နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အယ်လ်နာဆာကို ပြောင်းရွှေ့တော့မယ့် ဘာစီလိုနာ ကြယ်ပွင့် (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အယ်လ်နာဆာကို ပြောင်းရွှေ့တော့မယ့် ဘာစီလိုနာ ကြယ်ပွင့်

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ကစားသမားတွေ ရောင်းချဖို့ လုပ်ဆောင်နေခဲ့ပြီး ဒမ်ဘီလီဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့တော့မှာ ဖြစ်သလို ဖရန့်ခ် ကက်ဆီ ကလည်း အသင်းကနေ ထွက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ကလီးမန့် လန်းဂ်လက် ကလည်း ဒမ်ဘီလီနဲ့ ကက်ဆီ တို့ထက်တောင် ဘာစီလိုနာကို အရင် စွန့်ခွာနိုင်ပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ပြင်သစ် နောက်ခံလူဟာ အယ်လ်နာဆာ အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဘာစီလိုနာဟာ လန်ဂ်လက်ကို ရောင်းချဖို့ အတွက် တစ်နွေရာသီလုံး လုပ်ဆောင်နေတာ ဖြစ်ပြီး ယူအက်စ်အေ ရာသီကြိုခရီးစဉ်မှာ ပါဝင်ခဲ့ပေမယ့်လည်း ရာသီသစ် အတွက် ဇာဗီရဲ့ အစီအစဉ်ထဲမှာ မပါဝင်တော့တာ ဖြစ်ပါတယ်။

လာလီဂါ ကလပ်ဟာ လန်းဂ်လက် အတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ရဖို့ မမျှော်လင့်ထားပေမယ့်လည်း ၎င်းရဲ့ လစာကို မပေးချေရတော့ရင် တော်ပြီလို့ သဘောထားထားတာ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကြယ်ပွင့် အော်ရယ်လီယန် ချူအာမန်နီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ SPORT က ဖော်ပြခဲ့ပါတယ်။

လာလီဂါ
ဘာစီလိုနာ
ကာဒီးဇ်
1X2 ဘာစီလိုနာ 1.24
ဘာစီလိုနာ အာရှ ဟန်းဒီးကပ် -1.75 @1.99
ဂိုးပေါ် 3.00 @ 2.01
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြီးခဲ့တဲ့နှစ် နွေရာသီကမှ ချူဝါမန်နီကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိ မှာတော့ ပြင်သစ် ကွင်းလယ် ကစားသမား အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်တဲ့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ဒီအပြောင်းအလဲဟာ ရီးရဲလ်မက်ဒရစ် အသင်းက ကာရင် ဘန်ဇီမား အတွက် အစားထိုး ခေါ်ယူမှု သို့မဟုတ် ကိုင်လီယန် အမ်ဘာပေလိုမျိုး အဓိကကစားသမား ခေါ်ယူမှု အတွက် လူစာရင်းထဲမှာ နေရာလွတ် ကြိုပြင်တာကြောင့် ဖြစ်နိုင်ပြီး ပီအက်စ်ဂျီ ကြယ်ပွင့်ကို ခေါ်ယူဖို့က အလွန် နီးစပ်နေတာကြောင့် ဘဏ္ဍာရေး တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ဖို့ ရှိတဲ့ ကစားသမားတွေကို ထုတ်ရောင်းဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။


စျေးကွက် နောက်ဆုံး ကာလမှာ အခြေအနေတွေ ရှုပ်ထွေးနေတယ် ဆိုတဲ့ ဆီမြွန်နီ

အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံး ရက်သတ္တပတ်တွေ မတိုင်ခင် မရေရာ မသေချာမှုတွေကြောင့် ရှုပ်ထွေးနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဘယ်ကစားသမားတွေ ကျန်ခဲ့မလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ၎င်းရဲ့ အသင်းအတွက် အစီအစဉ်တွေ အများအပြား ရှိနေတာ ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်ဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလ ပထမဆုံးအပတ်မှာပဲ နောက်ခံကစားသမား ၄ ဦးအထိ ခေါ်ယူပြီး အလုပ်တွေ စောစောလုပ်ခဲ့ပေမယ့်လည်း ကစားသမားထွက်ခွာမှုတွေအပေါ်မှာ မူတည်ပြီး အစီအစဉ်တွေက ပြောင်းလဲသွားဖွယ်ရှိနေတာဖြစ်ပါတယ်။ ဆီမြွန်နီက လူစာရင်းနဲ့ပတ်သက်ပြီး ပျော်ရွှင်နေပမယ့်လည်း စျေးကွက်မပိတ်မချင်း စိတ်ကျေနပ်နိုင်မှာမဟုတ်ဘူးလို့ Diario AS ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့က နည်းပြတွေအဖြစ်နဲ့ ရှုပ်ထွေးတဲ့ နေရာမှာ ရှိနေတာပါ။ အသင်းတွေ၊ ကိုယ်စားလှယ်တွေ၊ ကစားသမားတွေမှာ သူတို့ရဲ့ လိုအပ်ချက် ရှိပါတယ်။ နည်းပြ တစ်ယောက် အနေနဲ့ ကျွန်တော်တို့ အခုရှိနေတဲ့ အခိုက်အတန့်ကို တန်ဖိုးထားတယ်။ ကျွန်တော် တို့မှာ ဟန်ချက်ညီတဲ့ အသင်း ရှိနေပြီး တစ်နေရာချင်းစီ အတွက် ကစားသမားကောင်းတွေ ရှိနေတယ်။ ဒါပေမယ့် စိတ်ကူးထားတာနဲ့ လိုက်လျောညီထွေ ဖြစ်ရမယ့် လိုအပ်ချက်တွေ ရှိပါတယ်။ ကျွန်တော်တို့ အမြဲတမ်း လုပ်ခဲ့သလိုပဲ အသားကျအောင် လုပ်သွားမှာပါ။ ခင်ဗျား ပလန်အေ၊ ပလန် ဘီအကြောင်းစဉ်းစားရင်း ၃၁ ရက်နေ့အထိ စောင့်ဆိုင်းနေတယ်။ ဘောလုံးသမား တစ်ယောက် အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှုက ဝင်လာတယ်။ အဲဒါက အသင်းအတွက် ကောင်းပါတယ်။ ခင်ဗျား အဲဒီလိုပဲ ကြုံရမှာပဲ။ တစ်ခါတလေ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အခင်းအကျင်းတွေက အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်