ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ် ကတော့ လာလီဂါ ကလပ် ဂီရိုနာကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် ယူနိုက်တက်နဲ့ ဂီရိုနာတို့ အကြား သဘောတူညီမှု ရရှိထားခဲ့ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီချက် ရရှိရင်တော့ အပြောင်းအရွှေ့ အထမြောက်တော့မှာလည်း ဖြစ်ပါတယ်။
အသက် (၂၇) နှစ် အရွယ် နယ်သာလန် လက်ရွေးစင်ဟောင်း ဒွန်နီ ဗန်ဒီဘိခ်ဟာ အေဂျက်စ် အသင်းနဲ့အတူ ဥရောပ ဘောလုံးစင်မြင့်ထက်မှာ တောက်ပခဲ့သူ ဖြစ်ပေမယ့်လည်း ယူနိုက်တက်ကို ပြောင်းရွှေ့ချိန်မှာ ရုန်းကန်ခဲ့ရသူပါ။ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတဲ့ အလျောက် ပွဲကစားခွင့်တွေပါ နည်းပါးလာခဲ့ရပြီး နောက်ပိုင်းမှာ ခြေစွမ်းပိုင်းလည်း ကျဆင်းခဲ့ရပါတယ်။ ဒါကြောင့် အဲဗာတန်နဲ့ ဖရန့်ဖတ်လို အသင်းတွေ မှာပါ ရာသီဝက် အငှားတွေနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ လက်ရှိမှာ ဗန်ဒီဘိခ်က ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သလို အနာဂတ်လည်း မရေရာတော့တာကြောင့် ဒီနွေမှာပဲ အသင်းကနေ အပြီးသတ် ထွက်ခွာဖို စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် ဘက်ကလည်း ဗန်ဒီဘိခ်ကို ရောင်းချသွားချင်နေတယ်လို့ သိရပြီး ဒီကစားသမားကို လာလီဂါ ကလပ် ဂီရိုနာဆီ တော်တော်လေး နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်သွားတော့မှာ ဖြစ်ပါတယ်။
လာမယ့် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်ရောက် ဆင်နွှဲခွင့်ရထားတဲ့ ဂီရိုနာဟာ ကစားသမားအင်အား တောင့်တင်းစေရေး အတွက် လက်ရှိ နွေရာသီ ဈေးကွက်မှာ ကစားသမားသစ် တော်တော်များများ ခေါ်ယူအားဖြည့်မှုတွေ ပြုလုပ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ လာလီဂါ ကလပ်ဟာ ပြီးခဲ့တဲ့ ရာသီက အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ အလက်ဆစ် ဂါဆီယာကို လေဗာကူဆင် အသင်းထံ လက်လွတ်ထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂါဆီယာ နေရာမှာ အစားထိုးဖို့ အတွက် ထိပ်တန်း ကွင်းလယ်လူ တစ်ဦး ရှာဖွေနေခဲ့တာ ဖြစ်ပြီး ယူနိုက်တက်ရဲ့ အပယ်ခံ ကစားသမားကို မျက်စိကျလာခဲ့တာလည်း ဖြစ်ပါတယ်။
ဂီရိုနာဟာ ဗန်ဒီဘိခ် အတွက် ပြောင်းရွှေ့ကြေး ပေါင် (၅၀၀၀၀၀) သာ ပေးချေ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရပြီး လာမယ့် ဘောလုံးရာသီ အတွင်း ဂီရိုနာ အတွက် ဗန်ဒီဘိခ် ပါဝင် ကစားနိုင်မယ့် ပွဲအရေအတွက် အပေါ် မူတည်ပြီး အပို ဆုကြေးက ယူရို ၄ သန်း ကနေ ၅ သန်းလောက် အထိ ထပ်ဆောင်းပေးချေသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် ကတော ဗန်ဒီဘိခ်သာ ခြေစွမ်းပြနိုင်ရင် အပိုဆုကြေးက ယူရို ၁၀ သန်း သို့မဟုတ် ၁၅ သန်းလောက် ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဂီရိုနာနဲ့ ယူနိုက်တက် နှစ်သင်း အကြားမှာသာ သဘောတူညီမှု ရရှိထား သေးပြီး ဗန်ဒီဘိခ်နဲ့ သဘောတူညီမှု ရရှိဖို လာမယ့် ရက်သတ္တပတ် အတွင်းမှာ စတင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိမှာ အသင်း အတွက် အသုံးမတည့်နိုင်တော့တဲ့ ကစားသမား တော်တော်များများကို ရောင်းထုတ်သွားဖို့ စီစဉ်လျက် ရှိပြီး ရာသီသစ်မှာ အောင်မြင်မှု ရရှိဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ချင်နေတာ ဖြစ်ပါတယ်။ ဆာဂျင်မ် ရက်ကလစ်ဖ် ဦးဆောင်တဲ့ ယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင်တွေက အသင်းရဲ့ ကစားသမား အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ စိတ်ကြိုက် လုပ်ဆောင်ခွင့် ရှိနေပြီး ဈေးကွက် အတွင်းမှာလည်း ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့ စတင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အချိန်ထိတော့ ဘယ်ကစားသမားကိုမှ အတည်တကျ ခေါ်ယူထားနိုင်ခြင်းတော့ မရှိသေးပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.