အမှတ်ပေးဖလား အတွက် နီးစပ်သထက် နီးစပ်လာတဲ့ ဘာစီလိုနာ၊ ဘာစီလိုနာက ချန်ပီယံ ဖြစ်သွားပြီလို့ ပြောဆိုလိုက်တဲ့ ဆီမြွန်နီ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၅ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အမှတ်ပေးဖလား အတွက် အနီးစပ်ဆုံး ဖြစ်လာတဲ့ ဘာစီလိုနာ
မနေ့ညက ကစားခဲ့တဲ့ စပိန် လာလီဂါ ပွဲမှာ ဘာစီလိုနာတို့ ဖာရန်း တောရက်စ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ရပြီး ဆုဖလား ရယူနိုင်ဖို့ အနီးစပ်ဆုံး ဖြစ်သွားခဲ့ပါပြီ။ လက်ကျန် ၈ ပွဲသာ လိုတော့ချိန်မှာ ဘာစီလိုနာက ဒုတိယ နေရာက ရီးရဲလ်မက်ဒရစ်ကို ၁၃ မှတ် အထိ ဖြတ်တောက်ထားပြီး ဖြစ်ပါတယ်။
ဒါကြောင့် လက်ကျန်ပွဲတွေ ထဲက နောက်ထပ် ၄ ပွဲကို အနိုင်ရတာနဲ့ ဘာစီလိုနာတို့ လာလီဂါ ချန်ပီယံ ဖြစ်လာတော့မှာပါ။ ဘာဆာ ဟာ တရာသီလုံးမှာလည်း ပေးဂိုး ၉ ဂိုးတည်းသာ ခွင့်ပြုထားရပြီး ခံစစ်ပိုင်း တောင့်တင်းမှုက သူတို့ကို လိဂ်မှာ စောစောစီးစီးပဲ ဆုဖလား ဆွတ်ခူးစေဖို့ အရေးပါနေခဲ့ပါတယ်။
နည်းပြ ဇာဗီ ကတော့ အသင်း ဂိုးသမား တာစတီဂန်ကို ကမ္ဘ့ာအဆင့် ဂိုးသမားလို့ ချီးကျူးခဲ့ပါတယ်။ ညကပွဲ မှာလည်း သူက အပိုင်အခွင့်အရေး တချို့ကို လက်စွမ်းပြ ကာကွယ်ပြခဲ့ပြီး နောက်ထပ် ပေးဂိုး မရှိပွဲကို ထပ်မံ ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ ကတော့ ဒီရာသီမှာ စပိန် စူပါဖလားကို ဆွတ်ခူးထားပြီး ဖြစ်ပါတယ်။
ဘာစီလိုနာက ချန်ပီယံ ဖြစ်သွားပြီလို့ ပြောဆိုလိုက်တဲ့ ဆီမြွန်နီ
အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက မနေ့ညက ဘာစီလိုနာကို အရေးနိမ့်ခဲ့ပြီးနောက် လာလီဂါ အမှတ်ပေးဖလားကို ဘာဆာတို့ ရရှိသွားပြီလို့ ပြောဆိုလိုက်ပါတယ်။ လက်ကျန် ၈ ပွဲ ကျန်နေသေးပေမယ့် ဘာဆာက ပြိုင်ဘက်ကို ၁၃ မှတ် အထိ ဖြတ်တောက်ထားတာလည်း ဖြစ်ပါတယ်။
“ ကျနော်တို့ ညကပွဲမှာ ဂိုးရအောင် မလုပ်နိုင်ခဲ့ပါဘူး၊ ဂရစ်ဇ်မန်း ကလည်း အခွင့်အရေး တစ်ကြိမ် လက်လွှတ်ခဲ့ရပြီး ဖာရန်း တောရက်စ်က ဂိုးသွင်းသွားခဲ့ပါတယ်၊ ဒီလို အခြေအနေမျိုးမှာ တောင့်တင်း ခိုင်မာမှုက ချန်ပီယံ ဖြစ်စေပါတယ်၊ ပြိုင်ဘက်ရဲ့ ပင်နယ်တီ ဧရိယာထဲမှာပဲ ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး ရှိတာပါ၊ ဘာစီလိုနာက အဲဒါကို လုပ်ပြခဲ့ပါတယ်” လို့ ဆီမြွန်နီက ပြောဆိုသွားခဲ့ပါတယ်။
အက်သလက်တီကိုမက်ဒရစ် ကတော့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် နေရာ အတွက်တော့ သေချာနေဆဲ ဖြစ်ပါတယ်။ ဒုတိယနေရာကို မျှော်လင့်နိုင်ပေမယ့်လည်း အခုလိုမျိုး အရေးနိမ့်ခဲ့တာကြောင့် အမှတ်ကွာဟချက်က ပြန်လည် များပြားသွားလို့ မြို့ခံ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်ဖို့က အားထုတ်ရဦးမှာပါ။
အသက် ၁၅ နှစ်အရွယ်နဲ့ ဘာကာအသင်းကြီးလူစာရင်းထဲ ပါဝင်ခွင့်ရခဲ့တဲ့ ယာမယ်
ဘာစီလိုနာ လူငယ်ကြယ်ပွင့် လာမင်း ယာမယ်ဟာ တနင်္ဂနွေနေ့မှာ အက်သလက်တီကို မက်ဒရစ်နဲ့ ကစားရမယ့် ပွဲစဉ် အတွက် ပထမအသင်း လူစာရင်းထဲကို ခေါ်ယူခြင်း ခံခဲ့ရပြီးနောက် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မနေ့ညကပွဲမှာ သူပါဝင်ခွင့် မရခဲ့ပေမယ့် အသင်းကြီးနဲ့ အတူ ပူးတွဲ လေ့ကျင့်ခွင့်၊ လာလီဂါ ပွဲစဉ် တပွဲကို အနီးကပ် ကြည့်ရှုခွင့်တွေ ရခဲ့ပါတယ်။
ဘာစီလိုနာဟာ လူငယ် ပါရမီရှင်တွေကို အမွေးထုတ်နိုင်ဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်ပြီး ၎င်းတို့ရဲ့ အတောက်ပဆုံး ကြယ်ပွင့်တွေ ထဲက တစ်ဦး ဖြစ်တဲ့ ယာမယ်ဟာ အသက် ၁၅ နှစ်နဲ့ ၂၈၃ ရက်သာ ရှိသေးတာ ဖြစ်ပါတယ်။ အရည်အချင်း ပြည့်ဝတဲ့ တောင်ပံကစားသမားဟာ အလွန်ကောင်းမွန်တဲ့ ဘယ်ခြေကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ယာမယ်ဟာ စပိန်လူငယ်လက်ရွေးစင် ကစားသမား ဖြစ်သလို ဂျူဗင်နေးလ် အေ၊ ဘာစီလိုနာ ယူ-၁၉ အသင်းတွေ အတွက် ကစားပေးထားပြီး ဖြစ်ပါတယ်။
တကယ်လို့ ယာမယ်သာ ကွင်းထဲကို ဝင်ကစားခဲ့မယ် ဆိုရင် လာလီဂါမှာ ဘာစီလိုနာ အသင်း အတွက် ကစားပေးတဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်မယ့် အခွင့်အရေး ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ အသက်အငယ်ဆုံး စံချိန်ဟာ ၁၉၂၂ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာ အသက် ၁၅ နှစ်၊ ၁၁ လအရွယ်နဲ့ စပို့တင်း ဂီဂျွန် အသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲမှာ ပါဝင် ကစားပေးခဲ့တာ အာမန် မာတီနက်ဇ် ဆာဂီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.