နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်နဲ့ ပွဲကို ဘန်ဇီမာ ပါဝင်မယ်လို့ အန်ဆယ်လော့တီ အတည်ပြု၊ အနားမယူသေးဘဲ ဘောလုံး ဆက်ကစားဦးမယ် ဆိုတဲ့ လူကာ မိုဒရစ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

လစ်ဗာပူးလ်နဲ့ ပွဲကို ဘန်ဇီမာ ပါဝင်မယ်လို့ အန်ဆယ်လော့တီ အတည်ပြု၊ အနားမယူသေးဘဲ ဘောလုံး ဆက်ကစားဦးမယ် ဆိုတဲ့ လူကာ မိုဒရစ် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လစ်ဗာပူးလ်နဲ့ ပွဲကို ဘန်ဇီမာ ပါဝင်မယ်လို့ အန်ဆယ်လော့တီ အတည်ပြု

စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြ ကားလို အန်ဆယ်လော့တီက လစ်ဗာပူးလ်နဲ့ ကစားရမယ့် ဒီနေ့ည ချန်ပီယံလိဂ် ပွဲစဉ်မှာ တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာ ပါဝင်လိမ့်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ဘန်ဇီမာ ကတော့ ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပြီး ပြန်လည် သက်သာလာချိန်မှာ ဝင်ကစားပေးမှာ ဖြစ်ပါတယ်။

ဘန်ဇီမာရဲ့ အနေအထားနဲ့ ပတ်သက်ပြီး အန်ဆယ်လော့တီက “ သူ့ အခြေအနေ ကောင်းနေတာကို ကျနော် မြင်ပါတယ်၊ မနက်ဖြန် သူ ပွဲထွက်ပါလိမ့်မယ်” လို့ ပြောခဲ့တာပါ။ ဒါပေမယ့် အဓိက ကွင်းလယ်လူတွေ ဖြစ်တဲ့ တိုနီ ခရူးစ်နဲ့ ချူဝါမန်နီ တို့ကတော့ ဒီပွဲကို လွဲချော်မှာ ဖြစ်ပြီး ကာမာဗင်ဂါနဲ့ မိုဒရစ်ကို တွဲဖက်ပေးရဖွယ် ရှိနေပါတယ်။
ရီးရဲလ် ကတော့ လာလီဂါမှာ ဘာစီလိုနာနောက် အမှတ်ပြတ်နေပြီး ချန်ပီယံလိဂ် ဖလားကို ပိုမို အားခဲထားဖွယ် ရှိပါတယ်။ လစ်ဗာပူးလ် ကလည်း ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေရာ ကနေ အခုမှ ပြန်လည် ကောင်းမွန်လာလို့ အနေအထားချင်း တူညီနေတဲ့ နှစ်သင်း ရင်ဆိုင်ရတာ ဖြစ်ပါတယ်။


အနားမယူသေးဘဲ ဘောလုံး ဆက်ကစားဦးမယ် ဆိုတဲ့ လူကာ မိုဒရစ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ လူကာ မိုဒရစ်က သူ ကစားသမား ဘ၀ ကနေ အနားယူဦးမှာ မဟုတ်သေးဘဲ ဆက်လက် ကစားနေဦးမယ်လို့ ပြောဆိုလိုက်ပါတယ်။
ဘောလုံးသမား ဘဝ ကနေ အနားမယူသေးပဲ ရီးရဲလ်မက်ဒရစ်မှာ ဆက်ကစားချင်ကြောင်း ပြောလာတဲ့ မိုဒရစ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ လူကာ မိုဒရစ်က သူ ကစားသမား ဘ၀ ကနေ အနားယူဦးမှာ မဟုတ်သေးဘဲ ဆက်လက် ကစားနေဦးမယ်လို့ ပြောဆိုလိုက်ပါတယ်။ သူနဲ့ ရီးရဲလ်ကြား စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ကလည်း ဒေါ့မန် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဂမ် အပေါ်မှာ မူတည်တာမျိုး မဟုတ်ဘူး လို့လည်း သူက ပြောခဲ့ပါတယ်။

မိုဒရစ်က “ ကျနော်က ဒီအသင်းမှာ ဆက်ရှိနေဖို့ အတွက် ထိုက်တန်တယ်လို့ ခံစားရပါတယ်၊ ကျနော်က စာချုပ်သစ်နဲ့ ထိုက်တန်တယ်လို့ အသင်းက ခံစားရရင် ကျနော် ဒီမှာ ဆက်ရှိနေမှာပါ၊ ဒါပေမယ့် ဒါက ကျနော် အရင်တုန်းက ဘာတွေ လုပ်ပြခဲ့လဲ၊ ဒါမှမဟုတ် ကျနော် ရရှိခဲ့တဲ့ အောင်မြင်မှု သမိုင်းတွေ အပေါ်မှာပဲ မူတည်နေတာတော့ မဟုတ်ပါဘူး”

“ အခုထိတော့ စကားပြောဆိုထားတာမျိုး မရှိပေမယ့် ကျနော် ကတော့ စိတ်အေးလက်အေးပါပဲ၊ ဒီအသင်းက ကျနော့် ဘ၀ရဲ့ အသင်း ဖြစ်ပြီး ရာသီကုန်မှာ ဘာတွေပဲ ဖြစ်လာဖြစ်လာပါ၊ အဲဒီခံစားချက်နဲ့ ဆက်ဆံရေးကို ဖျက်စီးပစ်လို့ မရပါဘူး” လို့ သူက ထပ်ပြောသွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လိုက်ဇစ်
မန်ချက်စတာစီးတီး
1X2 မန်ချက်စတာစီးတီး @ 1.82
ဂိုးပေါ် 3.00 @ 2.16
ဂိုးပေါင်း 4-6 @ 3.15
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်နိုင်ဖွယ်ရာ ရှိလာတဲ့ ဒါဝင် နူညက်ဇ်

လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရတော့မယ့် ဒီနေ့ည ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်ကို ဝင်ရောက်ကစားနိုင်ဖွယ်ရာရှိနေပါတယ်။ အစောပိုင်းမှာ ဒဏ်ရာရရှိခဲ့လို့ ဒီပွဲကို လွဲချော်တော့မယ့်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့် အခုအခါမှာ အသင်းနဲ့ အတူ ပြန်လည် လေ့ကျင့်နေတာ ဖြစ်ပါတယ်။

နူညက်ဇ်က လက်ရှိမှာ အသင်း အတွက် ခြေစွမ်းပြနေပြီး လေ့ကျင့်ခန်း ပြန်ဆင်းနေတာက နည်းပြကြီး ယာဂင် ကလော့ပ် အတွက်တော့ ဝမ်းသာစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ကတော့ သူတို့ကို အန္တရာယ် ကြီးကြီးမားမား ပေးနိုင်တဲ့ ကစားသမားတစ်ဦး ပါဝင်လာမှာမို့ သတိထားဖို့တော့ လိုအပ်လာပါပြီ။

ဒါပေမယ့် ဒီပွဲ ကိုတော့ လစ်ဗာပူးလ်က ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာ မပါဝင်ဘဲ ကစားရမှာ ဖြစ်ပါတယ်။ ဖာမီနို၊ ဒီအိုဂို ဂျိုတာ တို့လည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီ ဖြစ်လို့ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပြီး အိမ်ကွင်းမှာ စပိန်ဘီလူးကြီးကို ကောင်းကောင်း ဧည့်ခံနိုင်မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်