နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာနေဗျူးမှာပဲ နည်းပြ ဘဝကို အဆုံးသတ်ချင်တဲ့ အန်ဆယ်လော့တီ | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ သူ့ရဲ့ နည်းပြ ဘဝကို ဘာနေဗျူးမှာပဲ အဆုံးသတ်သွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ အီတလီ လူမျိုး ဝါရင့် နည်းပြကြီး အန်ဆယ်လော့တီဟာ လက်ရှိ ကလပ် ရီးရဲလ်မက်ဒရစ်မှာပဲ သူ့ရဲ့ မန်နေဂျာ ဘဝကို အဆုံးသတ်သွားမှာ ဖြစ်ပြီး တခြား ဘယ်ကလပ်၊ ဘယ်လက်ရွေးစင် အသင်းကိုမှ ကိုင်တွယ်သွားမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပဲ ဖွင့်ဟသွားခဲ့တာပါ။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ အန်ဆယ်လော့တီဟာ အသက် အရွယ်အားဖြင့် ၆၄ နှစ်ထဲ ရောက်လာပြီ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် နဲ့တော့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ သူ့ကိုတော့ ဘရာဇီးလ် လက်ရွေးစင်အသင်း အပါအဝင် ဥရောပ ထိပ်သီး ကလပ် အများအပြားက နည်းပြ ရာထူး ခန့်အပ်ဖို့ အမြဲတမ်းလိုလို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာ နည်းပြဘဝ တစ်လျှောက်မှာ စီးရီးအေ ကလပ် ဂျုဗင်တပ်စ်၊ အေစီမီလန်၊ နာပိုလီ ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး၊ အဲဗာတန်၊ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ၊ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် တို့ကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကိုတော့ နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့သူပါ။ ဒီလို လိဂ် ပေါင်းစုံက ကလပ် အသင်း ပေါင်းစုံကို ကိုင်တွယ်ခဲ့ဖူးတဲ့ အန်ဆယ်လော့တီဟာ ဆုဖလား အောင်မြင်မှု တွေ များစွာလည်း ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ် နည်းပြ အဖြစ် ဆောင်ရွက်နေရင်း ဒီရာသီမှာ လာလီဂါ ဖလားနဲ့ စပိန် စူပါဖလားတိုကို ရယူထားနိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ အန်ဆယ်လော့တီ

လက်ရှိမှာလည်း အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ် နည်းပြ အဖြစ် ဆောင်ရွက်နေရင်း ဒီရာသီမှာ လာလီဂါ ဖလားနဲ့ စပိန် စူပါဖလား တို့ကို ရယူထားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ လည်း ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ခဲ့ပြီး ဒေါ့မန်နဲ့ မကြာခင် ရက်ပိုင်းအတွင်း ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အန်ဆယ်လော့တီက “ကျွန်တော် ရီးရဲလ်မက်ဒရစ် မှာပဲ အနားယူသွားမှာပါ။ ဒါပေမယ့် အခုလောလောဆယ်တော့ ချန်ပီယံလိဂ် ဖလား ကိုပဲ လိုချင်နေပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ 

အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ကစားသမားဘဝမှာ ၃ ကြိမ်၊ နည်းပြ ဘဝမှာတော့ ၆ ကြိမ် အထိ တက်ရောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ဗိုလ်လုပွဲ နောက်ဆုံး ၅ ကြိမ်မှာ ချန်ပီယံ ၄ ကြိမ် ဖြစ်ထားတဲ့ ဒီနည်းပြကြီးဟာ အေစီမီလန်နဲ့ ၂ ကြိမ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ၂ ကြိမ် ချန်ပီယံ ဖြစ်ထားတာပါ။ ပြောရမယ် ဆိုရင် အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ လက်ရှိ အအောင်မြင်ဆုံး နည်းပြ ဖြစ်ပြီး အခု တစ်ကြိမ်မှာသာ ချန်ပီယံ ထပ်ဖြစ်ခဲ့မယ် ဆိုရင်တော့ တခြား နည်းပြတွေ အနေနဲ့ သူ့ရဲ့ အောင်မြင်မှုကို လိုက်မှီဖို့ ခဲယဉ်းသွားမှာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင်တော့ နည်းပြ အန်ဆယ်လော့တီဟာ လာမယ့် ဘောလုံး ရာသီ ဒါမှမဟုတ် စာချုပ်သက်တမ်း ကျန်ရှိတဲ့ အချိန်အထိ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်ကလည်း သူတို့ အသင်း အတွက် ကိုင်တွယ်တိုင်းမှာ အောင်မြင်မှုတွေ ရယူပေးတတ်တဲ့ အန်ဆယ်လော့တီကို နည်းပြဘဝ ကနေ အနားမယူခင် အထိ အသင်းမှာ ဆက်ရှိနေစချင်ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်