူ ချန်ပီယံလိဂ် မှာတော့ Play-Off ကစားရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ လက်ကျန် နှစ်ပွဲမှာ ဆဲလ်ဘာ့ဂ်၊ ဘရတ်စ် တို့နဲ့ ကစားရဖို့ ရှိနေသေးပြီး ရလဒ်ကောင်းခဲ့ရင်တော့ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ချေလည်း ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်