ဗင်နီစီးယပ်စ်က ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ချီးကျူးလိုက်တဲ့ အာရူဟို၊ လာလီဂါ အဆင့် ၂ နေရာ ကိုပါ ပစ်မှတ်ထားနေပြီ ဖြစ်တဲ့ အက်တလက်တီကို စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၀ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဗင်နီစီးယပ်စ်က ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ချီးကျူးလိုက်တဲ့ အာရူဟို
လာလီဂါ အယ်လ်ကလက်စီကို ပွဲစဉ် မတိုင်ခင်မှာ ဘာစီလိုနာ နောက်ခံလူ ရော်နယ် အာရူဟိုက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဗင်နီစီးယပ်စ် ဂျူနီယာကို ချီးကျူးခဲ့ပါတယ်။ သူတို့ နှစ်ဦးက ကွင်းအတွင်းမှာ မကြာခဏ ထိပ်တိုက် တွေ့နေရသူတွေ ဖြစ်ပြီး တစ်ဦး အကြောင်း တစ်ဦး ကောင်းကောင်း သိထားသူတွေ ဖြစ်ပါတယ်။
အာရူဟိုက “ လက်ရှိအချိန်မှာ သူက ကမ္ဘာ့အကောင်းဆုံး တိုက်စစ် ကစားသမားလို့ ကျနော် ထင်ပါတယ်၊ တစ်ဦးချင်း အနေအထားတွေ မှာလည်း သူက အကောင်းဆုံးပါ၊ သူက အရမ်းကောင်းတဲ့ ကစားသမား ဖြစ်ပြီး မတူညီတာတွေကို လုပ်ပြနိုင်ပါတယ်၊ သူနဲ့ ရင်ဆိုင်ရတာ ခက်ခဲတယ်၊ ဒါပေမယ့် ကျနော်လည်း ဒီလိုပွဲမှာ အကောင်းဆုံး ကစားနိုင်အောင် ကြိုးစားသွားမှာပါ” လို့ ဆိုပါတယ်။
အဲ့ဒီ ပွဲမှာတော့ အာရူဟိုရဲ့ ဘာစီလိုနာက ၂-၁ နဲ့ အနိုင်ရသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ၁၂ မှတ် အထိ ဖြတ်ပြီး လာလီဂါ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။
နိုင်ပွဲတွေ ဆက်ပြီး လာလီဂါ အဆင့် ၂ နေရာ ကိုပါ ပစ်မှတ်ထားနေတဲ့ အက်သလက်တီကို
နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ အက်သလက်တီကို မက်ဒရစ် ကတော့ စပိန် လာလီဂါမှာ ဆက်တိုက် နိုင်ပွဲတွေ ရပြီး အခြေအန ကောင်းနေပါတယ်။ ဘာစီလိုနာကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီး နောက်ပိုင်း အက်သလက်တီကိုဟာ လာလီဂါမှာ ၁၀ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိခဲ့ဘဲ ဒီတစ်ပတ် ပွဲမှာလည်း ဗလင်စီယာကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲနဲ့ အတူ အက်သလက်တီကို မက်ဒရစ်က အဆင့် ၃ နေရာမှာ ဆက်လက် ရှိနေပြီး ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်နဲ့ ၅ မှတ် အကွာ အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။ ဒီနေ့မှာ ရီးရဲလ်က ဘာစီလိုနာနဲ့ ပွဲကြပ် ကစားရမှာ ဖြစ်လို့ အေတီကို အတွက် အဆင့် ၂ နေရာက မျှော်လင့်ချင်စရာ ကောင်းလာခဲ့ပြီလည်း ဖြစ်ပါတယ်။
ဗလင်စီယာနဲ့ ပွဲမှာလည်း အက်သလက်တီကို အတွက် အနိုင်ဂိုးတွေကို အန်တွမ် ဂရစ်ဇ်မန်း၊ ကာရက်စ်ကိုနဲ့ သောမတ်စ် လီမား တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ပြိုင်ဘက်တွေကို ၁ ဂိုးအသာ လောက်နဲ့သာ အနိုင်ရနေတဲ့ အေတီကိုက နောက်ပိုင်း ပွဲတွေမှာ ဂိုးပြတ် နိုင်ပွဲတွေ များလာခဲ့တာ ဖြစ်ပါတယ်။
အိမ်ကွင်းမှာ ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ရွှင်ကြောင်း ပြောလာတဲ့ ရော်နယ်ဒို
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကိုက် ၃၀ အကွာ ကနေ ဖရီးကစ် ကန်ချက်နဲ့ အယ်လ်နာဆာ အတွက် လှပတဲ့ ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဒါဟာ သူ့ အတွက် အယ်လ်နာဆာ အိမ်ကွင်းမှာ သွင်းယူတဲ့ ပထမဆုံး သွင်းဂိုး ဖြစ်ခဲ့ပါတယ်။
အယ်လ်နာဆာက အက်ဘာ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ရော်နယ်ဒိုဟာ အသင်း အတွက် ချေပဂိုး ဖြစ်စေမယ့် ဂိုးကို ဖရီးကစ် ကန်ချက်ကနေ သွင်းယူခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒိုဟာ အသင်း အတွက် အနိုင်ဂိုး ဖြစ်စေမယ့် ပင်နယ်တီကို အသင်းဖော် တယ်လီစကာကို ကန်သွင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ ရော်နယ်ဒို အတွက် အယ်လ်နာဆာကို ပြောင်းရွှေ့လာခဲ့တဲ့ ဇန်နဝါရီလ ကတည်းက မာဆိုလ်ပါ့ခ်မှာ ပထမဆုံး သွင်းယူတဲ့ ဂိုးလည်း ဖြစ်ခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒို အတွက် မတ်လ အတွင်း ဂိုးပေါက် ပျောက်ဆုံးနေတာ ကိုလည်း ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုက “ နိုင်ပွဲ ရယူနိုင်တာ အလွန် ကောင်းမွန်ပြီး ကျွန်တော် တို့ရဲ့ ပရိသတ်တွေနဲ့ ကျွန်တော် တို့ရဲ့ ကွင်းမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက် အလွန် ပျော်ရွှင်တယ်” လို့ ဆိုရှယ် မီဒီယာမှာ ရေးသားခဲ့တာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.