နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆာဂျီ ရောဘတ်တိုကို စာချုပ်သက်တမ်း တိုးလိုက်တဲ့ ဘာဆာ၊ ဗင်နီဆီးယပ်စ်ကို ဝေဖန်လိုက်တဲ့ ဒီယေဂို ဆီမြွန်နီ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဆာဂျီ ရောဘတ်တိုကို စာချုပ်သက်တမ်း တိုးလိုက်တဲ့ ဘာဆာ၊ ဗင်နီဆီးယပ်စ်ကို ဝေဖန်လိုက်တဲ့ ဒီယေဂို ဆီမြွန်နီစတဲ့ သတင်းတွေ အပါအဝင် မတ် ၄ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆာဂျီ ရောဘတ်တိုကို စာချုပ် သက်တမ်းတိုးလိုက်တဲ့ ဘာကာ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ အသင်းရဲ့ ဝါရင့်ကစားသမား တစ်ဦး ဖြစ်တဲ့ ဆာဂျီ ရောဘတ်တိုကို ၂၀၂၄ အထိ စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပါပြီ။ စာချုပ် မှာတော့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၄၀၀ သတ်မှတ်ခဲ့ပြီး အသင်းမှာ အနစ်နာခံ၊ ပေးဆပ် ကစားခဲ့တဲ့ သူလို့လည်း ချီးကျူးခဲ့ပါတယ်။ 

ရောဘတ်တိုဟာ ဘာစီလိုနာမှာ ၁၇ နှစ်ကြာ ရှိနေခဲ့သူ ဖြစ်ပြီး ၂၀၁၀ မှာ စတင် ပွဲထွက်ခွင့် ရခဲ့တဲ့သူ ဖြစ်ပါတယ်။ အသက် ၃၁ နှစ် အရွယ် ညာနောက်ခံ ကစားသမားဟာ လိုအပ်လာရင် ညာခြမ်း ကွင်းလယ်၊ ညာတောင်ပံနေရာတွေ အထိပါ အသင်း အတွက် ကစားပေးခဲ့ပြီး အသင်းခေါင်းဆောင်တွေ ထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ 

ဘာကာနဲ့ အတူ သူက ချန်ပီယံလိဂ်ဖလား ၂ လုံး ဆွတ်ခူးနိုင်ခဲ့ကာ အောင်မြင်မှု ရယူနိုင်ခဲ့ပါတယ်။ စပိန်ကစားသမားဟာ လက်ရှိ မှာလည်း အသင်း အတွက် အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ဆက်လက် ရှိနေပြီး နည်းပြ ဇာဗီရဲ့ သဘောကျမှုကို ရရှိနေသူလည်း ဖြစ်ပါတယ်။ 


ဗင်နီဆီးယပ်စ်ကို ဝေဖန်လိုက်တဲ့ ဆီမြွန်နီ

အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ဆီဗီလာနဲ့ ကစားရမယ့် ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လာလီဂါ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံကစားသမား ဗင်နီဆီးယပ်စ် ဂျူနီယာကို ဝေဖန်သွားခဲ့ပါတယ်။ ဗင်နီဆီးယပ်စ်ဟာ အဆိုပါပွဲမှာ ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ဆီဗီလာနဲ့ ကစားရမယ့် ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လာလီဂါ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံကစားသမား ဗင်နီဆီးယပ်စ် ဂျူနီယာကို ဝေဖန်သွားခဲ့ပါတယ်။
ဗင်နီဆီးယပ်စ်ရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး ဝေဖန်လိုက်တဲ့ ဒီယေဂို ဆီမြွန်နီ

ဒီအပြုအမူနဲ့ ပတ်သက်ပြီး ဆီမြွန်နီက “ ကျနော်တို့ မြင်တွေ့ခဲ့ရတာက အတူတူပါပဲ၊ ဒါကို လက်ခံနိုင်ဖို့က ခက်ခဲပါတယ်၊ ဒိုင်လူကြီးတွေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှု အပေါ်မှာ အမြဲတမ်း အကောင်းဆုံး နည်းလမ်းနဲ့ နားလည်နိုင်ပုံ အပေါ်မှာ မူတည်ပါတယ်၊ ဒါမှ အားလုံးက တန်းတူ ဖြစ်မှာပါ” လို့ ပြောဆိုသွားခဲ့တာပါ။ 

ဗင်နီဆီးယပ်စ်ဟာ ဘာဆာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်နဲ့ ဘောလုံး ယှဉ်လုရင်း ဆွဲလှဲသလို ဖြစ်ခဲ့တာပါ။ ဒီအတွက် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော သတ်မှတ်ပေးတာကို မကျေနပ်နိုင်ဘဲ ဒေါသတကြီးနဲ့ ရန်မူကာ စောဒက တက်ခဲ့ပြီး ဆီမြွန်နီ အပြင် ပရိသတ်တွေ ကပါ သူ့လုပ်ရပ်ကို ပြစ်တင်ခဲ့ကြပါတယ်။ 


အန်ဆယ်လော့တီရဲ့ နည်းစနစ်တွေကို မကျေမနပ် ဖြစ်နေတဲ့ ရီးရဲလ် ဘုတ်အဖွဲ့

စပိန် ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာကို ရီးရဲလ်မက်ဒရစ်တို့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းဘုတ်အဖွဲ့ဟာ နည်းပြကာလို အန်ဆယ်လော့တီရဲ့ နည်းစနစ်တွေကို မကျေမနပ် ဖြစ်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ရီးရဲလ်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘဲ အိမ်ကွင်းမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့တာပါ။ 

ဒါကြောင့် ဒုတိယအကျော့မှာ ရုန်းကန်ရတော့မှာ ဖြစ်ပြီး ရီးရဲလ် ဘုတ်အဖွဲ့ ကတော့ ဒီလိုပွဲမျိုးမှာ အန်ဆယ်လော့တီ အသုံးပြုခဲ့တဲ့ နည်းစနစ်တွေကြောင့် မပျော်မရွှင် ဖြစ်နေရတယ်လို့ ဆိုပါတယ်။ အန်ဆယ်လော့တီမှာ Plan B မရှိဘူး လို့လည်း ဝေဖန်ခဲ့ကြကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။ 

ဘာစီလိုနာမှာ လီဝမ်ဒေါစကီးနဲ့ ပီဒရီ တို့လို အားထားရတဲ့သူတွေ မပါဝင်ခဲ့တာတောင်မှ ရီးရဲလ်က အခွင့်ကောင်း မယူနိုင်ခဲ့တာပါ။ မဟာပြိုင်ဘက်ကြီးကို အရေးနိမ့်ခဲ့တာ ဖြစ်သလို စပိန်စူပါဖလား ရှုံးကြွေးလည်း ပြန်မဆပ်နိုင်သေးတာကြောင့် ဘုတ်အဖွဲ့ ဒေါသက အန်ဆယ်လော့တီ အပေါ် ကျရောက်ခဲ့ပုံရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်