နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖီဖာရဲ့ အကောင်းဆုံး အသင်း ဆန်ခါတင် စာရင်းမှာ ရီးရဲလ်မက်ဒရစ် ကစားသမား ၅ ဦး အထိ ပါဝင်နေ၊ ဘာစီလိုနာကို မက်ဆီ ပြန်လာဖို့ မျှော်လင့်နေတဲ့ အာရူဟို (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဖီဖာရဲ့ အကောင်းဆုံး အသင်း ဆန်ခါတင် စာရင်းမှာ ရီးရဲလ်မက်ဒရစ် ကစားသမား ၅ ဦး အထိ ပါဝင်နေ၊ ဘာစီလိုနာကို မက်ဆီ ပြန်လာဖို့ မျှော်လင့်နေတဲ့ အာရူဟို စတသတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဖီဖာရဲ့ အကောင်းဆုံး အသင်း အတွက် ဆန်ခါတင် စာရင်းမှာ ရီးရဲလ်မက်ဒရစ် ကစားသမား ၅ ဦး အထိ ပါဝင်နေ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကစားသမား ၅ ဦးဟာ ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်း The Best အတွက် ဆန်ခါတင် ကစားသမား ၂၆ ဦး စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဒီရွေးချယ်မှု ကိုတော့ ဒီလ အတွင်းမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး တစ်ဦးချင်း ဆုတွေ အပြင် အကောင်းဆုံး အသင်း ကိုပါ ရွေးချယ်သွားမှာပါ။

ဒီဆန်ခါတင် စာရင်း မှာတော့ ရီးရဲလ်မက်ဒရစ် ကစားသမားတွေ ဖြစ်တဲ့ ဂိုးသမား သီဘောက် ကော်တွိုက်စ်၊ နောက်ခံလူ ရူဒီဂါ၊ ကွင်းလယ်လူ လူကာ မိုဒရစ်နဲ့ ဖီဒီ ဗယ်လ်ဗာဒီ၊ တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာတို့ ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ရီးရဲလ် ကစားသမားဟောင်း ကက်စ်မဲရိုးလည်း ပါဝင်နေပေမယ့် လက်ရှိ မှာတော့ သူက ယူနိုက်တက်ကို ကိုယ်စားပြုနေတာပါ။

အခြားပါဝင်နေတဲ့ ကစားသမားတွေ ကတော့ အယ်လစ်ဆန်၊ အီမီလီယာနိုမာတီနက်ဇ်၊ ကန်ဆယ်လို၊ ဗန်ဒိုက်၊ ဂျီဗာဒီရယ်လ်၊ ဟာကီမီ၊ သီယို ဟာနန်ဒက်ဇ်၊ သီယာဂို ဆေးလ်ဗား၊ ဘယ်လင်ဟမ်၊ ဒီဘရိုင်းနား၊ အန်ဇို ဖာနန်ဒက်ဇ်၊ ဂါဗီ၊ ပီဒရီ၊ ရော်နယ်ဒို၊ မက်ဆီ၊ ဟာလန်း၊ အမ်ဘာပေး၊ နေမာ၊ လီဝမ်ဒေါစကီး တို့ပဲ ဖြစ်ပါတယ်။

လာလီဂါ
အိုဆာစူနာ
ရီးယဲလ်မက်ဒရစ်
1X2 ရီးယဲလ်မက်ဒရစ် @ 1.84
ဂိုးအောက် 2.50 @ 1.90
ဂိုးပေါင်း 0-1 @ 3.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒူးဒဏ်ရာကြောင့် ရာသီကုန်ထိ နားရတော့မယ့် ကိုကွီလင်

လာလီဂါ ကလပ် ဗီလာရီးရဲလ် ကွင်းလယ်လူ ဖရန်စစ် ကိုကွီလင်ဟာ ဘာစီလိုနာကို ၁-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူရတော့မယ်လို့ ဗီလာရီးရဲလ် အသင်းက အတည်ပြုခဲ့ပါတယ်။ ကိုကွီလင်ဟာ ပွဲကစားချိန် ပထမပိုင်းမှာ ဒဏ်ရာရရှိခဲ့ပြီး ထမ်းစင်နဲ့တောင်မှ သယ်ထုတ်သွားခဲ့ရတာပါ။

ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ် အပြီးမှာ သူရဲ့ ညာဘက် ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာရရှိခဲ့ပြီးဒါဟာ ကစားသမားတိုင်း ကြောက်ရွံ့ ထိတ်လန့်ရတဲ့ ဒဏ်ရာ ဖြစ်ပါတယ်။ ဒီဒဏ်ရာ ကနေပြန်လည်ကောင်းမွန်လာခဲ့ရင်တောင်မှ ပုံမှန် အတိုင်း ကစားဖို့ အတွက်က ခက်ခဲနေမှာ ဖြစ်ပြီး ကိုကွီလင် အတွက်တော့ စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။

“ လာမယ့် ရက် အနည်းငယ် အတွင်းမှာ ခွဲစိတ် ကုသမှု ပြုလုပ်သွာမှာ ဖြစ်ပြီး ရာသီကုန်ထိ သူအနားယူရပါလိမ့်မယ်” လို့ ဗီလာရီးရဲလ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်ဆက်တွဲအခြေအနေတွေ ကိုလည်း ဆက်လက် အသိပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဗီလာရီးရဲလ် ကတော့ စပိန် လာလီဂါမှာ အဆင့် ၈ နေရာ ရပ်တည်နေတဲ့ အသင်း ဖြစ်ပါတယ်။


ဘာစီလိုနာကို မက်ဆီ ပြန်လာဖို့ မျှော်လင့်နေတဲ့ အာရူဂျို

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ နောက်ခံလူ ရော်နယ် အာရူဟိုက အသင်းဆီကို တိုက်စစ်မှူးဟောင်း မက်ဆီ ပြန်လာခဲ့မယ် ဆိုရင် သူ အရမ်း ပျော်ရွှင်ရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။
လာလီဂါရဲ့ အကောင်းဆုံး နောက်ခံလူ တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ အာရူဟို

စပိန် လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ နောက်ခံလူ ရော်နယ် အာရူဟိုက အသင်းဆီကို တိုက်စစ်မှူးဟောင်း မက်ဆီ ပြန်လာခဲ့မယ် ဆိုရင် သူ အရမ်းပျော်ရွှင်ရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ ဘာစီလိုနာ အတွက် ခြေစွမ်းပြနေပြီး လာလီဂါရဲ့ အကောင်းဆုံး နောက်ခံလူ စာရင်းဝင်နေတဲ့ အာရူဟိုက မက်ဆီကို တော်တော်လေး မျှော်လင့်နေတာပါ။

“ မက်ဆီ ပြန်လာဖို့လား၊ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့၊ ဒါပေမယ့် ကျနော် ကတော့ အဲဒီလိုဖြစ်လာရင် ပျော်ရွှင်မိမှာပါ၊ လီယို ပြန်လာရင် တကယ့် ရှယ်ပေါ့ဗျာ၊ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ပြီး သူပြန်လာရင် အားလုံးပျော်နေမှာပါ၊ ကျနော်သာ ဘာစီလိုနာ အားကစား ဒါရိုက်တာ ဆိုရင် ရိုဒရီဂို ဘန်တန်ကာနဲ့ လီယို မက်ဆီကို ခေါ်ယူမှာပဲ” လို့ အာရူဂျိုက ပြောခဲ့ပါတယ်။

မက်ဆီ ကတော့ ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီမှာ ကစားနေပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေဆဲ အဆင့်မှာသာ ရှိနေပါသေးတယ်။ ဘာဆာကို သူ ပြန်လာနိုင်တယ်လို့သတင်းတွေ ထွက်နေပြီး ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာ အားလုံးက စောင့်ကြည့်နေရကာ မက်ဆီရဲ့ ဆုံးဖြတ်ချက် ကသာ အခရာကျနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်