နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၂၃/၈/၂၀၂၂)

ဩဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒီဂျောင်ကို အငှားနဲ့ ခေါ်ဖို့ စဉ်းစားနေတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ် အသင်းဟာ ဈေးကွက် မပိတ်ခင်မှာ လာလီဂါ ကလပ် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ အတွက် စဉ်းစားနေပါတယ်။ သတင်းထောက် ဂျရတ် မိုရီနို ရဲ့ ဖော်ပြချက်အရ ဘေယန်က အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကော်တင်ဟိုတုန်းက လိုမျိုး ၂ နှစ် အငှား စာချုပ်ချုပ်ဖို့ကို စဉ်းစားနေတာလို့ ဆိုပါတယ်။

ဒီဂျောင် ကတော့ ဒီအပြောင်းအရွှေ့ စျေးကွက်မှာ သတင်း အလှုပ်ခတ်ဆုံး ကစားသမား ဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး တို့ရဲ့ စိတ်ဝင်စားမှု ကိုလည်း ရရှိခဲ့သူပါ။ အသက် ၂၅ နှစ် အရွယ် ကွင်းလယ်လူကို ဘာကာ ကလည်း ရောင်းချချင်နေပြီး အသင်းရဲ့ ဘဏ္ဍာရေး ပြသနာနဲ့ ကစားသမား မှတ်ပုံတင် စာရင်းသွင်းဖို့ ကိစ္စရပ်တွေမှာ ပြေလည်အောင် ဖြေရှင်းချင်နေပါတယ်။

ယူရို ၈၅ သန်း အထိ တန်ကြေး သတ်မှတ်ခံထားရတဲ့ ဒီဂျောင်ဟာ ချန်ပီယံလိဂ် ကစားချင်တာကြောင့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သူ ဖြစ်ပါတယ်။ တကယ်လို့သာ ဘေယန်က အမှန်တကယ် ကမ်းလှမ်းမယ် ဆိုရင်တော့ ကစားသမားဘက်က စိတ်ဝင်စားမှု ရှိနိုင်ပြီး ဘာစီလိုနာ ကလည်း သူတို့ရဲ့ လစာနှုန်းထား လျှော့ချဖို့နဲ့ ကစားသမားသစ်တွေကို မှတ်ပုံတင်မှုမှာ အဆင်ပြေမှာ ဖြစ်လို့ လက်ခံ စဉ်းစားဖွယ်ရာ ရှိနေပါတယ်။


ကစားသမား ၃ ဦး အထိ ထွက်ခွာဖို့ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ဒီရာသီမှာ ကက်စ်မဲရိုးကို မန်ချက်စတာယူနိုက်တက် အသင်းဆီ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။
ကစားသမားသစ် ဝယ်ယူမှုထက် ကစားသမား ရောင်းထုတ်မှု ပိုများနေတဲ့ ရီးရဲယ်မက်ဒရစ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ဒီရာသီမှာ ကက်စ်မဲရိုးကို မန်ချက်စတာယူနိုက်တက် အသင်းဆီ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မာဆယ်လို၊ ဂါရက်သ် ဘေးလ်နဲ့ အစ္စကို တို့ကိုလည်း အသင်း ထွက်ခွာခွင့်ပြုခဲ့ကာ ကစားသမားသစ် ဝယ်ယူမှုထက် ကစားသမားတွေ ထွက်ခွာမှု ပိုမို များပြားနေခဲ့ပြီး လက်ရှိ မှာလည်း နောက်ထပ် ကစားသမား ၃ ဦး အထိ ထွက်ခွာဖွယ် ရှိနေပါသေးတယ်။ ကစားသမားတွေ ကတော့ အယ်လ်ဗာရို အိုဒရီအိုဇိုလာ၊ မာကို အဆန်စီယို၊ မာရီယာနိုတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကစားသမားတွေဟာ ရီးရဲလ်မှာ ပုံမှန် နေရာရဖို့ အခက်အခဲ ရှိနေသူတွေ ဖြစ်ကာ လာလီဂါ ကလပ် ကလည်း ရောင်းချဖို့ အတွက် ပြင်ဆင်ထားပြီး ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကစားသမားသစ် ခေါ်ယှုမှုကို အဓိကအားဖြင့် ချူအာမန်နီ တစ်ဦးတည်း ကိုသာ ခေါ်ယူထားတာ ဖြစ်ပါတယ်။ ကက်စ်မဲရိုး ကတော့ ယူနိုက်တက်ကို ယူရို သန်း ၆၀နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး အားလုံးကို အံ့အားသင့်စေတဲ့ အပြောင်းအရွှေ့ တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ် ကတော့ ရာသီ အဖွင့် ၂ ပွဲစလုံးကို အနိုင်ကစားထားပြီး ၆ မှတ် အပြည့် ရရှိထားပါတယ်။


ရည်းစား အသစ်လေးနဲ့ လူမြင်ကွင်းမှာ နမ်းရှုံ့နေတဲ့ ဂျရတ် ပီကေး

ပရီးမီးယား လိဂ်
ဘရန့်ဖို့ဒ် FC
အဲဗာတန်
1X2 သရေ @ 3.30
ပထမပိုင်း ဂိုးအောက် 0.75 @ 2.38
ဂိုးပေါင်း 0-1 @ 3.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နောက်ကွယ်မှာ ခြေရှုပ်မှုကြောင့် နာမည်ကျော် ကိုလံဘီယာ အဆိုတော် ရှာကီရာနဲ့ လမ်းခွဲခဲ့တဲ့ ဘာစီလိုနာ နောက်ခံလူ ဂျရတ် ပီကေးဟာ သူ့ရဲ့ ချစ်သူသစ် မိန်းကလေးနဲ့ လူမြင်ကွင်းမှာ နမ်းရှုံ့နေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ရှာကီယာက တော်တော်လေး စိတ်ဆိုးနေခဲ့တယ် လို့လည်း သိရပြီး ပီကေးရဲ့ လုပ်ရပ်တွေ အပေါ် မုန်းတီးနေတယ် လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က အသက် ၃၅ နှစ် အရွယ် ပီကေးက အသက် ၂၃ နှစ် အရွယ် ကျောင်းသူတဦး ဖြစ်တဲ့ ကလာရာချီယာမာတီနဲ့ Summerfest Cerdanya ပွဲကို ရောက်ရှိနေပြီး နမ်းရှုံ့နေခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ ကတ်တာလိုနီးယား ဒေသမှာ ကျင်းပခဲ့တဲ့ ပွဲတော် ဖြစ်ပြီး လူအများ အကြားမှာ ပွေ့ဖက်ကာ ပီကေး တို့က အချစ် နာလန်ထခဲ့ကြပြီး ရှာကီယာ အတွက်တော့ ဒါက တော်တော်လေး စိတ်တိုစရာ ဖြစ်ခဲ့ရတာပါ။

သူတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ လပိုင်းလောက်က လမ်းခွဲကာ သီးခြားစီ နေထိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ ပီကေးရဲ့ နောက်ကွယ်က ဖောက်ပြန်မှုတွေကြောင့် ဖြစ်ပြီး သူတို့ နှစ်ဦးဟာ အသက် ၉ နှစ် အရွယ် မီလန် ဆိုတဲ့ သားလေးနဲ့ အသက် ၇ နှစ် အရွယ် ဆာရှာ ဆိုတဲ့ သမီးလေးကို ပိုင်ဆိုင်ထားခဲ့ပါတယ်။
အဓိက, ကတော့ လမ်းခွဲပြီးနောက် လက်တွဲဖော်သစ် ရခဲ့မယ် ဆိုရင်လည်း ပထမဆုံး တစ်နှစ် အတွင်း လူမြင်ကွင်းမှာ ထွက်ပေါ်မလာဖို့ ကတိပြုခဲ့ကြပြီး ပီကေး ဘက်က ချိုးဖောက်ခဲ့လို့ ရှာကီယာက ဒေါသထွက်ခဲ့နေတာလို့လည်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်