နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာဆာ မှာပဲ ဆက်နေချင်နေတဲ့ ဖရန်ကီ ဒီယောင်၊ ရီးရဲလ်မက်ဒရစ်ကို အမှတ် ထပ်ဖြတ်လိုက်တဲ့ ဘာစီလိုနာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဘာဆာ မှာပဲ ဆက်နေချင်နေတဲ့ ဖရန်ကီ ဒီယောင်၊ ရီးရဲလ်မက်ဒရစ်ကို အမှတ် ထပ်ဖြတ်လိုက်တဲ့ ဘာစီလိုနာ စတဲ့ သတင်းတွေ အပါအဝင် မတ် ၆ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာဆာ မှာပဲ ဆက်နေချင်နေတဲ့ ဖရန်ကီ ဒီယောင်

နာမည်ကျော် ဘောလုံး သတင်းထောက် တစ်ဦး ဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုက မန်ချက်စတာယူနိုက်တက် အသင်းက အလိုရှိနေတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ဟာ လက်ရှိ အသင်း မှာပဲ ဆက်လက် ကစားချင်နေပြီး အသင်း ကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ကာ ယူနိုက်တက် တို့ရဲ့ မျှော်လင့်ချက်ကို စိတ်ပျက်စေခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာလီဂါ ကွင်းလယ် ကြယ်ပွင့် ဒီဂျောင်ကို ဒီနွေရာသီ ကတည်းက ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ဒီဂျောင်ကို စိတ်ဝင်စားဆဲ ဖြစ်ကာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက် အပေါ် မှာသာ မူတည်နေတာ ဖြစ်ပါတယ်။

ရိုမာနိုက “ ဖရန်ကီရဲ့ အနာဂတ်ကို သူပဲ ဆုံးဖြတ်ဖို့ လိုတာပါ၊ လက်ရှိအနေအထား မှာတော့ သူ ဘာစီလိုနာ ကနေ ထွက်ခွာချင်တယ်လို့ မပြောသေးဘူး၊ သူ ဘာဆာမှာ ပျော်ရွှင်နေပြီး ဒါက ဘာမှ အပြောင်းအလဲ မရှိပါဘူး၊ တန်ဟက်ဂ်က ဒီဂျောင်ကို သဘောကျနေတာ ကျနော်တို့ ကောင်းကောင်း သိထားပြီးသားပဲ၊ ဒါပေမယ့် ဒီဂျောင်ရဲ့ အနေအထား ကတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းက ကျနော် ပြောခဲ့ဖူးသလိုပါပဲ” လို့ ဆိုခဲ့ပါတယ်။


ရီးရဲလ်မက်ဒရစ်ကို အမှတ် ထပ်ဖြတ်လိုက်တဲ့ ဘာစီလိုနာ

မနေ့ညက စပိန် လာလီဂါ ပွဲတွေမှာတော့ ဘာစီလိုနာဟာ ဗလင်စီယာကို အိမ်ကွင်းမှာ ရာဖင်ညာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဒီဂိုးကို သွင်းယူခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာ ပင်နယ်တီ ရခဲ့ပေမယ့် ဖာရန်း တောရက်စ် လွဲချော်ခဲ့ကာ နောက်ခံလူ အာရူဟို အနီကတ်ထိလို့ ၁ ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကို ၁၁ မှတ် ဖြတ်ပြီး လာလီဂါ ဇယားကို ဆက်လက် ဦးဆောင်နေတဲ့ ဘာစီလိုနာ
ဒီယောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်

နောက်ကျပွဲ အဖြစ် ကစားခဲ့တဲ့ ဘက်တစ်နဲ့ ရီးရဲလ်မက်ဒရစ်ပွဲ ကတော့ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဘာဆာကို ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ အရေးနိမ့်ခဲ့တဲ့ ရီးရဲလ်တို့ လာလီဂါ မှာလည်း နိုင်ပွဲ ပျောက်ခဲ့ကာ နည်းပြ အန်ဆယ်လော့တီ တယောက် ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ဒီအနေအထားကြောင့် အခုဆိုရင် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို ၉ မှတ် အထိ ဖြတ်တောက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ကျန်ပွဲ ၁၄ ပွဲသာ ကျန်တော့တဲ့ အချိန်မှာ ဘာဆာက ၃ ပွဲစာလောက် ရမှတ် အသာစီး ရရှိထားလို့ အမှတ်ပေးဖလား အတွက် တော်တော်လေး အခြေအနေ ကောင်းနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။


ပင်နယ်တီ လွဲပေမယ့် ဖာရန်း တောရက်စ် ကိုပဲ ဆက်ပြီး တာဝန်ပေးဦးမယ့် ဇာဗီ

မနေ့ညက ဗလင်စီယာနဲ့ ပွဲမှာ ဘာစီလိုနာတို့ ၁-၀ နဲ့ အနိုင်ရခဲ့ပြီး ဒုတိယဂိုး ရရှိမယ့် အခွင့်အရေး အဖြစ် ပင်နယ်တီရခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ပင်နယ်တီကို ဖာရန်း တောရက်စ် ကန်သွင်းရာမှာ လွဲချော်ခဲ့ပြီး သိပ်မကြာခင်မှာပဲ နောက်ခံလူ အာရူဟို အထုတ်ခံခဲ့ရလို့ ၁-၀နဲ့ ပွဲကို ဦးဆောင်ထားတဲ့ ဘာဆာတို့ ချေပဂိုး မပေးရအောင် ထိန်းကစားသွားခဲ့ရပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဘိုင်ယန်မြူးနစ်
ပဲရစ် စိန့် ဂျာမိန်း
1X2 ပဲရစ် စိန့် ဂျာမိန်း @ 3.35
ဂိုးပေါ် 3.25 @ 2.06
ဂိုးပေါင်း 0-1 @ 5.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီပင်နယ်တီ မကန်ခင်မှာ တိုက်စစ်မှူး အန်ဆု ဖာတီက သူ ကန်သွင်းဖို့ အတွက် ဖာရန်း တောရက်စ်ကို တောင်းဆိုခဲ့ပေမယ့်လည်း ဖာရန်း တောရက်စ် ကတော့ ခွင့်မပြုခဲ့ဘဲ သူ ကိုယ်တိုင် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီး ဒဏ်ရာကြောင့် မပါဝင်နိုင်လို့ ဖာရန်း တောရက်စ်ကို ပင်နယ်တီ ကန်ရမယ့်သူ အဖြစ် သတ်မှတ်ပေးထားတယ်လို့ ဇာဗီက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

“ ပွဲမတိုင်ခင်မှာ ကတည်းက ပင်နယ်တီကို ဖာရန်း တောရက်စ် ကန်မယ်လို့ ကျနော်တို့ ရွေးချယ်ခဲ့တာပါ၊ အန်ဆု ဖာတီက သူ ကန်သွင်းလို့ ရမလား မေးခဲ့ပုံပါပဲ၊ တခါတလေမှာ ကန်သွင်းမယ့် သူက ခွင့်ပြုလိုက်တယ်၊ တခါတလေတော့ ခွင့်မပြုဘူးပေါ့၊ ပင်နယ်တီ အတွက် ရွေးချယ်ခံရတဲ့ သူက ဖာရန်းပါ၊ ဒါပေမယ့် ကစားသမားတွေရဲ့ ခံစားချက်ပေါ်လည်း မူတည်ပါတယ်” လို့ ဇာဗီက ပြောဆိုခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်