နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ – မနက်ခင်း သတင်းများ (၂၁/၁၀/၂၀၂၂)

အောက်တိုဘာ ၂၁ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူရိုသန်း ၁၀၀ တန် ကစားသမား ဖြစ်လာတဲ့ ဗယ်လ်ဗာဒီ

မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ အယ်လ်ချီကို ရီးရဲလ်မက်ဒရစ်က ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ကားလို အန်ဆယ်လော့တီရဲ့ အသင်းဟာ အယ်လ်ချီနဲ့ တွေ့တိုင်း ရုန်းကန်ရလေ့ ရှိပေမယ့် ဂိုးပြတ် အနိုင်ယူခဲ့ပြီး ရီးရဲလ်တို့ အကျပ်အတည်း တွေ့တိုင်းမှာ ကယ်တင်ပေးနေတဲ့ ကွင်းလယ်လူ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီက အဖွင့်ဂိုးကို သွင်းယူပေးခဲ့ကာ ဘန်ဇီမာနဲ့ အဆန်စီယို တို့က နောက်ထပ် သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။

ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဗယ်လ်ဗာဒီ ကတော့ ဆက်တိုက် ခြေစွမ်းပြနေတာ ဖြစ်ပြီး ရီးရဲလ် အတွက် မရှိမဖြစ် ကစားသမား ဖြစ်လာနေပါတယ်။ ဘာစီလိုနာနဲ့ ပွဲမှာလည်း ခြေစွမ်းပြ ဂိုးသွင်းခဲ့တဲ့ ဥရုဂွေးသားဟာ အောက်တိုဘာလသာ ရှိသေးချိန်မှာ ၆ ဂိုးအထိ သွင်းယူထားပြီး ဖြစ်ကာ ပြီးခဲ့တဲ့ ရာသီက သွင်းဂိုး တစ်ဂိုးတည်းသာ ရရှိခဲ့တဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့ပြီး အံ့အားသင့်စရာ ကောင်းလောက်အောင် ခြေစွမ်းပြနေခဲ့တာပါ။

သူ့ရဲ့ ခြေစွမ်းပြမှုကြောင့် ရီးရဲလ်မက်ဒရစ်က ဗယ်လ်ဗာဒီရဲ့ တန်ကြေးကို ယူရိုသန်း ၁၀၀ အထိ သတ်မှတ်လိုက်ပြီလို့လည်း သိရပါတယ်။ အဆိုပါ ပမာဏအောက် ငွေကြေးနဲ့ ကမ်းလှမ်းမှုတွေ ကိုလည်း လက်ခံစဉ်းစားမှာ မဟုတ်ဘဲ ပယ်ချသွားမယ်လို့ သိရပြီး အသင်းရဲ့ အနာဂတ်မှာ ရေရှည် အားကိုးရမယ့် ကစားသမား တစ်ဦး အဖြစ် ဗယ်လ်ဗာဒီကို သတ်မှတ်ထားတယ် လို့လည်း ဆိုပါတယ်။


အသင်း ပွဲစဉ် မတိုင်ခင် သေဆုံးခဲ့တဲ့ ရီးရဲလ်ဆိုစီဒက် ပရိသတ်

မနေ့က ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်ဖြစ်တဲ့ ရီးရဲလ် ဆိုစီဒက်နဲ့ မာယော့ကာ တို့ရဲ့ ပွဲစဉ် မတိုင်ခင်မှာ ဆိုစီဒက် ပရိသတ် တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အဆိုပါ ပွဲစဉ်ကို ၁၅ မိနစ် နောက်ကျပြီးမှ ကစားခဲ့ရကာ ဆိုစီဒက်က ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိသတ် တစ်ဦး ကွယ်လွန်ခဲ့ရတဲ့ အတွက် အသင်း အတွက်တော့ ဝမ်းနည်း ကြေကွဲစရာ ဖြစ်ခဲ့ရပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဖူလ်ဟမ်
1X2 ဖူလ်ဟမ် @ 3.35
လိဒ် ယူနိုက်တက် အာရှ အကျောပေး -0.75 @ 2.40
ဂိုး‌အောက် 2.50 @ 2.14
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲကြည့်စင်ပေါ်က အဆိုပါပရိသတ်ကို ကူညီဖို့ အတွက် လုပ်ဆောင်ခဲ့ပြီး ဆေးရုံ ပို့ဆောင်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ လက်ရှိအချိန် ထိတော့ ပရိသတ် ကွယ်လွန်ခဲ့တာဟာ ဘာကြောင့်လဲ ဆိုတာကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ စပိန် မီဒီယာ ကတော့ သေဆုံးသူဟာ အသက် ၇၅ နှစ် အရွယ် အမျိုးသား တစ်ဦး ဖြစ်ပြီး အသင်း အဖွဲ့ဝင် တစ်ဦး ဖြစ်တယ်လို့ ဖော်ပြမှုတွေ ရှိနေပါတယ်။

ဆိုဆီဒက် အတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ မီကဲလ်မာရီနိုက “ဘ၀မှာ ဘောလုံးထက် အရေးကြီးတဲ့ အရာတွေ အများကြီးပါတယ်၊ ဒီအောင်ပွဲက သူနဲ့ သူ့မိသားစုအတွက်ပါ” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန် အတွင်းမှာ မာယော့ကာက ချေပဂိုး ပြန်သွင်းခဲ့ပြီး VAR ပြန်လည် ကြည့်ရှုခဲ့ကာ ပယ်ဖျက်ခဲ့လို့ ဆိုဆီဒက်တို့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။


Kopa ဆုကို ဂါဗီ မရသင့်ဘူးလို့ ပြောခဲ့တဲ့ နေဂဲလ်စ်မန်းကို ပြန်လည် တုံ့ပြန်ခဲ့တဲ့ ဇာဗီ

ဘယ်လွန်ဒေါဆုနဲ့အတူ ပေးခဲ့တဲ့ လူငယ်အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ Kopa Trophy ကို ဒေါ့မန် ကစားသမား ဘယ်လင်ဂမ်နဲ့ ဘေယန်မြူးနစ်က မူစီယာလာတို့ ရခဲ့သင့်တယ်လို့ ပြောဆိုခဲ့တဲ့ ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းကို ဘာစီလိုနာ နည်းပြ ဇာဗီက ပြန်လည် တုံ့ပြန်လိုက်ပါတယ်။ အဆိုပါဆုကို ဘာဆာ ကစားသမား ဂါဗီက ရရှိခဲ့တာ ဖြစ်ပြီး သူဆွတ်ခူးခဲ့မှုက ထိုက်တန်မှု မရှိဘူးလို့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဇာဗီ ကတော့ “ဂါဗီနဲ့ လီဝမ်ဒေါစကီးတို့ အတွက် ကျနော် ဂုဏ်ယူပါတယ်၊ ကျနော့် အတွက်တော့ သူတို့ရရှိခဲ့တဲ့ ဆုတွေနဲ့ ထိုက်တန်ကြပါတယ်၊ ဘာဆာက ရှင်သန်နေတုန်း၊ ဘာဆာက အဲဒီ စင်မြင့်မှာ ရှိနေဆဲပါ၊ ရလဒ်ကောင်းတွေ မရလို့ မပျော်ရွှင် ဖြစ်နေရပေမယ့်လည်း ကျနော်တို့က အဲဒီ စင်မြင့်ထက်မှာ ရှိနေတုန်းပါပဲ၊ တစ်ဦးချင်း ဆုတံဆိပ်တွေကို ကျနော့် ကစားသမားတွေ ရတာကို မြင်ရတာက တကယ် မိုက်ပါတယ်၊ အခု ကျနော်တို့ ဆုဖလားတွေ ထပ်ယူချင်နေပါပြီ”

“နေဂဲလ်စ်မန်းရဲ့ မှတ်ချက် ကိုတော့ ကျနော် ဘာမှမပြောချင်တော့ပါဘူး၊ လူတိုင်းမှာ သူတို့ အမြင်ကို ဖော်ပြခွင့် ရှိပါတယ်” လို့ ပြောဆိုသွားခဲ့တာပါ။ နေဂဲလ်စ်မန်း ကတော့ အဆိုပါဆုကို ဂါဗီ ရရှိခဲ့လို့ သူ ပျော်ရွှင်ရပေမယ့်လည်း အမှန်တကယ် ထိုက်တန်တာ ကတော့ ဘယ်လင်ဂမ်နဲ့ မူစီအာလာ တို့သာ ဖြစ်တယ်လို့ လူသိရှင်ကြား ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်