နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရွှေဖိနပ်ဆု အတွက် အပြိုင်အဆိုင် ဖြစ်လာတဲ့ ဘန်ဇီမာနဲ့ လီဝမ်ဒေါစကီး၊ ဘာစီလိုနာ အသင်း သမိုင်းမှာ အသက် အငယ်ဆုံး ကစားခွင့်ရသူ ဖြစ်လာတဲ့ လာမိုင်ယာမယ်လ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ရွှေဖိနပ်ဆု အတွက် အပြိုင်အဆိုင် ဖြစ်လာတဲ့ ဘန်ဇီမာနဲ့ လီဝမ်ဒေါစကီး၊ ဘာစီလိုနာ အသင်း သမိုင်းမှာ အသက် အငယ်ဆုံး ကစားခွင့်ရသူ ဖြစ်လာတဲ့ လာမိုင်ယာမယ်လ် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၃၀ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လာလီဂါ ရွှေဖိနပ်ဆု အတွက် အပြိုင်အဆိုင် ဖြစ်လာတဲ့ ဘန်ဇီမာနဲ့ လီဝမ်ဒေါစကီး

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာ ကတော့ အယ်လ်မီရီယာနဲ့ ပွဲမှာ ဟက်ထရစ် သွင်းယူခဲ့ပြီး လာလီဂါ ရွှေဖိနပ်ဆု အတွက် ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို အမီလိုက်နေပါပြီ။ လီဝမ်ဒေါစကီး ကလည်း ဘက်တစ်နဲ့ ပွဲမှာ ၁ ဂိုး သွင်းယူနိုင်ခဲ့လို့ လက်ရှိမှာ ဘန်ဇီမာထက် ၂ ဂိုး အသာ ရရှိထားကာ သူတို့ နှစ်ဦးရဲ့ ရွှေဖိနပ်ဆု တိုက်ပွဲက အကြိတ်အနယ် ဖြစ်လာခဲ့ပါပြီ။ 

ဒီရာသီမှာ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တဲ့ လီဝမ်ဒေါစကီးက ၁၉ ဂိုး သွင်းယူထားကာ ဘန်ဇီမာက ၁၇ ဂိုး ရရှိထားပြီး ဖြစ်ပါတယ်။ ဘန်ဇီမာနဲ့ ဘယ်သူ ပိုကောင်းလဲ ဆိုတာကို သိချင်လို့ ဘာကာကို ပြောင်းရွှေ့ခဲ့တာ ဆိုတဲ့ ပိုလန် တိုက်စစ်မှူးက နှာတဖျား အသာရနေပေမယ့် သူတို့ကြား သွင်းဂိုး ကွာဟချက်က အချိန်မရွေး လိုက်မီနိုင်တဲ့ အနေအထား ရှိလို့ ရာသီကုန် အထိ စောင့်ကြည့်ရတော့မှာပါ။ 

ဘန်ဇီမာ ကတော့ ညက ဟက်ထရစ်ကြောင့် လာလီဂါမှာ စတုတ္ထမြောက် ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဧပြီလ အတွင်း မှာပဲ သူက ဗယ်လာဒိုလစ်၊ ဘာစီလိုနာ၊ အယ်လ်မီရီယာ တို့ကို ဟက်ထရစ်တွေ သွင်းယူနိုင်ခဲ့ကာ ခြေစွမ်းပြခဲ့ပြီး ရာသီကုန်ခါနီးမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို မြင်တွေ့နေရပါတယ်။ 


နှစ်ရာသီ ဆက်တိုက် သွင်းဂိုး ၂၀ နဲ့ ဖန်တီးမှု အကြိမ် ၂၀ ရခဲ့တဲ့ ဗင်နီးစီးယက်စ်

အယ်လ်မီရီယာနဲ့ ပွဲမှာ ဘန်ဇီမာ အတွက် သွင်းဂိုး တဂိုး ရအောင် ဖန်တီးပေးခဲ့ပြီးနောက် ဒီရာသီမှာ ဗင်နီးစီးယက်စ်က ပြိုင်ပွဲစုံသွင်းဂိုး ၂၀ နဲ့ ဖန်တီးမှု ၂၀ ကြိမ် အထိ ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက သူ စွမ်းဆောင်ပေးခဲ့မှုနဲ့ တူညီတဲ့ ပမာဏ ဖြစ်ပြီး ၂ ရာသီ ဆက်တိုက် လုပ်ပြနိုင်ခဲ့တာလည်း ဖြစ်ကာ သူ့ရဲ့ ခြေစွမ်းက တားမရဆီးမရကို ဖြစ်နေခဲ့ပါပြီ။ 

ဘရာဇီးလ် တောင်ပံကစားသမားဟာ လာလီဂါရဲ့ အကောင်းဆုံး တောင်ပံကစားသမား အဖြစ်နဲ့လည်း သတ်မှတ်ခံထားရပြီး ရီးရဲလ် အတွက်တော့ ဘယ်လိုမှကို အစားထိုးမရတဲ့ ကစားသမား ဖြစ်လာနေပါပြီ။ ဗင်နီးစီးယက်စ်ဟာ သူ့ရဲ့ ခြေစွမ်းကြောင့် ပြိုင်ဘက် ကစားသမားတွေရဲ့ ပစ်မှတ်ထား ကစားခြင်းကို ရင်ဆိုင်နေခဲ့ရပြီး ကွင်းအတွင်း လူမျိုးရေး ခွဲခြားမှုတွေကိုလည်း ရက်သတ္တပတ်တိုင်းလိုလိုမှာ ရင်ဆိုင်နေခဲ့ရတာပါ။ 

ပရိသတ်တွေ ကတော့ ဗင်နီးစီးယက်စ် အနေနဲ့ ပြိုင်ဘက် ကစားသမားတွေ မခံချင်အောင် လုပ်ပြတာ၊ ကွင်းလယ်ဒိုင်ကို စောဒကတက်တာတွေကို လျှော့ချပြီး ဒီထက် ပိုအာရုံစိုက်မယ် ဆိုရင် ပိုကောင်းတဲ့ ကစားသမား ဖြစ်လာမယ်လို့ မှတ်ချက်ပြုထားကြပါတယ်။ 


ဘာစီလိုနာ သမိုင်းမှာ အသက်အငယ်ဆုံး ကစားခွင့်ရသူ ဖြစ်လာတဲ့ လာမိုင်ယာမယ်လ်

အသက် ၁၅ နှစ်နဲ့ ၂၉၀ ရက်သာ ရှိသေးတဲ့ လူငယ်လေးဟာ လာလီဂါမှာ အသက်အငယ်ဆုံး အဖြစ်နဲ့ ကစားခွင့်ရသူ စာရင်းမှာ နံပါတ် ၅ နေရာ ရောက်ရှိလာခဲ့ပါတယ်။
ဘာစီလိုနာ သမိုင်းမှာ အသက်အငယ်ဆုံး ကစားခွင့်ရသူ ဖြစ်လာတဲ့ လာမိုင်ယာမယ်လ်

ဘာစီလိုနာ အကယ်ဒမီက ထွက်ပေါ်လာခဲ့တဲ့ လူငယ် ကြယ်ပွင့် လာမိုင်ယာမယ်လ်ဟာ မနေ့ညက ဘက်တစ်နဲ့ ပွဲမှာ အသင်း အတွက် ၈၄ မိနစ်မှာ လူစားဝင် ကစားပေးခဲ့ပါတယ်။ အသက် ၁၅ နှစ်နဲ့ ၂၉၀ ရက်သာ ရှိသေးတဲ့ လူငယ်လေးဟာ လာလီဂါမှာ အသက်အငယ်ဆုံး အဖြစ်နဲ့ ကစားခွင့်ရသူ စာရင်းမှာ နံပါတ် ၅ နေရာ ရောက်ရှိလာခဲ့ပါတယ်။ 

ဘာကာ အတွက်တော့ ဒါဟာ နှစ်ပေါင်း ၁၀၀ အတွင်း အသက် အငယ်ဆုံး ကစားသမား တဦးကို အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။ လူငယ်တဦး ဖြစ်ပေမယ့် အကြောက်အလန့် မရှိသူလို့ နည်းပြ ဇာဗီရဲ့ ချီးကျူးမှုကို ခံယူခဲ့တဲ့ ယာမယ်လ်ဟာ ဂိုးရလုနီးပါး အထိ ကစားပြနိုင်ခဲ့ပြီး နူးကမ့်ပ်အနာဂတ်လို့ တင်စားခံနေရပါပြီ။  

အသင်းဖော် ရာဖင်ညာ ကလည်း သူတို့ အသက် ၁၅ နှစ် အရွယ်မှာ ဒေသခံ အပျော်တမ်းအသင်းတွေ မှာသာ ကစားနေခဲ့ရပေမယ့် ယာမယ်လ် ကတော့ ကမ္ဘာအ့ကောင်းဆုံး အသင်းမှာ ဝင်ကစားခွင့်ရနေပြီလို့ ချီးကျူးခဲ့ပါတယ်။ ဒီပွဲ မှာတော့ ဘာကာက ဘက်တစ်ကို ၄-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး အမှတ်ပေးဖလားကို သေချာပေါက် ရယူနိုင်တော့မှာပါ။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်