လာလီဂါ ကလပ် လီဗန်တေး ကစားသမားဟောင်း၊ လက်ရှိ ဂါနာ လက်ရွေးစင် ကစားသမား ရာဖေးလ် ဒီဝါမီနာဟာ စနေနေ့က ကွင်းထဲမှာ နှလုံးရပ်လဲကျပြီးနောက် အသက် ၂၈ နှစ် အရွယ် မှာပဲ ဝမ်းနည်းကြေကွဲဖွယ် ကွယ်လွန်သွားခဲ့ပါတယ်။
X မှာ တင်ခဲ့တဲ့ ဗီဒီယိုဖိုင်တွေထဲမှာ ဒီဝါမီနာဟာ အယ်လ်ဘေးနီးယား ပထမတန်း ပြိုင်ပွဲ ဖြစ်တဲ့ နေရှင်နယ် စူပါလိဂ် ပွဲစဉ် အဖြစ် ကေအက်ဖ် အက်ဂ်နာတီယာနဲ့ ပါတီဇာနီတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် ၂၄ မိနစ်မှာ ရုတ်တရက်လဲကျသွားခဲ့တာပါ။
လာလီဂါ ကလပ် လီဗန်တေး တိုက်စစ်မှူးဟောင်းကို ဆေးရုံအလျင်မြန် ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကာဗာဂျီ ဆေးရုံကို ပို့ဆောင်နေတဲ့ လမ်းခုလတ်မှာပဲ ဝမ်းနည်းကြေကွဲဖွယ် ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ဂါနာ ဘောလုံးအဖွဲ့ချုပ်က တုန်လှုပ်ဖွယ် ဖြစ်ရပ်ဆိုးကို ထုတ်ပြန် ကြေညာချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ အတွေးတွေ အားလုံးဟာ အခုလို ခက်ခဲတဲ့အချိန်မှာ ဒီဝါမီနာရဲ့မိသားစုနဲ့ အတူ ရှိနေမှာပါ။ ရာဖေးလ်က ဂါနာကို နှလုံးသား တစ်ခုလုံးနဲ့ ရင်းပြီး ကိုယ်စားပြုပေးခဲ့ပြီး ကံဆိုးစွာနဲ့ ကွယ်လွန်တဲ့ အချိန် မတိုင်ခင် အထိ တိုင်းပြည် အတွက် တာဝန် ထမ်းဆောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ရဲ့ လက်ရွေးစင် အတွက် ပေးဆပ်မှုကို တသက်လုံး သတိရ လွမ်းဆွတ်နေတော့မှာပါ။ ငြိမ်းအေးရာမှာ အနားယူပါတော့ ရာဖေးလ်” လို့ ထုတ်ပြန် ကြေညာချက်ထဲမှာ ရေးခဲ့ပါတယ်။
ဒီဝါမီနာဟာ ဂါနာ လက်ရွေးစင် အသင်း အတွက် ၉ ပွဲပါဝင် ကစားပေးခဲ့ပြီး ၂၀၁၇ ကနေ ၂၀၁၈ ကြားမှာ ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ တစ်နှစ်ခွဲကျော် အတွင်း မှာလည်း အက်ဂ်နာတီယာ အသင်း မှာလည်း အလွန်အမင်း အောင်မြင်တဲ့ ကာလကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂါနာ လက်ရွေးစင် ကစားသမား ဒီဝါမီနာဟာ ၂၀၁၇ ခုနှစ်မှာ နှလုံးရောဂါ ခံစားနေရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်တုန်းက လာလီဂါ ကလပ် အတွက် ကစားပေးနေချိန် အတွင်း ခွဲစိတ် ကုသမှုခံယူပြီး နှလုံးစက်တပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီဝါမီနာ ကစားပေးခဲ့တဲ့ အသင်းတိုင်းက ၎င်းရဲ့ နှလုံး အခြေအနေကို ပွဲစဉ် အတွင်းမှာ စောင့်ကြည့်နိုင်ခဲ့ပေမယ့်လည်း ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ ကံဆိုးစွာနဲ့ ၎င်းရဲ့ ICD Values က မြင့်တက်လာတဲ့ အတွက် ဒိန်းမတ် ကလပ် Vejle Boldklub ကို စွန့်ခွာခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ် အပြီး သိပ်မကြာခင်မှာပဲ ဒီဝါမီနာဟာ ဆေးရုံမှာ ပြန်လည် သက်သာခဲ့ပေမယ့်လည်း ဒီတစ်ကြိမ် မှာတော့ ပြန်လည်နိုးထလာနိုင်ခြင်း မရှိတော့ဘဲ ဘောလုံးအားကစားကို အသက်ထက် ပိုမို ချစ်မြတ်နိုးကြောင်း သက်သေပြသသွားခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.