နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၂၂/၈/၂၀၂၂)

ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကွန်ဒေးကို မှတ်ပုံမတင်နိုင်သေးလို့ စိတ်ပျက်နေတဲ့ ဇာဗီ

ဘာစီလိုနာ နည်းပြ ဇာဗီက ကစားသမားသစ် ဂျူးလ်စ် ကွန်ဒေးကို အခုတစ်ပတ် အတွင်း မှတ်ပုံတင်နိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

လာလီဂါ ကလပ်ဟာ အခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ စုစုပေါင်း ကစားသမားသစ် ၅ ဦး ခေါ်ယူခဲ့ပေမယ့် ကတ်ဆေး၊ ခရစ္စတန်ဆန်၊ ရာဖင်ညာ၊ လီဝမ်ဒေါစကီး တို့ကိုသာ မှတ်ပုံတင်တားရပါသေးတယ်။

ဂျူးလ်စ် ကွန်ဒေး ကတော့ ဆီဗီလာ ကနေ ပေါင် ၄၂ သန်းနဲ့ နောက်ဆုံး ခေါ်ယူထားတဲ့ ကစားသမား ဖြစ်ပြီး အခုချိန်ထိ မှတ်ပုံ မတင်ရသေးတာကြောင့် ဘာစီလိုနာ အတွက် ပွဲထွက် ကစားခွင့်မရသေးသူလည်း ဖြစ်ပါတယ်။ ဇာဗီက အသင်း အနေနဲ့ ကွန်ဒေးကို မှတ်ပုံတင်နိုင်ခြင်း မရှိတဲ့ အပေါ် စိတ်ပျက်လျက် ရှိပြီး ဗယ်လာဒိုးလစ်နဲ့ ကစားမယ့် လာမယ့် တစ်ပတ် လာလီဂါ ပွဲစဉ် မတိုင်ခင် အပြီးသတ် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

“ကွန်ဒေး မကစားနိုင်သေးတာက ကျွန်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကလည်း အသင်း ကနေ မထွက်သေးတဲ့သူတွေ အပေါ်မှာ မူတည်နေပါတယ်။ ဒီနေ့ပွဲမှာ သေချာပေါက် သူ ကစားရမှာပါ။” လို့ ဆိုစီဒက်စ် ကို ၁-၄ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ဇာဗီက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ
UD အဲလ်မာရီးရား
ဆီဗီလာ FC
1X2 ဆီဗီလာ FC @ 2.17
ဆီဗီလာ FC အာရှ ဟန်းဒီးကပ် -0.50 @ 2.17
ဂိုးပေါ် 2.25 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကစားသမားဘဝ အစောဆုံး သွင်းဂိုး ရရှိသွားတဲ့ လီဝမ်ဒေါစကီး

တနင်္ဂနွေနေ့ညရဲ့ နောက်အကျဆုံး လာလီဂါ ပွဲစဉ် မှာတော့ ဘာစီလိုနာတို့ ရီးရဲယ်ဆိုစီဒက်ကို အဝေးကွင်းမှာ တိုက်စစ် ခြေစွမ်းပြပြီး ၁-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အဖွင့်ပွဲမှာ ဗလက်ကာနိုကို မထင်မှတ်ပဲ သရေကျခဲ့တဲ့ ဇာဗီရဲ့ အသင်းဟာ ဒီနေ့ပွဲမှာတော့ ကစားကွက် အပြောင်းအလဲ ပြုလုပ်လာခဲ့ပြီး ၃ ယောက်တန်း ခံစစ်နဲ့ ပွဲထွက်ခဲ့သလို ၃-၂-၄-၁ အခင်းအကျင်းနဲ့ ဆိုစီဒက်ကို ရင်ဆိုင်သွားခဲ့ပါတယ်။

ပွဲစကတည်းက အစွမ်းကုန် တိုက်စစ်ဆင်ခဲ့တဲ့ ဘာဆာတို့ ၁ မိနစ် မှာတင်ပဲ တိုက်စစ်မှူး လီဝမ်ဒေါစကီးက ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ အသက် ၃၄ နှစ် အရွယ် ပိုလန် တိုက်စစ်မှူးကြီး အတွက် ကစားသမား သက်တမ်း တစ်လျှောက် အစောဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လီဝမ်ဒေါစကီးဟာ ရာစုနှစ် တစ်ခု အတွင်း လာလီဂါ ပွဲစဉ် ၁ ပွဲ အတွင်း ၂ ဂိုးသွင်းခဲ့တဲ့ အသက်အကြီးဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒါ့အပြင် ဘာစီလိုနာ အသင်း ကလည်း လာလီဂါ အဝေးကွင်း နောက်ဆုံး ၁၆ ပွဲဆက် (၁၀ ပွဲနိုင်၊ ၆ ပွဲ သရေ) ရှုံးပွဲ မရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ဒီနိုင်ပွဲကြောင့်ပဲ အမှတ်ပေးဇယား အဆင့် ၅ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ လာလီဂါ ပွဲစဉ် (၂) ပြီးဆုံးချိန် အထိ ရာနှုန်းပြည့် နိုင်ပွဲ ရထားတဲ့ အသင်း ၄ သင်းသာ ရှိပြီး ဗီလာရီးရဲယ်၊ ရီးရဲယ်မက်ဒရစ်၊ ရီးရဲယ်ဘက်တစ်နဲ့ အိုဆာဆူနာ တို့ပဲ ဖြစ်ပါတယ်။


“အမှားလုပ်တဲ့ အသင်းက ရှုံးမှာပဲ” – ဒီယေဂို ဆီမြွန်နီ

မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ အက်တလက်တီကို မက်ဒရစ်က ဗီလာရီးရဲယ်ကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ခဲ့ရပေမယ့် ခံစစ်ပိုင်း အမှားတွေကြောင့် ၂ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။
လာလီဂါ ပွဲစဉ် ၂ ပွဲ ကစားပြီးချိန် အထိ ၁ ပွဲနိုင်၊ ၁ ပွဲ ရှုံးပြီး ၃ မှတ် ရရှိထားတဲ့ အက်တလက်တီကို မက်ဒရစ်

ခံစစ် အမှားတွေကြောင့် ဗီလာရီးရဲယ်ကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ကြောင်း အက်တလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ဝန်ခံသွားခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ အက်တလက်တီကို မက်ဒရစ်က ဗီလာရီးရဲယ်ကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ခဲ့ရပေမယ့် ခံစစ်ပိုင်း အမှားတွေကြောင့် ၂ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။

အဖွင့် ပွဲစဉ်မှာ အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ဂီတာဖေးကို ၃ ဂိုးပြတ် အနိုင်ရထားခဲ့တဲ့ အက်တလက်တီကို မက်ဒရစ်ဟာ ဒီတစ်ပတ်မှာတော့ အူနိုင်းအန်မေရီရဲ့ ဗီလာရီးရဲယ်ကို ခက်ခက်ခဲခဲ ကစားခဲ့ရသလို ပြိုင်ဘက်ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

ပွဲအပြီးမှာ ဆီမြွန်နီက “ပွဲစဉ်ရဲ့ ထူးခြားချက်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်။ နည်းစနစ်နဲ့ ဗျူဟာ အပေါ်မှာ မူတည်ခဲ့ပါတယ်။ သူတို့က ကျွန်တော် position ကျွံလာတာကို ကြိုးစားခဲ့သလို ကျွန်တော်တို့ရဲ့ အမှားတွေကိုလည်း အသုံးချနိုင်ခဲ့ပါတယ်။ အခုလို ခက်ခဲတဲ့ ပွဲစဉ်တွေမှာ အမှားလုပ်တဲ့သူက ရှုံးမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။” လို့ ဆီမြွန်နီက ဝန်ခံသွားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့မှာ မေးစရာမလိုတဲ့ ပြီးပြည့်စုံတဲ့ အသင်း တစ်သင်း ပိုင်ဆိုင်ထားပါတယ်။ အသင်းမှာ ရှိနေပြီးသားသူတွေကို ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။ အကယ်၍ တစ်ယောက် ထွက်သွားလို့ တစ်ယောက် ပြန်ရောက်လာတာက အသင်း အတွက် ထိခိုက်မှု မရှိပါဘူး။ ဒါမှလည်း လာလီဂါလို ပြိုင်ပွဲမျိုးမှာ ပိုကောင်းတဲ့ ပုံစံ တစ်ခုနဲ့ ယှဉ်ပြိုင်နိုင်မှာပါ။” လို့ ဆီမြွန်က ပြောကြားသွားခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်