အယ်လ်မီးရီးယား – ဂီတာဖေး
ဂီတာဖေး ကတော့ အခုတစ်ပတ် လာလီဂါ ပွဲစဉ်မှာ အယ်လ်မီးရီးယားကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အိမ်ကွင်း ကစားပုံ ကောင်းသလောက် အဝေးကွင်း ရောက်ရင် ရုန်းကန်ရတတ်တဲ့ ဂီတာဖေးတို့ ဇယား အောက်ဆုံး ရောက်နေတဲ့ အယ်လ်မီးရီးယားကို အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အယ်လ်မီးရီးယားဟာ ဒီရာသီ လာလီဂါမှာ နိုင်ပွဲ ၁ ပွဲသာ ရှိထားပြီး ၁၁ ပွဲ သရေ၊ ပွဲ ၂၀ ရှုံးထားပြီး ဇယားအောက်မှာ ကြမ်းတိုက်နေရတဲ့ အသင်းပါ။ တန်းဆင်းဖို့လည်း သေချာသလောက် ရှိနေပြီး ဘယ်လိုမှ ရုန်းထဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေပါ။ ပြီးခဲ့တဲ့ လာလီဂါ ၅ ပွဲမှာတော့ အယ်လ်မီးရီးယားက နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။ အဲလ်မီးရီးယားရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၈ ပွဲ သရေ၊ ၈ ပွဲ ရှုံးထားပါတယ်။
ဂီတာဖေး ကတော့ အထက်မှာ ပြောခဲ့သလိုပဲ အိမ်ကွင်းမှာ ကစားပုံ မာကျောသလောက် အဝေးကွင်း ဆိုရင် သိသိသာသာ ရုန်းကန်ရတတ်ပါတယ်။ ဂီတာဖေးဟာ ဒီရာသီ အဝေးကွင်းမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး ၈ ပွဲ သရေ၊ ၇ ပွဲ ရှုံးထားပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေတဲ့ ဂီတာဖေးက နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲပဲ ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂ ပွဲဆက် သရေကျခဲ့ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲ ကိုတော့ ဂီတာဖေး ဘက်က ရာမာဇာနီ၊ မီလီယို တို့ ပွဲပယ်ပြစ်ဒဏ်ထိထားပြီး ဆွာရက်ဇ်၊ လန်ဂါ၊ ရက်ဒိုဗန်နိုဗစ် တို့ ကတော့ လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဂီတာဖေး ဘက်မှာတော့ အာရမ်ဘာရီ၊ အီဂလားစီးယက်စ်၊ ဒူရာတေး၊ အလီနာ၊ မာယိုရယ်တို့ လွဲချော်ကြမှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
အယ်လ်မီးရီးယား – မက်ဆီမီယာနို၊ ဘရန်ဒါရစ်ဇ်၊ မွန်တက်စ်၊ လန်ဂါ၊ ပူဘေလ်၊ ရော်ဘတ်ိုနီ၊ လိုပီ၊ အမ်ဘာဘာ၊ ဘက်ပ်တစ်တာအို၊ ဗီအဲရာ၊ လိုဇာနို
ဂီတာဖေး – ဆော်ရီယာ၊ အဲလ်ဒါရက်တီ၊ ဒီဂျန်နီ၊ ရီကို၊ ကာမိုနာ၊ မီလာ၊ ဆန်တီယေဂို၊ မက်ဆီမိုဗစ်၊ ရိုဒရီဂွက်ဇ်၊ ဂရင်းဝုဒ်၊ လာတာဆာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ အယ်လ်မီးရီးယားက ၄ ကြိမ်နိုင်၊ ဂီတာဖေးက ၇ ကြိမ် နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ လာလီဂါ နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှုမှာ အယ်လ်မီးရီးယားက ၂ ကြိမ် နိုင်ပြီး ဂီတာဖေး ကတော့ ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပြီးတော့ ဂီတာဖေး ကတော့ ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အယ်လ်မီးရီးယား နိုင်ရင် ၂.၆၂ ဆ၊ ဂီတာဖေး နိုင်ရင်တော့ ၂.၅၃ ဆ၊ သရေ ဆိုရင်တော့ ၃.၀၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ သရေ တစ်ဝက် ရှုံးနဲ့ ဒဲ့ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပါတယ်။ အယ်လ်မီးရီးယား ဟာ အခြေအနေ တော်တော်ဆိုးနေပေမယ့် ဂီတာဖေးရဲ့ အဝေးကွင်း ခြေစွမ်းကြောင့် ဧည့်သည် အသင်းဘက်မျာ အပြည့်အဝ ရပ်တည်ထားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ သရေလောက်ပဲ မျှော်လင့်ထားချင်ပါတယ်။ ဂိုးလည်း နည်းနိုင်ပါတယ်။
ခန့်မှန်းရလဒ်
အယ်လ်မီးရီးယား ၁-၁ ဂီတာဖေး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.