နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မိုရာတာ နေရာမှာ အဲလ်ဗာရက်ဇ်နဲ့ အစားထိုးချင်နေတဲ့ အက်တလက်တီကိုမက်ဒရစ် | လာလီဂါ

လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကတော့ မန်စီးတီးနဲ့ အနာဂတ် မသေချာ ဖြစ်နေတဲ့ အာဂျင်တီးနား ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာဖွယ် ရှိနေကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။ 

တိုက်စစ်မှူး အဲလ်ဗားရိုး မိုရာတာကို အေစီမီလန် အသင်းထံ လက်လွတ်ထားရတဲ့ လာလီဂါ ကလပ်ဟာ တိုက်စစ်ပိုင်း အတွက် မဖြစ်မနေ အင်အားဖြည့်တင်းရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးမှာ ပုံမှန် ပွဲထွက်ခွင့်ရချင်နေတဲ့ ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ပိုပြီး အလိုရှိ လာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ အက်တလက်တီကိုမက်ဒရစ်ရဲ့ တိုက်စစ်ပိုင်းမှာ အန်တွမ် ဂရစ်ဇ်မန်း၊ ယာအို ဖီးလစ်၊ အိန်ဂျယ် ကော်ရီယာနဲ့ မမ်းဖစ် ဒီပိုင်းတို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနွေရာသီမှာ ဒီပိုင်းက အလွတ်နဲ့ ထွက်ခွာသွားခဲ့ပြီး မိုရာတာ ကလည်း အေစီမီလန်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့သလို ယာအို ဖီးလစ် ကလည်း ဘာစီလိုနာ အသင်းထံ အပြီးသတ် ပြောင်းရွှေ့ချင်နေပါတယ်။ 

လက်ရှိ လာလီဂါ ကလပ်က အလိုရှိနေတဲ့ တိုက်စစ်မှူးတွေထဲမှာ အဲလ်ဗာရက်ဇ်က ထိပ်ဆုံးမှာ ရှိနေပြီး ပီအက်စ်ဂျီက ပြင်သစ် တိုက်စစ်မှူး ကိုလို မူအာနီ ကိုလည်း စဉ်းစားနေတယ်လို့ သိရပါတယ်။ နည်းပြ ဒီယေဂို ဆီမြွန်နီ ကတော့ သူနဲ့ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ အဲလ်ဗာရက်ဇ်ကို ပိုမို အလိုရှိနေတယ်လို့ သိရပြီး အသင်းဆီ အရခေါ်ယူဖို့လည်း ကြိုးပမ်းနိုင်ပါတယ်။ 

လက်ရှိ လာလီဂါ ကလပ်က အလိုရှိနေတဲ့ တိုက်စစ်မှူးတွေထဲမှာ အဲလ်ဗာရက်ဇ်က ထိပ်ဆုံးမှာ ရှိနေပြီး ပီအက်စ်ဂျီက ပြင်သစ် တိုက်စစ်မှူး ကိုလို မူအာနီ ကိုလည်း စဉ်းစားနေတယ်လို့ သိရပါတယ်။
တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ အားဖြည့်သွားမယ့် အက်တလက်တီကိုမက်ဒရစ်

အသက် ၂၄ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဟူလီယန် အဲလ်ဗာရက်ဇ်ဟာ ၂ဝ၂၂ ခုနှစ်မှာ အာဂျင်တီးနား ကလပ် ရေးဗားပလိတ် ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာပါ။ အဲလ်ဗာရက်ဇ်ဟာ မန်စီးတီး အတွက် နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၁၀၃) ပွဲ အထိ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း အဓိက ပွဲစဉ် အများစု မှာတော့ ဟာလန်း ကသာ အဲလ်ဗာရက်ဇ်ထက် ပိုမို ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို အဲလ်ဗာရက်ဇ် ဘက်က တော်တော်လေး စိတ်ပျက်နေပြီး အသင်း ပြောင်းဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ 

အဲလ်ဗာရက်ဇ်ကို အက်တလက်တီကိုမက်ဒရစ် အပြင် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ တို့ကပါ စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။ အဲလ်ဗာရက်ဇ်ဟာ မန်စီးတီးနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် ဒီရက်ပိုင်း ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဲလ်ဗာရက်ဇ် တစ်ယောက် ပုံမှန် ပွဲထွက်ခွင့်ရမယ့် အသင်း တစ်သင်းကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။

မန်စီးတီး ဘက်ကတော့ သူတိုရဲ့ တိုက်စစ် ကြယ်ပွင့်ကို ရောင်းထုတ်သွားဖို့ ဆန္ဒမရှိသလို အဲလ်ဗာရက်ဇ် အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်တာမျိုးလည်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း ကစားသမားရဲ့ စိတ်ဆန္ဒအရ ကိုပါအမေရိကဖလား ပြိုင်င်ပွဲ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် မန်စီးတီး ဘက်က မကြာခင်မှာပဲ ဆွေးနွေးမှုတွေ လုပ်ဆောင်ပေးသွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။

အဲလ်ဗာရက်ဇ်ဟာ အရည်အသွေးမြင့် တိုက်စစ် ကစားသမားတစ်ဦး ဖြစ်သလို မန်စီးတီးမှာလည်း (၂) ရာသီ အတွင်း ပွဲပေါင်း (၁၀၀) ကျော် ကစားခဲ့ရင်း (၃၆) ဂိုးသွင်း (၁၈) ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ အာဂျင်တီးနား အသင်းနဲ့ အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ပွဲစဉ် တော်တော်များများ ပါဝင် ကစားခွင့်ရရှိခဲ့သလို သွင်းဂိုး ၂ ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲလ်ဗာရက်ဇ်က နိုင်ငံအသင်းနဲ့ အတူ ကိုပါအမေရိကဖလား ၂ ကြိမ်နဲ့ ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိထားသလို အဓိက ပြိုင်ပွဲကြီး ၃ ခုဆက် ချန်ပီယံ ဖြစ်ထားသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်