နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာဆာနဲ့ ပွဲမှာ ငွေစက္ကူအတုတွေ ကွင်းထဲ ကြဲခဲ့တဲ့ ဘီလ်ဘာအို ပရိသတ်များ၊ ဘန်ဇီမာ နေရာမှာ အစားထိုးဖို့ ကစားသမား ၃ ဦး ရွေးချယ်ထားတဲ့ ရီးရဲလ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဘာဆာနဲ့ ပွဲမှာ ငွေစက္ကူအတုတွေ ကွင်းထဲ ကြဲခဲ့တဲ့ ဘီလ်ဘာအို ပရိသတ်များ၊ ဘန်ဇီမာ နေရာမှာ အစားထိုးဖို့ ကစားသမား ၃ ဦး ရွေးချယ်ထားတဲ့ ရီးရဲလ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၃ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာဆာနဲ့ ပွဲမှာ ငွေစက္ကူအတုတွေ ကွင်းထဲ ကြဲခဲ့တဲ့ ဘီလ်ဘာအို ပရိသတ်များ

ဘာစီလိုနာက ဘီလ်ဘာအိုကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ ဘီလ်ဘာအို ပရိသတ်တွေဟာ ပြိုင်ဘက် အသင်းကို လှောင်ပြောင်မှုတွေ လုပ်သွားခဲ့ကြပါတယ်။ ငွေစက္ကူ အတုတွေကို ပရိသတ်တွေက ယူဆောင်လာခဲ့ကြပြီး ကွင်းအတွင်း ကြဲချခဲ့ကာ ဘာစီလိုနာကို လှောင်ပြောင် ထိုးနှက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဘာဆာဟာ ဒိုင်လူကြီးတွေကို လာဘ်ထိုးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး သူတို့ကို ပရိသတ်တွေက လှောင်ပြောင်ခဲ့တာပါ။ ဒါဟာ ဘာဆာ အတွက် အရှက်ရစရာ မြင်ကွင်း တစ်ခုလည်း ဖြစ်ပြီး အသင်း ဘက်ကတော့ သူတို့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆန်ထားပါတယ်။

ဒါပေမယ့် ပရိသတ် အများစု ကတော့ ဘာစီလိုနာက ဒီလိုမျိုး လုပ်ခဲ့မယ်လို့ ယုံကြည်နေကာ ဒိုင်ရဲ့ ဘက်လိုက်ခံရမှုတွေ အများကြီး ရှိခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဘာဆာ ကတော့ ဒီပွဲကို အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားမှာ ရီးရဲလ်မက်ဒရစ်ကို ၉ မှတ် ဖြတ်တောက်ထားနိုင်ဆဲ ဖြစ်ပါတယ်။


ဘာစီလိုနာကို တန်းဆင်း ပြစ်ဒဏ်ပေးဖို့ တောင်းဆိုနေကြလို့ ဝမ်းနည်းနေတဲ့ ဇာဗီ

စပိန် ဒိုင်ကော်မတီ ဒုတိယ ဥက္ကဌ ဖြစ်သူကို ငွေကြေး လွှဲပြောင်းပေးမှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံရ၊ တရားစွဲခံထားရတဲ့ ဘာစီလိုနာကို စပိန် ဆီဂန်ဒါ (ဒုတိယတန်း) ဆီ တန်းဆင်း ပြစ်ဒဏ် ပေးဖို့ အတွက် ဘီလ်ဘာအို ပရိသတ်တွေက မနေ့က ကစားခဲ့တဲ့ ပွဲမှာ ကွင်းအတွင်း အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။

ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ဘာစီလိုနာ နည်းပြ ဇာဗီက သူ ဝမ်းနည်းမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ “ ဆမ်မာမီးစ်က ပရိသတ်တွေကို ကျနော် လေးစားပါတယ်၊ သူတို့က ကျနော် တို့ကို အမြဲတမ်း ကောင်းကောင်း ဆက်ဆံခဲ့ကြတာပါ၊ ဒါပေမယ့် ဘာစီလိုနာကို ဦးတည်ပြီး လုပ်ခဲ့တာ အတွက်တော့ ကျနော် အံ့အားသင့်ရပါတယ်”

“ ဒါကို မြင်ရတာ ကိုလည်း ဝမ်းနည်းမိပါတယ်၊ ဘာဆာက အချိန် မတိုင်ခင်မှာ ဆုံးဖြတ်ခံနေရပါတယ်၊ လူတိုင်းက သူတို့ အမြင်ကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရှိပြီး ကျနော် ကတော့ ဒါကို သဘောတူတူ၊ မတူတူ ထင်မြင်ချက် အားလုံး အပေါ်မှာ လေးစားပါတယ်၊ ဒါပေမယ့် ဒီလိုတွေ လုပ်တာက ကျနော့်ကို ဝမ်းနည်းစေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။


ဘန်ဇီမာ နေရာမှာ အစားထိုးဖို့ ကစားသမား ၃ ဦး ရွေးချယ်ထားတဲ့ ရီးရဲလ်

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာ နေရာမှာ အစားထိုးဖို့ ကစားသမား ၃ ဦးကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။ ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်နဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ် မချုပ်ဆိုရသေးဘဲ အကယ်၍ စာချုပ်သစ် ချုပ်မယ် ဆိုရင်တောင် အသင်းရဲ့ မူဝါဒအရ တစ်နှစ်သာ ချုပ်ဆိုရမှာ ဖြစ်ပါတယ်။

ရီးရဲလ်က ဘန်ဇီမာရဲ့ နေရာ အတွက် ပထမဆုံး ရွေးချယ်မှု အဖြစ် ပီအက်စ်ဂျီ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေကို သတ်မှတ်ထားကာ သူ့ကို ခေါ်ဖို့ အဆင်မပြေဘူး ဆိုရင်တော့ ဘင်ဖီကာ တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကို နောက်ထပ် ပစ်မှတ် အဖြစ် ရွေးချယ်ထားတယ်လို့ သိရပါတယ်။

သူတို့ နှစ်ဦးစလုံးကို မခေါ်ယူနိုင်ခဲ့ရင်တော့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ရစ်ချာလီဆန်ကို ရွေးချယ်ထားကာ ဒီကစားသမား ၃ ဦး စလုံးက ခြေစွမ်း မြင့်မားတဲ့ သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ အမ်ဘာပေနဲ့ ရာမို့စ် တို့ကတော့ ခြေစွမ်း ပိုပြနေပြီး ရစ်ချာလီဆန်က စပါးမှာ ရုန်းကန်နေရကာ သူ့ကို မခေါ်ယူဖို့ အသင်း ပရိသတ် တချို့ကလည်း တိုက်တွန်းထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်