နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ – ညနေခင်း သတင်းများ (၂၈/၉/၂၀၂၂)

စက်တင်ဘာ ၂၈ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘယ်လင်ဂမ်ကို လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ စီစဉ်နေတဲ့ ရီးရဲယ်မက်ဒရစ်

လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ်ဟာ ဒေါ့မန် ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ်ကို အရ ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိကြောင်း သတင်းအရင်းမြစ် တချို့ရဲ့ အတည်ပြုချက်အရ သိရပါတယ်။ ဘယ်လင်ဂမ် ကတော့ လက်ရှိ အချိန်ထိ သူ့ရဲ့ အနာဂတ် အတွက် ဆုံးဖြတ်ချက် မရသေးဘူးလို့ သိရသလို ကမ္ဘာ့ဖလား ပြိုင်ပွဲ မပြီးခင်မှာ စဉ်းစားသွားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားထားခဲ့ဖူးပါတယ်။

ရီးရဲယ်မက်ဒရစ် ဘက်က ဘယ်လင်ဂမ်ရဲ့ သဘောထားကို နားလည်ပေမယ့် အခြား အသင်းတွေထက် လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ဖို့ အတွက် အခုလို စိတ်ဝင်စားမှုကို ပြသနေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ်ဟာ အသင်းရဲ့ အနာဂတ် ကွင်းလယ်ပိုင်း အတွက် ချူအာမန်နီ၊ ကာမာဗင်ဂါ တို့လို လူငယ်ကစားသမားတွေနဲ့ တည်ဆောက်ထားပြီး ဖြစ်ပေမယ့် ဘယ်လင်ဂမ်ကို ထပ်မံ ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း စပိန် သတင်းဌာနတွေက ဖော်ပြကြပါတယ်။

ဒေါ့မန် ဘက်ကတော့ ဘယ်လင်ဂမ်ရဲ့ ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင်သန်း (၁၀၀) သတ်မှတ်ထားပေမယ့် လက်ရှိ အချိန်ထိ လုံးဝ ရောင်းထုတ်လိုခြင်း မရှိသေးသလို မကြာသေးခင် အချိန် ကလည်း ၂၀၂၃ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးထားပါတယ်။ အသက် ၁၉ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင် ကိုတော့ ရီးရဲယ်မက်ဒရစ် အပြင် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ လစ်ဗာပူးလ်၊ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး တို့က အသည်းအသန် လိုချင်နေပြီး စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်နဲ့ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


ကမ္ဘာ့ဖလား ပြီးမှပဲ အနာဂတ်ကို ဆုံးဖြတ်မယ့် မက်ဆီ

၂၀၂၁ ခုနှစ်မှာ လာလီဂါ ကလပ် ဘာဆာ ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့တဲ့ မက်ဆီဟာ ပြင်သစ် ထိပ်သီး အသင်းနဲ့ ၂ နှစ် သက်တမ်းရှိတဲ့ စာချုပ် တစ်ရပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။
မက်ဆီကို တစ်ရာသီ သက်တမ်း တိုးသွားဖွယ် ရှိနေတဲ့ ပီအက်စ်ဂျီ

ဘာစီလိုနာက ပြန်လည် ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်နေတဲ့ လီယွန်နယ် မက်ဆီ ကတော့ ကမ္ဘာ့ဖလား အပြီးမှသာ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက်ချသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အာဂျင်တီးနား အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ လက်ရှိမှာ ဘယ်အသင်းကမှ ချိတ်ဆက် ကမ်းလှမ်းလာခဲ့ခြင်း မရှိသေးဘူးလို့ သတင်းတွေက အတည်ပြု ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်မှာ လာလီဂါ ကလပ် ဘာဆာ ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့တဲ့ မက်ဆီဟာ ပြင်သစ် ထိပ်သီး အသင်းနဲ့ ၂ နှစ် သက်တမ်းရှိတဲ့ စာချုပ် တစ်ရပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ရာသီအကုန်မှာ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် မက်ဆီကို အသင်းဟောင်း ဖြစ်တဲ့ ဘာစီလိုနာက ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့် လက်ရှိမှာတော့ ဘယ်အသင်းကမှ ကမ်းလှမ်းထားခြင်း မရှိသေးဘူး ဆိုပြီး သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

လက်ရှိ ရာသီ ပီအက်စ်ဂျီမှာ ၁၁ ပွဲ ကစားပြီး ၆ ဂိုးသွင်းကာ ခြေစွမ်းပြနေတဲ့ မက်ဆီကို ပြင်သစ် ကလပ် ဘက်က ၁ နှစ် သက်တမ်း တိုးဖို့ ပြင်ဆင်နေတယ် လို့တော့ ပြင်သစ် အခြေစိုက် သတင်းဌာန တချို့က ဖော်ပြလျက် ရှိပါတယ်။


လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးကြောင်း အင်နာကီ ဝီလီယမ်စ် ဖွင့်ဟ

ဘီလ်ဘာအို အသင်းရဲ့ တိုက်စစ်မှူး အင်နာကီ ဝီလီယမ်စ်ဟာ ၂၀၁၉ ခုနှစ်တုန်းက ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ဒါနဲ့ ပတ်သတ်လို့ အင်နာကီ ဝီလီယမ်စ်က “ကျနော် အသင်းကနေ ထွက်ခွာဖို့ ရွေးချယ်ခွင့် ရှိခဲ့ပါတယ်။ ချိတ်ဆက်မှုတွေ အများအပြားလည်း လက်ခံ ရရှိခဲ့ပြီး ကျနော် ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီလို ကလပ်တွေက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာက ဝမ်းသာစရာပါ။ ဒါပေမယ့် ကျနော့် အတွက်တော့ ဘီလ်ဘာအိုမှာ ဆက်ရှိနေဖို့က အမြဲတမ်း ရှင်းလင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။” လို့ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ် အရွယ် ဂါနာ လက်ရွေးစင်ဟာ ဂျာဂျင်ကလော့ပ်ရဲ့ အသင်းထံ ပြောင်းရွှေ့ဖွယ် ရှိကြောင်း ကောလာဟလတွေ တောက်လျောက် ထွက်ပေါ်ခဲ့ဖူးပေမယ့် နောက်ဆုံး မှာတော့ ဘီလ်ဘာအို မှာပဲ ဆက်ရှိနေခဲ့သူလည်း ဖြစ်ပါတယ်။

နာမည်ကြီး AS သတင်းဌာနရဲ့ အခုနှစ် အစောပိုင်းက ဖော်ပြချက် အရ လစ်ဗာပူးလ်ဟာ အင်နာကီ ဝီလီယမ်စ်ကို ယူရို ၈၈ သန်း တန်ကြေး ရှိတဲ့ စာချုပ် ဖျက်သိမ်းကြေး ပေးပြီး ခေါ်ယူဖို့ ကြိုးပမ်း‌ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကတော့ လာလီဂါ ကလပ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း တိုးခဲ့သလို သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ကိုလည်း ယူရို ၁၃၅ သန်း အထိ တိုးမြှင့်ခဲ့တယ်လို့ သိပါတယ်။

အင်နာကီ ဝီလီယမ်စ်ဟာ ၂၀၁၄ ခုနှစ် ကနေ စလို့ ဘီလ်ဘာအို အတွက် လာလီဂါ ပွဲစဉ် ၂၀၃ ပွဲ ဆက်တိုက် ကစားထားခဲ့သူ အဖြစ် စံချိန်တင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်