နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ်ကို ကောင်းကောင်းကြီး ဆုံးမခဲ့တဲ့ မန်စီးတီးရဲ့ ညီအမ အသင်း၊ လူမျိုးရေး ခွဲခြားခံခဲ့ရပြန်တဲ့ ဗင်နီ ဂျူနီယာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ရီးရဲလ်ကို အပီအပြင် ဆုံးမခဲ့တဲ့ မန်စီးတီးရဲ့ ညီအမ အသင်း၊ လူမျိုးရေး ခွဲခြားခံခဲ့ရပြန်တဲ့ ဗင်နီ ဂျူနီယာ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၆ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်ကို ကောင်းကောင်းကြီး ဆုံးမခဲ့တဲ့ မန်စီးတီးရဲ့ ညီအမ အသင်း

လာလီဂါ ဘီလူးကြီး ရီးရဲလ်မက်ဒရစ် ကတော့ မနေ့ညက ပွဲမှာ ဂျီရိုနာကို ၄-၂ နဲ့ အဝေးကွင်းမှာ အရေးနိမ့်သွားခဲ့ပါတယ်။ ဂျီရိုနာ ကတော့ City Football Group က ပိုင်ဆိုင်တဲ့ မန်ချက်စတာစီးတီးနဲ့ အုပ်စု တစ်ခုတည်းအောက်က ညီအမ အသင်း ဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ မတိုင်ခင်မှာ ရီးရဲလ်ကို ဘယ်လို အနိုင်ကစားရလဲလို့ ပြောပြလိုက်သလိုပါပဲ။

ဒီပွဲမှာ ဂျီရိုနာ တိုက်စစ်မှူး ဗယ်လင်တင် ကက်စတီလန်နော့စ်က တဦးတည်း ၄ ဂိုး အထိ သွင်းယူခဲ့ပါတယ်။ ဒါဟာ ၁၉၄၇ နောက်ပိုင်း လာလီဂါမှာ ရီးရဲလ်ကို တပွဲတည်း ၄ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာတာပါ။ ထူးခြားတာ ကတော့ ဒီကစားသမား ကလည်း ဂျီရိုနာ၊ မန်စီးတီး တို့နဲ့ ညီအမ အသင်း ဖြစ်တဲ့ မေဂျာလိဂ် ကလပ် နယူးယောက်စီးတီး ကနေ အငှားနဲ့ လာကစားနေတာပါပဲ။

ရီးရဲလ် အတွက် ဒီရှုံးပွဲက ဘာမှတော့ မဖြစ်ပေမယ့်လည်း ဒီလို မှတ်တမ်းဆိုးကြီး ရသွားတာ ကတော့ စိတ်ပျက်စရာပါပဲ။ ဒါ့အပြင် ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမယ့် မန်စီးတီးနဲ့ တအုပ်စုတည်း လက်အောက်က အသင်းလည်း ဖြစ်နေလို့ ပိုခံရခက်နေမှာ သေချာကာ မန်စီးတီး အတွက်တော့ ဂျီရိုနာရဲ့ နိုင်ပွဲက အနည်းနဲ့ အများဆိုသလို အကျိုး သက်ရောက်မှုတော့ ရှိခဲ့တာ အမှန်ပါပဲ။


လူမျိုးရေး ခွဲခြားခံခဲ့ရပြန်တဲ့ ဗင်နီ ဂျူနီယာ

ဗင်နီးဆီးယက်စ် အတွက်တော့ လာလီဂါက စိတ်ပျက်စရာ ကောင်းလောက်အောင်ကို ဖြစ်နေခဲ့ရပါပြီ။
ပွဲတိုင်းနီးပါး လူမျိုးရေး ခွဲခြား တိုက်ခိုက်ခံနေရတဲ့ ဗင်နီးဆီးယပ်စ်

ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဗင်နီးဆီးယက်စ် ဂျူနီယာဟာ မနေ့ညက ကစားခဲ့တဲ့ ဂျီရိုနာနဲ့ ပွဲမှာ လူမျိုးရေး ခွဲခြားမှုတွေကို ရင်ဆိုင်ခဲ့ရပြန်ပါပြီ။ ဒီရာသီမှာ သူ့ကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုတွေက အများကြီး ရှိနေခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းအပြီး ကခုန် အောင်ပွဲခံမှုကို ဝေဖန်ရာ ကနေ လူမျိုးရေးခွဲခြားမှုတွေ စတင်လာခဲ့တာပါ။

ဂျီရိုနာ ပရိသတ်တွေဟာ ဗင်နီးဆီးယက်စ်ကို မျောက်လို့ ဝိုင်းအော်ခဲ့ကြတာ ဖြစ်ပြီး ကစားသမားဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဗင်နီးဆီးယက်စ်က အသင်း ဂျာစီပေါ်က ဖီဖာကမ္ဘာ့ကလပ် ချန်ပီယံ ဆိုတဲ့ အမှတ်အသားကို လက်နဲ့ ညွှန်ပြခဲ့ကာ တုံ့ပြန်ခဲ့ပြီး လူကြီးလူကောင်းဆန်တဲ့ အမူအရာကိုသာ လုပ်ပြသွားခဲ့ပါတယ်။

ဂျီရိုနာ ကစားသမား တချို့ဟာလည်း ပွဲချိန်အတွင်း ဗင်နီးဆီးယက်စ်နဲ့ ပြသနာ တက်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဗင်နီးဆီးယက်စ်က ကွင်းအတွင်း လဲကျနေချိန်မှာလည်း ဘောလုံးနဲ့ တည်ကန်တာမျိုးတွေကို ပြုလုပ်ခဲ့ကြပါသေးတယ်။ ဗင်နီးဆီးယက်စ် အတွက်တော့ လာလီဂါက စိတ်ပျက်စရာ ကောင်းလောက်အောင်ကို ဖြစ်နေခဲ့ရပါပြီ။

စီးရီးအေ
တိုရီနို
အတ္တလန်တာ
1X2 သရေ (Draw) @ 3.15
ဂိုးပေါ် 2.25 @ 1.90
ဂိုးပေါင်း 2-3 @ 1.89
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အသင်းရဲ့ စွမ်းဆောင်ရည်ကို ပေါက်ကွဲနေတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကတော့ ဂျီရိုနာကို အဝေးကွင်းမှာ အရေးနိမ့်အပြီး အသင်းရဲ့ စွမ်းဆောင်ရည် အတွက် တော်တော်လေး ဒေါသထွက်နေပါတယ်။ ၄-၂ နဲ့ အရေးနိမ့်ခဲ့ရာမှာ ရီးရဲလ်တို့ ၄-၁ နဲ့ အရေးနိမ့်ရတဲ့ အထိ ဖြစ်ခဲ့ရပြီး ချေပဂိုး တစ်ဂိုး ထပ်ရခဲ့လို့သာ ဂိုးကွာခြားချက်ကို လျှော့ချနိုင်ခဲ့တာပါ။

ပွဲအပြီးမှာ အန်ဆယ်လော့တီက “ ဘောလုံးမရှိချိန်မှာ လိုက်မကစားခဲ့သလို သန်မာမှုလည်း ချို့တဲ့ခဲ့တယ်၊ ဘောလုံးရှိချိန် ဆိုရင် ကောင်းမွန်ခဲ့ပေမယ့် မရှိရင်တော့ နေရာလွတ်တွေ ပေးရပြီး သူတို့က ပထမဆုံး တိုက်စစ်ဆင်မှု ၂ ကြိမ် ကနေ ၂ ဂိုး သွင်းသွားပါတယ်၊ တော်တော်လေး နာကျင်ရပြီး အမြန်ဆုံး ပြန်နိုးထရပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒီရှုံးပွဲကြေင့် ရီးရဲလ်ဟာ အက်သလက်တီကိုမက်ဒရစ်သာ အနိုင်ရသွားမယ် ဆိုရင် ၂ မှတ်သာ ကွာဟတော့မှာ ဖြစ်ပြီး အဆင့် ၂ နေရာ ကိုပါ လွှဲပေးရနိုင်ချေ ရှိနေပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မပူရပေမယ့်လည်း အဆင့် ၂ နေရာ အတွက် မြို့ခံ ပြိုင်ဘက်နဲ့ ပြိုင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်