နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လီဝမ်ဒေါစကီး နေရာမှာ အိဆက်ခ်နဲ့ အစားထိုးချင်နေတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ အစောပိုင်း ကာလတွေမှာ ကတည်းက အသင်းရဲ့ တိုက်စစ်ပိုင်းကို ရေရှည်အတွက် အစားထိုးဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ ပိုလန် ၀ါရင့် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် နယူးကာဆယ် ယူနိုက်တက် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

ရောဘတ် လီဝမ်ဒေါစကီး ကတော့ လာလီဂါ ကလပ် ဘာစီလိုနာကို ရောက်ရှိချိန် ကတည်းက ခြေစွမ်းပြ ဂိုးတွေ သွင်းယူထားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ဒီရာသီမှာ ခြေစွမ်းပြပြီး ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၂၂ ဂိုး အထိ သွင်းယူပေးထားပါတယ်။ လီဝမ်ဒေါစကီးဟာ ဘာစီလိုနာနဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ် သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ စာချုပ်ထဲ မှာတော့ တစ်နှစ် ထပ်ပြီး သက်တမ်းတိုးခွင့်လည်း ပါရှိကြောင်း သိရပါတယ်။ လက်ရှိမှာ လီဝမ်ဒေါစကီး အနေနဲ့ အသင်းမှာ ဆက်နေဖို့ အသင့် ရှိနေကြောင်း အသင်း ဘက်ကို အကြောင်းကြားထားတယ်လို့ သိရသည်။

အသက် ၃၆ နှစ် အရွယ် ရှိနေတဲ့ လီဝမ်ဒေါစကီး ကတော့ နောက်ပိုင်း ရာသီတွေမှာ ဘာစီလိုနာ အတွက် ခြေစွမ်းပြကစားနေသူ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးဟာ ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ ဘာစီလိုနာရဲ့ အဓိက တိုက်စစ် ကစားသမား အဖြစ် ရှိပြီး ဒီရာသီ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၂၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။

ဒါပေမယ့်လည်း လာလီဂါ ကလပ် ဘက်ကတော့ လီဝမ်ဒေါစကီးရဲ့ အသက်အရွယ်ကြောင့် သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အသက် ၂၅ နှစ် အရွယ် အိဆက်ခ်ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်နေတာလည်း ဖြစ်ပါတယ်။
လီဝမ်ဒေါစကီးရဲ့ အသက် အရွယ်ကြောင့် တိုက်စစ်မှူးသစ် ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ

ဒါပေမယ့်လည်း လာလီဂါ ကလပ် ဘက်ကတော့ လီဝမ်ဒေါစကီးရဲ့ အသက်အရွယ်ကြောင့် သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အသက် ၂၅ နှစ် အရွယ် အိဆက်ခ်ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်နေတာလည်း ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို လုံးဝ ရောင်းချလိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် နယူးကာဆယ် အတွက် ပရီးမီးယားလိဂ် ဘဏ္ဍာရေး စည်းမျဉ်းက ပြဿနာ ဖြစ်လာနိုင်ဖို့ ရှိပြီး မဖြစ်မနေ ရောင်းချရဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာက ဒီအချက်ကို အကောင်းဆုံး အသုံးချပြီးတော့ လာမယ့် ၂၀၂၅ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အိဆက်ခ်ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အကယ်၍ အိဆက်ခ် ကိုသာ မခေါ်ယူနိုင်ခဲ့ရင်တော့ ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ စီစဉ်နေတယ် လို့လည်း သိရပါတယ်။ 

လက်ရှိမှာတော့ ယိုကီးယက်စ်ကို အဲလ်နာဆာ ကလည်း ဥရောပ ထိပ်တန်း ကလပ်တွေနဲ့ အပြိုင် ကမ်းလှမ်းဖို့ စီစဉ်လာခဲ့ပြီး လာမယ့် နွေရာသီ အတွက် အဓိက ပစ်မှတ် တိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ထားကြောင်း ပေါ်တူဂီ မီဒီယာ အချို့က ဖော်ပြနေကြပြီ ဖြစ်ပါတယ်။ ယိုကီးရက်စ်ဟာ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုသန်း ၁၀၀ တန် လျော်ကြေး စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဥရောပ ထိပ်တန်း ကလပ်တွေ အနေနဲ့ အဆိုပါ ငွေကြေး ပမာဏကို ပေးချေဖို့ အဆင်သင့် ရှိနေကြတယ်လို့လည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်