နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာဆာရဲ့ ပစ်မှတ်ကို ရောင်းချဖို့ ပြင်ဆင်ထားတဲ့ ဖီအိုရင်တီးနား၊ မော်ရင်ဟိုကို နည်းပြ ပြန်မခန့်ဖို့ ရီးရဲလ်ကို သတိပေးလိုက်တဲ့ ကာဆာနို (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဘာဆာရဲ့ ပစ်မှတ်ကို ရောင်းချဖို့ ပြင်ဆင်ထားတဲ့ ဖီအိုရင်တီးနား၊ မော်ရင်ဟိုကို နည်းပြ ပြန်မခန့်ဖို့ ရီးရဲလ်ကို သတိပေးလိုက်တဲ့ ကာဆာနို စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၉ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာဆာ ပစ်မှတ်ကို ရောင်းချဖို့ ပြင်ဆင်ထားတဲ့ ဖီအိုရင်တီးနား

ဖီအိုရင်တီးနား ကတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာက စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ကို ရောင်းချဖို့ အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားမှာ မော်ရိုကို အတွက် ခြေစွမ်းပြပြီး နာမည်ကျော်လာခဲ့တဲ့ အမ်မရာဘတ်ကို ဘာစီလိုနာက နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူကို ဖီအိုရင်တီးနားက မရောင်းချဘူးလို့ ပြောဆိုထားပေမယ့်လည်း လက်ရှိအချိန်မှာ ရောင်းထုတ်မယ် ဆိုရင် ငွေကြေးအားဖြင့် အများအပြား ရနိုင်တာကြောင့် အခုလို ပြင်ဆင်လာဖွယ် ရှိနေပါတယ်။ ကစားသမား ကလည်း ထိပ်တန်း အသင်း တစ်သင်းမှာ ကစားဖို့ ဆန္ဒရှိနေပြီး ထွက်ခွာဖို့ တောင်းဆိုလာဖွယ် ရှိပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးရဲလ်မက်ဒရစ်
ချဲလ်ဆီး
ပထမပိုင်း 1X2 ရီးယဲလ်မက်ဒရစ် @ 2.35
ချဲလ်ဆီး အာရှ ဟန်းဒီးကပ် +0.50 @ 2.26
ဂိုးပေါ် 2.75 @ 2.29
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လက်ရှိမှာတော့ အမ်မရာဘတ် အတွက် ဘယ်လို ကမ်းလှမ်းမှုမျိုးမှ မရှိသေးပေမယ့်လည်း ဖီအိုရင်တီးနား ဘက်ကတော့ နားစွင့်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် ဖီအို ဘက်က ငြင်းဆန်ထားခဲ့ပြီး နွေရာသီမှာ သူတို့ သတ်မှတ်ထားတဲ့ စျေးနှုန်းမျိုးနဲ့ ရောင်းထုတ်ဖို့ ကိုပဲ ရွေးချယ်ခဲ့တာပါ။


မော်ရင်ဟိုကို နည်းပြ ပြန်မခန့်ဖို့ ရီးရဲလ်ကို သတိပေးလိုက်တဲ့ ကာဆာနို

အီတလီ တိုက်စစ်မှူးဟောင်း အန်တိုနီယို ကာဆာနိုက ရီးရဲလ်မက်ဒရစ် အနေနဲ့ နည်းပြသစ် ခန့်အပ်မယ် ဆိုရင် နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုကို မခေါ်ယူဖို့ သတိပေးလိုက်ပါတယ်။ ရာသီကုန်မှာ အန်ဆယ်လော့တီနဲ့ လမ်းခွဲဖွယ် ရှိနေတဲ့ ရီးရဲလ်ဟာ နည်းပြသစ် တစ်ဦး ရှာဖွေနေပြီး မော်ရင်ဟိုနဲ့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

ကာဆာနိုက မော်ရင်ဟိုဟာ လက်ရှိအချိန်မှာ လာလီဂါ ကလပ် အတွက် စစ်မှန်တဲ့ နည်းပြ မဟုတ်ဘူးလို့ ယုံကြည်နေတာပါ။ မော်ရင်ဟို အနေနဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန် မှာတော့ အစုအဖွဲ့ထက် တစ်ဦးချင်း မှတ်တမ်းတွေကို ပိုမိုပြီးတော့ ရယူချင်နေတဲ့သူ ဖြစ်နေတယ် လို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

ကာဆာနိုက မော်ရင်ဟိုဟာ လက်ရှိအချိန်မှာ လာလီဂါ ကလပ် အတွက် စစ်မှန်တဲ့ နည်းပြ မဟုတ်ဘူးလို့ ယုံကြည်နေတာပါ။
မော်ရင်ဟိုကို နည်းပြ အဖြစ် ပြန်မခန့်ဖို့ ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းလိုက်တဲ့ ကာဆာနို

“ မော်ရင်ဟိုက ဘောလုံးလောကကို ဂရုစိုက်တဲ့သူ မဟုတ်ပါဘူး၊ မက်ဒရစ်က အန်ဆယ်လော့တီနဲ့ ဆက်ပြီး အလုပ်မလုပ်တော့ဘူး ဆိုရင် သူ ပြန်ရောက်သွားနိုင်ပါတယ်၊ ဒါပေမယ့် သူတို့တွေ မော်ရင်ဟိုကို ခေါ်မှာ မဟုတ်ပါဘူး၊ မော်ရင်ဟိုက အလုပ်လုပ်ရတာကို မကြိုက်ဘူး၊ ဘယ်လို ဆက်ဆံ ပြောဆိုရမလဲ ဆိုတာကို မသိဘူး၊ သူ့ဇာတ်လမ်း အတွက် အရူးလုပ်မခံပါနဲ့” ဆိုပြီး ကာဆာနိုက ပြောဆိုခဲ့ပါတယ်။


ဝါရင့် ကစားသမား ၃ ဦးကို စာချုပ်သစ်ချုပ်နိုင်မယ်လို့ ယုံကြည်နေတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက အသင်းရဲ့ ဝါရင့် ကစားသမားတွေ ဖြစ်တဲ့ ကာရင်မ် ဘန်ဇီမာ၊ လူကာ မိုဒရစ်နဲ့ တိုနီ ခရူးစ်တို့ ဘာနေဗျူးမှာပဲ ဆက်ရှိမယ်လို့ ယုံကြည်နေပါတယ်။ ဒီရာသီမှာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အဆိုပါ ကစားသမားတွေက လက်ရှိအချိန်ထိ စာချုပ်သစ် မချုပ်ဆိုရသေးပါဘူး။

မိုဒရစ်က ၃၇နှစ်၊ ဘန်ဇီမာက ၃၅ နှစ်၊ ခရူးစ်က ၃၃ နှစ် ရှိပြီ ဖြစ်လို့ စာချုပ်သစ်ချုပ်ဆိုရင်တောင် အသင်းရဲ့ မူဝါဒအရ ၁ နှစ် စာချုပ်သာ ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကစားသမားတွေဟာ အသင်းရဲ့ အားထားရတဲ့ ကစားသမားတွေ အဖြစ် ရှိနေသေးလို့ ရီးရဲလ် ကလည်း စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒရှိနေပါတယ်။

အန်ဆယ်လော့တီက “ သူတို့ ဆက်ရှိနေမယ် ထင်ပါတယ်၊ လူငယ်ကစားသမားတွေလို ခွန်အား ၊ ရုပ်ပိုင်ဆိုင်းရာ အားမကောင်းဘူးလို့ ခင်ဗျား ထင်နိုင်ပါတယ်၊ ဒါပေမယ့် သူတို့က ပွဲကို ကောင်းကောင်း စီမံနိုင်ပြီးတော့ ဒါမျိုးကို ဘောလုံးစျေးကွက်ထဲမှာ ခင်ဗျား ဝယ်ယူလို့ မရနိုင်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်