နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၁၅/၈/၂၀၂၂)

ဩဂုတ်လ ၁၅ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တိုက်စစ် ခြေစွမ်းပြပြီး ရာသီသစ်ကို ဖွင့်လှစ်ခဲ့တဲ့ စပိန် လူမိုက်ကြီး အသင်း

ဂီတာဖေးကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ် ၁ မှာ အက်သလက်တီကိုမက်ဒရစ် အတွက် တိုက်စစ် ကစားသမား ၃ ဦးစလုံး ခြေစွမ်းပြသွားနိုင်ခဲ့ပါတယ်။ မိုရာတာက ၂ ဂိုး၊ ဂရစ်မန်းက ၁ ဂိုး သွင်းကာ ဂျာအို ဖီးလစ် ကတော့ သွင်းဂိုး အားလုံးကို ဖန်တီးပေးခဲ့တာ ဖြစ်ပြီး ဒီရလဒ်ကြောင့် ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ တစ်ရာသီလုံး ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဂရစ်မန်း ဂိုးသွင်းနိုင်ခဲ့သလို အသင်းကို ပြန်ရောက်လာတဲ့ မိုရာတာ ကလည်း ၂ ဂိုး သွင်းပြီး တောက်ပပြခဲ့တာ ဖြစ်ပါတယ်။ ဆီမြွန်နီ အတွက်တော့ ဒီရလဒ်က ကျေနပ်စရာ ကောင်းနေခဲ့ပြီး ထုံးစံအတိုင်း ခံစစ် ကလည်း ပေးဂိုး မရှိအောင် ကစားနိုင်ခဲ့လို့ ပိုပြီး ပြည့်စုံတဲ့ နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ ဂျာအို ဖီးလစ် ကတော့ အသင်းရဲ့ သူရဲကောင်း ဖြစ်ခဲ့ပြီး အသင်းဖော်တွေ အတွက် အံ့အားသင့်စရာ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ 

အစောပိုင်းမှာ ဆီမြွန်နီက ဂရစ်ဇ်မန်းနဲ့ မိုရာတာ နှစ်ဦးထဲက တစ်ဦးကို ရော်နယ်ဒိုကို ခေါ်ယူရာမှာ အလိုက်ပေးဖို့ ဆန္ဒရှိနေတယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါပေမယ့် လက်ရှိ ခြေစွမ်းတွေကြောင့် အသင်းမှာပဲ ဆက်ထိန်းထားဖို့ များသွားခဲ့ပါတယ်။ 


ဘာနာဒို ဆေးလ်ဗားကို စိတ်ဝင်စားနေသေးတဲ့ ဘာစီလိုနာ

မန်ချက်စတာစီးတီး ကွင်းလယ် တိုက်စစ် ကစားသမား ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာက စိတ်ဝင်စားနေဆဲ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြလျက် ရှိပါတယ်။ လာလီဂါ ကလပ် ဘက်က ပေါ်တူဂီ ကြယ်ပွင့် အတွက် ယူရိုသန်း ၁၀၀ အထိ ပေးကာ ခေါ်ယူဖို့ စီစဉ်နေပြီး စျေးကွက် မပိတ်ခင်မှာ ကြိုးစားဖွယ် ရှိနေတယ်လို့ စပိန် သတင်းဌာနတွေက ဖော်ပြနေကြတာ ဖြစ်ပါတယ်။ 

လာလီဂါ
ဆီဗီလာ FC
ရီးရဲလ် ဗယ်လာဒိုလစ် CF
1X2 သရေ (Draw) @ 3.95
ဂိုးပေါ် 2.50 @ 2.02
ဂိုးပေါင်း 0-1 @ 3.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာနာဒိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့ ရာသီက မန်စီးတီး အတွက် ခြေစွမ်းပြနိုင်ခဲ့သလို ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်ထဲမှာ သတင်းအထွက်ဆုံး ကစားသမားတွေ ထဲက တဦးလည်း ဖြစ်နေတာပါ။ ဂွာဒီယိုလာ ကတော့ သူ့ကစားသမားကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ဖွင့်ဟထားပေမယ့် ဘာတွေ ဖြစ်လာမလဲ ဆိုတာတော့ သူမသိဘူးလို့ ပြောဆိုထားပါတယ်။ 

ဘာဆာ ကတော့ ဘဏ္ဍာရေး ပြသနာတွေ၊ လစာကိစ္စတွေ ရင်ဆိုင်နေရပေမယ့် ကစားသမားသစ်တွေ ဆက်တိုက် ခေါ်ယူခဲ့သလို ထပ်ပြီး ခေါ်ဖို့လည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ကစားသမားသစ်တွေ အတွက် ပေါင်သန်း ၁၅၀ အထိ အသုံးပြုထားပြီး ဖြစ်ပေမယ့် ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူနိုင်တဲ့ အနေအထားမျိုး ရှိနေကြောင်း ကလပ်နဲ့ နီးစပ်တဲ့ သတင်း အရင်းမြစ်တွေ ဆီက တဆင့် သိရပါတယ်။


ဂျူဗီကို ရောက်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေတဲ့ ဒီပိုင်း

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ တောင်ပံ တိုက်စစ် ကစားသမား မမ်းဖစ် ဒီပိုင်းနဲ့ ဂျူဗင်တပ်စ်တို့ အကြား နှုတ်အားဖြင့် သဘောတူညီမှု ရရှိဖို့က အနီးစပ်ဆုံး အခြေအနေကို ရောက်နေပြီလို့ သိရပါတယ်။ လီဝမ်ဒေါစကီးကို ခေါ်ယူပြီးနောက် လုပ်ခလစာတွေ လျှော့ချနိုင်ဖို့အတွက် ဒီပိုင်းကို ရောင်းထုတ်ဖို့ ရည်ရွယ်နေသလို ဒီကစားသမားဆီက ရနိုင်မယ့် ပြောင်းရွှေ့ကြေးကိုလည်း မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အတည်ပြုချက်အရ ဆိုရင် ကစားသမားနဲ့ ကလပ် အကြား စာချုပ် ဖျက်သိမ်းဖို့ကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ နယ်သာလန် တိုက်စစ်မှူးနဲ့ ဂျူဗီတို့ လစာနဲ့ စာချုပ် ကိစ္စတွေကို အဓိကထား ဆွေးနွေးလျက် ရှိပြီး သဘောတူညီမှု ရဖို့ ပြသနာ တစ်စုံတစ်ရာမှ မရှိတာကြောင့် ကစားသမားဟာ မကြာခင်မှာ တူရင်ကို ရောက်ရှိလိမ့်မယ်လို့ ယူဆရတယ်လို့ ဖော်ပြထားပါသေးတယ်။

အသက် ၂၈ နှစ် အရွယ် နယ်သာလန် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီကမှ ဘာစီလိုနာကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ပီအက်စ်ဗွီ၊ မန်ချက်စတာယူနိုက်တက်နဲ့ လီယွန် တို့မှာ ဖြတ်သန်းခဲ့ဖူးတဲ့ ဒီပိုင်းဟာ ဘာစီလိုနာမှာ ခြေစွမ်းပြနိုင်ပေမယ့်လည်း အော်ဘာမီယန်း၊ လီဝမ်ဒေါစကီး၊ ရာဖင်ညာနဲ့ ဒမ်ဘီလီတို့ ရှိနေတဲ့ တိုက်စစ်ပိုင်းမှာ ပုံမှန်နေရာ ရဖို့ မသေချာတာကြောင့် အသင်း ပြောင်းရွှေ့ချင်နေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်