နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိုသာ မားသီးယက်စ်နဲ့ နှိုင်းယှဉ် ချီးကျူးခံလိုက်ရတဲ့ ဘယ်လင်ဟမ် | လာလီဂါ

နာမည်ကျော် နည်းပြဟောင်းကြီး ဖေဘီယို ကာပယ်လို ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်ကို လိုသာ မားသီးယက်စ်နဲ့ နှိုင်းယှဉ် ချီးကျူးသွားခဲ့ပါတယ်။ 

ကာပယ်လိုဟာ ဝင်ဘလေမှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်မှာ ဘယ်လင်ဟမ်ကို ဂျာမနီ ဂန္တဝင် လိုသာ မားသီးယပ်စ်နဲ့ နှိုင်းယှဉ်ခဲ့တာ ဖြစ်ပြီး ဂိုးရှေ့မှာဆိုရင် အင်္ဂလန် ကြယ်ပွင့် ကတောင် ပိုကောင်းတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်က ဘာနေဗျူးကို ရောက်ရှိလာပြီးနောက် သူ့ရဲ့ ပထမဆုံး ရာသီမှာတင် ၂၂ ဂိုးသွင်းပြီး လာလီဂါ ချန်ပီယံဆုကို ရယူထားနိုင်ပါတယ်။ စနေနေ့မှာတော့ သူ့ရဲ့ အသင်းဟောင်း ဒေါ့မန်နဲ့ ချန်ပီယံလိဂ် ကစားရတော့မှာ ဖြစ်ပြီး အကယ်၍သာ ချန်ပီယံ ဖြစ်ခဲ့ရင်တော့ သူ့ အတွက် ပထမဦးဆုံး ဥရောပ အောင်မြင်မှုလည်း ဖြစ်လာမှာပါ။ 

“ပုံမှန်အားဖြင့်တော့ အင်္ဂလိပ် ကစားသမားတွေဟာ ပြည်ပကို ထွက်ကစားချိန်မှာ လာလီဂါ သို့မဟုတ် စီးရီးအေမှာ ကစားချိန်ဆို ခြေစွမ်းမပြနိုင်ကြပါဘူး။ ဘယ်လင်ဟမ် ကတော့ ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပါတယ်။ Laureus Sport for Goodရဲ့ သံတမန် ဖြစ်တဲ့ ကာပယ်လိုက ပြောပါတယ်။

ကာပယ်လိုက ဘယ်လင်ဟမ် အနေနဲ့ ဂျာမနီမှာ ကစားပြီးမှ ပြောင်းရွှေ့လာတာကြောင့် အခုလို ခြေစွမ်းပြနိုင်တာ ဖြစ်ကြောင့် ဥရောပရဲ့ သဘောတရားကို နားလည် ပြီးသားကြောင့် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ကာပယ်လိုက “ဘယ်လင်ဟမ်က အနိုင်ရလိုစိတ်ပြင်းပြပြီး မက်ဒရစ် ပရိသတ်တွေရဲ့ ချစ်ခင်မှုလည်း ခံရသူပါ။ ဒါကိုလည်း သူတကယ် သဘောကျနေပုံပါပဲ။ သူက တကယ်ကို တခြား ကမ္ဘာက လာတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့မှာ အရည်အသွေးတွေ ရှိသလို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြံ့ခိုင်မှုလည်း ရှိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘယ်လင်ဟမ် နှိုင်းယှဉ်ခံရတဲ့ မားသီးယပ်စ် လိုသာ ကတော့ ၁၉၉၀ ခုနှစ်မှာ အနောက် ဂျာမနီ အသင်းအား ကမ္ဘာ့ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ဘယ်လွန်ဒေါလည်း ရရှိခဲ့သူပါ။ မားသီးယပ်စ်ဟာ ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နှစ်ကြိမ် တက်လှမ်းခဲ့ပေမယ့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် အင်တာမီလန်နဲ့ စီးရီးအေ၊ UEFA ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကာပယ်လိုက ဘယ်လင်ဟမ်ဟာ မားသီးယပ်စ် ထက် တိုက်စစ်မှာ ကစားတဲ့ အချိန် ပိုပြီး ထိထိရောက်ရောက် စွမ်းဆောင်နိုင်ကြောင်း အင်္ဂလန် နည်းပြ ဂါရတ်သ် ဆောက်ဂိတ်ကို အကြံပေးခဲ့ပါတယ်။ ကာပယ်လိုက “ဘယ်လင်ဟမ်ရဲ့ ကစားတဲ့ ပုံက ရောစပ်နေပါတယ်။ ဒါကြောင့် သူ့ကို တခြားကစားသမားတွေနဲ့ နှိုင်းယှဉ်ဖို့ ခက်ခဲပါတယ်။ ဟိုးအရင်တုန်းက လိုသာ မားသီးယပ်စ်ကို တွေးမိတယ်။ အနည်းနဲ့ အများလည်း သဘောကျခဲ့ပါတယ်။ သူက ပင်နယ်တီ ဧရိယာ အနားမှာ ကောင်း ပေမယ့် ပင်နယ်တီ ဧရိယာ အတွင်း မှာတော့ သိပ်ကောင်းကောင်း မစွမ်းဆောင်နိုင်ခဲ့ပါဘူး။”

“ဒါက ဘယ်လင်ဟမ်နဲ့ ကွာခြားချက်ပါ။ သူက ဂိုးရှေ့ကို ချက်ချင်း ရောက်အောင် သွားနိုင်ပြီး ကွင်းလယ်မှာရော ပင်နယ်တီ ဧရိယာထဲမှာပါ ကောင်းကောင်း ကစားနိုင်ပါတယ်။ ဒါကလည်း သူကစားရမယ့် ပုံစံလို့ ကျွန်တော် ထင်ပါတယ်။ ဒုတိယ တိုက်စစ်မှူး အနေနဲ့ပေါ့။ သူက ခံစစ်ကို ထိုးဖောက် ဝင်ရောက်နိုင်တဲ့ စွမ်းရည်ရှိတာကြောင့် ပြိုင်ဘက် နောက်တန်းကို အများကြီး ဒုက္ခပေးနိုင်ပါတယ်။ သူ့ အနေနဲ့ မှန်ကန်တဲ့ နေရာလွတ်တွေ ရှာဖွေရမှာ ဖြစ်ပြီး သူက အသင်းကို ကူညီပေးနိုင်သူ တစ်ယောက်ပါ။ ကျွန်တော်သာ နည်းပြ တစ်ယောက် အနေနဲ့ဆိုရင် သူ့ကို အဲ့ဒီလိုပဲ အသုံးချပါမယ်။” လို့ ပြောကြားသွားခဲပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်