နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၂၄/၈/၂၀၂၂)

ဩဂုတ်လ ၂၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲယ်မက်ဒရစ်မှာပဲ ကစားသမား ဘဝ ကနေ အနားယူဖို့ ရည်ရွယ်ထားတဲ့ ခရူးစ်

ဂျာမနီ ကွင်းလယ်လူ တိုနီ ခရူးစ် ကတော့ ရီးရဲယ်မက်ဒရစ် မှာပဲ ကစားသမားဘဝ ကုန်ဆုံးဖို့ ရည်ရွယ်ထားပေမယ့် နိုင်ငံ အသင်း ကနေ အနားယူခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ပြင်ဆင်သွားမှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ဂျာမန် ကလပ် ဘေယန်မြူးနစ် ကနေ ရီးရဲယ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် လာလီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၆၇ ပွဲ ကစားပြီး ဆုဖလား အောင်မြင်မှုများစွာ ရရှိထားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ ဂျာမနီ လက်ရွေးစင် အသင်းနဲ့ ချန်ပီယံဆု ဆွတ်ခူးထားနိုင်တဲ့ ခရူးစ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ အပြီးမှာ နိုင်ငံ့ လက်ရွေးစင် အသင်း ကနေ အနားယူထားခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တိုနီခရူးစ်ဟာ လာမယ့် ၂၀၂၃ ခုနှစ် အတွင်း ကစားသမား ဘဝကနေ အနားယူဖို့ ရည်ရွယ်ထားပေမယ့် နောက်ထပ် တစ်ရာသီ သို့မဟုတ် နှစ်ရာသီလောက် ထပ်ကစားဖြစ်မလား ဆိုတာတော့ မသေချာသေးဘူးလို့ Bild နဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သေချာတာ ကတော့ တိုနီ ခရူးစ် အနေနဲ့ ရီးရဲယ်မက်ဒရစ် မှာပဲ ကစားသမား ဘဝ ကနေ အနားယူသွားဖို့ ရှိပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကို ဂျာမနီ လက်ရွေးစင် အသင်း အတွက် ပြန်ကစားဖို့ ရှိမရှိ မေးမြန်းရာ မှာတော့ သူ့ရဲ့ အရင် ဆုံးဖြတ်ချက် အတိုင်းပဲ အပြောင်းအလဲ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။


ဘာစီလိုနာ ကနေ ထွက်ဖို့ အတင်းအကြပ် ဖိအားပေးခြင်း ခံခဲ့ရကြောင်း ဖွင့်ဟလာတဲ့ ပွစ်ဂ်

ဘာစီလိုနာ အသင်းဟာ ကစားသမားတွေ အသင်း ကနေ ထွက်ခွာဖို့ အတွက် အတင်းအကြပ် ဖိအားပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စပိန် ကွင်းလယ်လူ ရီကတ် ပွစ်ဂ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ပွစ်ဂ်ရဲ့ ပြောကြားချက် အရ သူ့ အနေနဲ့ အဲလ်အေ ဂလက်ဆီ အသင်းထံ မပြောင်းရွှေ့မီ လာလီဂါ ကလပ် ဘက်က တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းခိုင်းခဲ့သလို ဒီလိုမျိုး လုပ်ခဲ့တာကြောင့်လည်း နာကျင်ရတယ်လို့ ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

ပွစ်ဂ်ရဲ့ ပြောကြားချက် အရ သူ့ အနေနဲ့ အဲလ်အေ ဂလက်ဆီ အသင်းထံ မပြောင်းရွှေ့မီ လာလီဂါ ကလပ် ဘက်က တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းခိုင်းခဲ့သလို ဒီလိုမျိုး လုပ်ခဲ့တာကြောင့်လည်း နာကျင်ရတယ်လို့ ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။
အသင်း ကနေ ထွက်ခွာဖို့ ဘာစီလိုနာ တာဝန်ရှိသူတွေရဲ့ အတင်းအကြပ် ဖိအားပေးခြင်း ခံခဲ့ရတဲ့ ပွစ်ဂ်

ပွစ်ဂ်က “ကလပ်ရဲ့ အနေအထားကို နားလည်ပါတယ်၊ သူတို့ အနေနဲ့ ကစားသမားတွေကို ထွက်ခွာဖို့ ဖိအားပေးချင်တယ် ဆိုပေမယ့် အဲဒါကို လုပ်ဖို့ တခြား နည်းလမ်းတွေ ရှိပါတယ်။”

“တစ်ယောက်တည်း လေ့ကျင့်ခန်းဆင်းတာ၊ ကျွန်တော်နဲ့ အတူ အခြား အသင်းဖော် လေးယောက်ထဲနဲ့ လေ့ကျင့်ရတာ တကယ်ကို ခက်ခဲပါတယ်။

“ကလပ်မှာ ခုနစ်နှစ်ကြာ ဖြတ်သန်းခဲ့ပါတယ်။ အသင်းဖော်တွေ အားလုံး လော့စ်အိန်ဂျလိစ်မှာ ပွဲတွေ ကစားနေချိန် ဘာစီလိုနာမှာ ကျန်နေခဲ့ရတာက ကျွန်တော့် အတွက် အရမ်းကို နာကျင်စရာ ကောင်းခဲ့ပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေကို ဖြတ်ကျော်ခဲ့ရပါတယ်။

“တစ်ခါတစ်ရံမှာ ကိုယ်တိုင် ဆုံးဖြတ်ချက်ချရသလို သူတို့ ကလည်း အခုလို ဆုံးဖြတ်ချက်ချခဲ့ပေမယ့် ကျွန်တော် ကတော့ သဘောမတူဘူး။”

လာမာဆီယာ အကယ်ဒမီထွက် ပွစ်ဂ်ဟာ အနာဂတ်မှာ တောက်ပလာနိုင်တဲ့ ကွင်းလယ်လူ တစ်ဦး အဖြစ် သတ်မှတ်ခံထားရပေမယ့် အသက် ၂၃ နှစ် အရွယ်မှာတင်ပဲ မေဂျာလိဂ် ကလပ် အဲလ်အေဂလက်ဆီ အသင်းထံ ပြောင်းရွှေ့ခဲ့ရသူ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ အရောင်းစာရင်း တင်ထားတဲ့ ပွစ်ဂ် အပါအဝင် တခြားသော ကစားသမား တချို့ကို အမေရိကန်မှာ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ် အတွက် ခေါ်ဆောင်သွားခြင်း မရှိသလို သီးခြား ဆက်ဆံတဲ့ ပုံစံ မျိုးတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။


ဖွိုက်ဟာ ဘာစီလိုနာကို ပြောင်းလို့ ရပေမယ့် ဗီလာရီးရဲယ် မှာပဲ ဆက်နေချင်နေကြောင်း အူနိုင်း အန်မေရီ ဆို

ဂျူအန် ဖွိုက်ဟာ ဘာစီလိုနာ ကို ပြောင်းရွှေ့လို့ ရတယ် ဆိုတာ သိပေမယ့် အသင်း မှာပဲ ဆက်နေချင်တယ်လို့ ဗီလာရီးရဲယ် နည်းပြ အူနိုင်း အန်မေရီက ပြောကြားလိုက်ပါတယ်။

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 ဝက်စ်ဟမ်း ယူနိုက်တက် @ 3.20
ဂိုးပေါ် 2.75 @ 2.17
ဂိုးပေါင်း 0-1 @ 3.50
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အူနိုင်း အန်မေရီက Cadena SER’s ‘El Larguero နဲ့ အင်တာဗျူးမှာ “ဘာစီလိုနာက စိတ်ဝင်စားနေတယ်ဆိုတာ မှန်ပါတယ်။ ဒါဟာ သူတို့ လိုအပ်နေတဲ့ အနေအထား ဖြစ်ပြီး သူတို့ အတွက်လည်း အံဝင်ခွင်ကျပါပဲ။ ပြဿနာက ဒီအခြေအနေကို ကစားသမား ဘက်က လိုချင်လား၊ မလိုချင်ဘူးလား ဆိုတာ ပါပဲ။ ဖွိုက် ကတော့ ကျွန်တော်ကို သူ အရမ်းကို ပျော်နေတယ် ဆိုပြီး အမြဲတမ်း ပြောပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ အနေနဲ့ ဒီအခြေအနေဟာ ဘယ်လိုမျိုး ဆက်သွားမလဲ ဆိုတာ မသိပေမယ့် ကစားသမား ကိုယ်တိုင်က အသင်း ကနေ ထွက်ခွာဖို့ မစဉ်းစားထားဘူးလို့လည်း ပီအက်စ်ဂျီနဲ့ အာဆင်နယ် နည်းပြဟောင်းက ပြောကြားသွားခဲ့ပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းဟာ ချဲလ်ဆီးက ဆီဇာ အက်ဇ်ပီလီကွယ်တာ ကို ခေါ်ယူနိုင်ခြင်း မရှိတဲ့နောက် ဗီလာရီးရဲယ် နောက်ခံလူ ဂျူအန် ဖွိုက်ကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဂျင်တီးနား နောက်ခံလူကို ခေါ်ယူချင်ရင် စာချုပ် ဖျက်သိမ်းကြေး ယူရို ၄၂ သန်း ပေးချေရမယ်လို့ ဗီလာရီးရဲယ် ဒုဥက္ကဌ ဂျိုဆေး မန်နျူရယ် လာနေဇာ ကိုယ်တိုင်က ကတ်တာလန် ကလပ်ကို သတိပေးထားခဲ့တယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်