နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်လင်ဟမ် ဘယ်လွန်ဒေါ ရနိုင်တယ်လို့ သုံးသပ်လိုက်တဲ့ ဂါရတ်သ် ဘေးလ် | လာလီဂါ

လာလီဂါ ကလပ် ရီးယဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်း ဂါရတ်သ် ဘေးလ်က ဂျူ့ဒ် ဘယ်လင်ဟမ် အနေနဲ့ အခုနှစ် ဘယ်လွန်ဒေါဆုကို ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ သုံးသပ် ပြောကြားလာခဲ့ပါတယ်။ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ ရာသီကမှ လာလီဂါ ထိပ်သီး ကလပ်ကို ပြောင်းရွှေ့လာခဲ့ပေမယ့် လျင်လျင်မြန်မြန်ပဲ ခြေစွမ်းပြနိုင်ခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေလည်း ရရှိထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၉ အရွယ် အင်္ဂလန် ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြေင်းအရွှေ့မှာ ဒေါ့မန် ကနေ ရီးရဲလ်မက်ဒရစ်ကို ယူရို ၁၀၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူပါ။ စပိန်ကို ရောက်ရောက်ချင်း သူ့ရဲ့ ပထမဆုံး ရာသီမှာတင် လာလီဂါ ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ကလပ် အတွက် ပွဲ ၄၀ ကစားထားရာမှာ ၂၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ရေး အတွက် အဓိကကျခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပြီး အခု ဆိုရင်တော့ အသင်းဟောင်း ဒေါ့မန်နဲ့ ပြန်လည် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်လင်ဟမ် အနေနဲ့ လာမယ့်လ ဂျာမနီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်နဲ့ အတူ အောင်မြင်မှု ရရှိဖို့ မျှော်လင့်နေသူလည်း ဖြစ်ပါတယ်။ ဂါရက်သ် ဆောက်ဂိတ်သ်ရဲ့ အသင်းမှာ သေချာပေါက် ပွဲထွက်ကစားခွင့် ရဖို့ ရှိနေတဲ့ ဘယ်လင်ဟမ်ဟာ နိုင်ငံအသင်းနဲ့ အောင်မြင်မှုသာ ရခဲ့ရင် ဘယ်လွန်ဒေါဆုက ကျိန်းသေပေါက် သူ့ အတွက် ဖြစ်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဘာမင်ဂမ်စီးတီး ကြယ်ပွင့်ဟောင်း အနေနဲ့ အခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခံရနိုင်ချေ ရှိမရှိကို မေးမြန်းရာမှာတော့ ဘေးလ်က ဖြစ်နိုင်ပါတယ်လို့ ချက်ချင်း ပြန်လည် ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဘေးလ်က “အဓိက နိုင်ငံတကာ ပြိုင်ပွဲ တစ်ခု ကစားဖို့ ရှိခြင်းက ဘယ်လွန်ဒေါ ဆွတ်ခူးရာမှာ ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာမှာပါ။ ကိုပါ အမေရိကလည်း ရှိနေတော့ ဘယ်လွန်ဒေါ ဆုကို ဘယ်လင်ဟမ်နဲ့ ဗင်နီးစီးယပ်စ် တို့ အတွက် ဘယ်လွန်ဒေါ ဘယ်သူရမလဲ ဆိုတာ အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။ ဒီနှစ်ယောက်ကြားမှာ ကစားရမယ့် ပွဲတွေ အများကြီး ရှိပါသေးတယ်။ ကစားသမားတွေ အနေနဲ့ ဆုဖလားတွေလည်း ဆွတ်ခူးနိုင်ဖို့ လိုအပ်ပါတယ်။”

“သေချာတာ ကတော့ သူတို့ နှစ်ယောက်လုံး သက်သေပြစရာတွေ အများကြီး ရှိနေသေးပေမယ့် လက်ရှိမှာလည်း သူတို့ အနေနဲ့ ကြိုးစားမှုတွေ အများကြီး ပြသထားပြီးသားပါ။” လို့ ဂါရက်သ် ဘေးလ်က ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ ဘယ်လင်ဟမ်နဲ့ အတူ သူ့ရဲ့ အသင်းဖော် ဖြစ်တဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာဟာ အခုနှစ် ဘယ်လွန်ဒေါဆု ဆွတ်ခူးဖို့ အပြိုင်အဆိုင် ဖြစ်နေတာပါ။ ဗင်နီဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ၃၇ ပွဲ ပါဝင်ကစားပေးထားရာမှာ ၂၃ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားပါတယ်။ နှစ်ဦးစလုံးဟာ လာလီဂါ ကလပ်နဲ့ အတူ အကောင်းဆုံး ခြေစွမ်းပြနေပြီး ရီးရဲလ်မက်ဒရစ်နဲ့ အတူ ဖလား ၃ လုံး ချန်ပီယံ အဖြစ် ရာသီသိမ်းနိုင်ဖို့ အခြေအနေကောင်းနေခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်