ဒီဇင်ဘာလ ၂၂ ရက်နေ့ အတွက် နောက်ဆုံးရ လာလီဂါ သတင်းတွေကို ဖော်ပြပေးရမယ် ဆိုရင်တော့…
ဂျူရန်နိုဗစ်ကို ချိတ်ဆက်ထားတဲ့ အက်တလက်တီကိုနဲ့ ဘာဆာ
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ ခရိုအေးရှား ညာနောက်ခံလူ ဂျိုဆစ်ပ် ဂျူရန်နိုဗစ် ကိုတော့ လာလီဂါ ထိပ်သီး ကလပ်တွေက စိတ်ဝင်စားနေတယ်လို့ Estadio Deportivo အပါအဝင် စပိန် သတင်းတွေမှာ ဖော်ပြလျက် ရှိပါတယ်။
ဂျူရန် နိုဗစ်ဟာ ခရိုအေးရှားနဲ့ အတူ ကမ္ဘာ့ဖလား တတိယဆု ရရှိခဲ့ပြီး ကာတာမှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်တလော မှာတော့ ဂျူရန်နိုဗစ်ကို ချိတ်ဆက်ထားတဲ့ အသင်းတွေထဲမှာ အက်တလက်တီကို မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ပါဝင်နေတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် ဂျူရန်နိုဗစ်ဟာ ကစားသမား ဘဝ အကောင်းဆုံး အချိန်ကို ရောက်ရှိနေပြီး လာလီဂါ ကလပ်တွေ အနေနဲ့ သူတို့ အားနည်းတဲ့ ခံစစ် ညာအစွန် အတွက် ခရိုအေးရှားသားကို ခေါ်ယူပြီး အင်အား ဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။
ဂျူရန်နိုဗစ်ဟာ စကော့တလန် ကလပ် ဆဲလ်တစ်နဲ့ ၂၀၂၆ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ အတွက် ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့ အတိုင်းအတာ တစ်ခု အထိ ပြောင်းရွှေ့ကြေး ပေးချေရဖွယ်လည်း ရှိနေပါတယ်။ တချို့သတင်းတွေ မှာတော့ ဆဲလ်တစ်က ဂျူရန်နိုဗစ် အတွက် ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချထားတယ်လို့ သိရပါတယ်။ ဒီကစားသမားဟာ ၂၀၂၁ ခုနှစ်က လီဂျီယာ ဝါဆော ကနေ ယူရို ၃ သန်းထဲနဲ့ ဆဲလ်တစ်ကို ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။
ဒီယောင်နဲ့ ပတ်သတ်ပြီး အမှတ်မရှိသေးတဲ့ တန်ဟက်ဂ်
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ကွင်းလယ် ဖန်တီးရှင် ဖရန်ကီ ဒီယောင်ကို စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း 90 Min က ဖော်ပြလာပါတယ်။
တန်ဟက်ဂ်က ဖရန်ကီ ဒီယောင်သာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ဘာဆာ ကနေ ထွက်ခွာ ဖြစ်ခဲ့ရင် အိုးထရက်ဖို့ဒ်ဆီ အရောက် ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ အဓိက, ကတော့ ယူနိုက်တက်ကို ပြန်လည် တည်ဆောက်တဲ့ အချိန်မှာ ဆုဖလား အောင်မြင်တွေ အတွက် ကြိုးစားတဲ့ အချိန်မှာ ဒီယောင်က အထောက်အကူ ဖြစ်လိမ့်မယ်လို့ နယ်သာလန်သား နည်းပြက ယူဆနေတာ ဖြစ်ပါတယ်။
ဒီယောင်နဲ့ တန်ဟက်ဂ်ဟာ အေဂျက်စ်မှာ လက်တွဲဖူးပြီး အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်တို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ကာလ ၃ လ အတွင်း ဒီယောင်ကို အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီး ကောလာဟလတွေလည်း များစွာ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီယောင် ကတော့ ဘာဆာ ဆီကနေ လုပ်ခလစာ ကြွေးကျန် ရဖို့ ရှိနေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ လာလီဂါ ကလပ် မှာပဲ ဆက်နေခဲ့ပါတယ်။
သေချာတာ ကတော့ အကယ်၍ ယူရိုပါလိဂ် ရှုံးထွက်အဆင့်မှာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ တွေ့ဆုံခဲ့ရင် ဖရန်ကီ ဒီယောင်ကို အိုးထရက်ဖို့ဒ်မှာ ကစားနေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အသင်းပြောင်းမယ် ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆန်ခဲ့တဲ့ ဆယ်ဘာလော့စ်
အသက် ၂၆ နှစ် အရွယ် စပိန် ကစားသမားဟာ မကြာခင်မှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်သလို အသင်း ဘက်ကလည်း စာချုပ်သက်တမ်းတိုးမယ့် အလားအလာ မမြင်ရသေးပါဘူး။ ဒါပေမယ့်လည်း ဆယ်ဘာလော့စ် ကတော့ လက်ကျန် ရာသီဝက်မှာ ခြေစွမ်းပြပြီး လာလီဂါ ထိပ်သီး တို့က သူ့ကို စာချုပ် သက်တမ်းတိုးလာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဒီကနေ့ မနက် အစောပိုင်းမှာ La Sevilla Futbolera နာမည်နဲ့ တွစ်တာ အကောင့်ကနေ ဆယ်ဘာလေ့စ်ဟာ အသင်းဟောင်း ရီးရဲလ်ဘက်တစ်ကို ပြန်လည် ပြောင်းရွှေ့ခွင့် ရှိခဲ့ပေမယ့် ငြင်းဆန်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားက သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေနိုင်မယ့် ပရီးမီးယားလိဂ် ကလပ်တွေကိုသာ ဦးစားပေး စဉ်းစားလိုနေကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
ဒီပို့စ်ရဲ့ အောက်မှာတော့ ဆယ်ဘာလော့စ်က အတွေးတွေမှားအောင် လျှောက်မရေးနဲ့လို့ မှတ်ချက်ရေးခဲ့ပြီး မှားယွင်းတဲ့ ကောလာဟလတွေသာ ဖြစ်ကြောင်း ဖြေရှင်းသွားခဲ့ပါတယ်။ တစ်ချက်ရှိတာက ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီဟာ လာမယ့် ရက်သတ္တပတ်က စပြီး ကစားသမားတွေကို အလှည့်ကျ ပွဲထွက်ခွင့်ပေးဖို့ ရည်ရွယ်နေတာကြောင့် နေရာမရ ဖြစ်နေတဲ့ ဆယ်ဘာလော့စ် အတွက်တော့ မဟာ အခွင့်အရေး ဖြစ်လာဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.