နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ – ညနေခင်း သတင်းများ (၂၄/၉/၂၀၂၂)

စက်တင်ဘာ ၂၄ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အာရူဂျိုပါ ဒဏ်ရာရသွားလို့ ပျားတုပ်နေတဲ့ ဘာစီလိုနာ

စပိန် လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ နိုင်ငံတကာပွဲတွေကို တော်တော်လေး စိတ်နာနေလောက်ပါပြီ။ နိုင်ငံ ပွဲတွေ စတင် ကစားတဲ့ ပထမဆုံး ရက်မှာပဲ ဒီပိုင်း၊ ဒီဂျောင်နဲ့ ကွန်ဒေး တို့က နယ်သာလန်နဲ့ ပြင်သစ်တို့ အတွက် ကစားပေးရင်း ဒဏ်ရာရသွားခဲ့ပါတယ်။

မနေ့က ဒုတိယမြောက်နေ့မှာ ဥရုဂွေး အတွက် ဝင်ကစားပေးတဲ့ ရော်နယ် အာရူဂျိုလည်း ဒဏ်ရာကြောင့် လူစားလဲခဲ့ရလို့ သူတို့ရဲ့ အဓိက ကစားသမား ၄ ဦး အထိ ဒဏ်ရာရတာကို ကြုံတွေ့လိုက်ရလို့ပါ။ အခုဆိုရင် အဲဒီထဲက ကစားသမား တချို့က ကလပ်အသင်းကို ဒဏ်ရာတွေနဲ့ ပြန်ရောက်လာပြီလို့ သိရပြီး လက်ရွေးစင် အသင်း အတွက် မကစားတော့ဘဲ ဒဏ်ရာ ပျောက်ကင်းဖို့ကို အားထုတ်ရတော့မှာပါ။ ဘာစီလိုနာ ပရိသတ်တွေ ကတော့ အသင်းက ဒီရာသီမှာ ခြေစွမ်းပြနေသလို ရလဒ်ကောင်းတွေလည်း ပိုင်ဆိုင်နေချိန်မှာ အားထားရတဲ့သူတွေ ဒဏ်ရာရလာလို့ စိတ်ဆိုးနေကြပါတယ်။

သူတို့ ဇာဗီ အတွက်လည်း ဒါက တော်တော်လေး စိတ်ပျက်စရာဖြစ်နေမှာ သေချာပါတယ်။ အဆိုပါ ကစားသမားတွေက သူ့ရဲ့ ဒီရာသီစီမံကိန်းမှာ အဓိက နေရာက ပါဝင်နေသူတွေ ဖြစ်ပြီး မကစားနိုင်ဘူး ဆိုရင် အသင်းတွင်းမှာ အလှည့်အပြောင်းတွေ လုပ်ရတော့မှာပါ။ ဘာဆာက ဒီရာသီ လာလီဂါမှာ ရှုံးပွဲ မရှိသေးဘဲ ဆက်တိုက် အနိုင်ရနေပြီး အဆင့် ၂ နေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။


အမ်ဘာပေးကို စိတ်မဝင်စားတော့ဘဲ မခေါ်ယူတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်

လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ PSG တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးကို သူတို့ဘက်က အလွန်အမင်း စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိအချိန် မှာတော့ မခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလမှာ အမ်ဘာပေးကို အရ ခေါ်ယူဖို့ ရီးရဲလ်က အားထုတ်ခဲ့ပေမ့ယ့် ပြင်သစ် ကလပ် ဘက်က သူတို့ရဲ့ ကစားသမားကို မက်မောဖွယ် ခံစားခွင့်တွေ ပေးကာ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

ဒီဘက်နှစ်တွေမှာ ဘရာဇီးလ် ကစားသမားတွေနဲ့ အကျိုးပေးနေတဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ နောက်ထပ် ဘရာဇီးလ်သား တစ်ဦးကို ယူရို သန်း ၃၀ နဲ့ ခေါ်ယူနိုင်ဖို့ နိးစပ်နေတယ်လို့ သိရပါတယ်။
ဒေါ့မန် ကွင်းလယ်လူ ဘယ်လင်ဂမ် ကိုလည်း စောင့်ကြည့်နေတဲ့ ရီးရဲယ်မက်ဒရစ်

ရီးရဲလ်က အမ်ဘာပေးကို ယူရို သန်း ၂၀၀ အထိ ပေးချေကာ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရပြီး အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကစားသမားဘက်က စာချုပ်သစ် ချုပ်ဆိုသွားခဲ့တာပါ။ လက်ရှိ မှာလည်း ရီးရဲလ် အတွက် ဗင်နီးစီးယပ်စ်နဲ့ ရိုဒရီဂို တို့ ခြေစွမ်းပြနေပြီး အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားကိုးရမယ့် သူတွေ ဖြစ်နေတာကြောင့် အမ်ဘာပေးကို မလိုအပ်တော့ဘူးလို့ ယူဆခဲ့ဟန် ရှိပါတယ်။

ဗင်နီးစီးယပ်စ်နဲ့ အမ်ဘာပေး တို့က ကစားဟန် ဆင်တူပြီး ရီးရဲလ် အတွက် အမှန်တကယ် လိုအပ်တာ ကတော့ ဘန်ဇီမာ နေရာကို အစားထိုးရမယ့် အထောင် တိုက်စစ်မှူး ဖြစ်ပါတယ်။


နောက်ထပ် ဘရာဇီးလ်သား တစ်ဦးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ရီးရဲလ်

ဒီဘက်နှစ်တွေမှာ ဘရာဇီးလ် ကစားသမားတွေနဲ့ အကျိုးပေးနေတဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ နောက်ထပ် ဘရာဇီးလ်သား တစ်ဦးကို ယူရို သန်း ၃၀ နဲ့ ခေါ်ယူနိုင်ဖို့ နိးစပ်နေတယ်လို့ သိရပါတယ်။ ကက်စ်မဲရိုးကို မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောင်းချခဲ့ပြီးနောက် ချူဝါမန်နီကို အစားထိုးနိုင်ခဲ့ပေမယ့်လည်း အရန် ကစားသမား တစ်ဦးတော့ အသင်းက လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘရာဇီးလ် စီးရီးအေ ကလပ် ဖလာမင်ဂို အသင်းက ကွင်းလယ် ခံစစ် ကစားသမား ယာအို ဂိုမက်စ်ကို ခေါ်ယူဖို့ ရီးရဲလ်က ပစ်မှတ်ထားလာခဲ့တာပါ။ အဆိုပါ ကစားသမား ကတော့ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးပြီး ဖလာမင်ဂို အတွက် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဘရာဇီးလ် ကလပ်က ဒီကစားသမားရဲ့ တန်ကြေးကို ယူရို သန်း ၃၀ အထိ သတ်မှတ်ထားကာ ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့ အဆိုပါ ပမာဏ အတိုင်း ပေးချေသွားရမှာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရီးရဲလ်က ဒေါ့မန် ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ခေါ်ယူဖို့လည်း စဉ်းစားနေပါတယ်။ ရီးရဲလ်က လူငယ်ကစားသမားတွေနဲ့ ပြန်လည် တည်ဆောက်နေပြီး အသွင်သစ်နဲ့ ဖွဲ့စည်းဖို့ အတွက် အားထုတ်နေတာပါ။ လက်တလော မှာတော့ နေရာစုံမှာ အားထားရတဲ့ လူငယ် ကစားသမားတွေလည်း ပိုင်ဆိုင်ထားပြီး အသင်းကြီးမှာ ခြေစွမ်းပြ ကစားနေကြသူတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်