နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ – နောက်ဆုံးရ သတင်းများ (၂၅/၈/၂၀၂၂)

ဩဂုတ်လ ၂၅ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆိုစီဒက် တိုက်စစ်မှူးကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ နယူးကာဆယ်

နယူးကာဆယ် ယူနိုက်တက် ကတော့ လာလီဂါ ကလပ် ရီးရဲလ် ဆိုစီဒက် တိုက်စစ်မှူး အလက်ဇန္တား အိုင်ဆက်ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ ဆွီဒင် လူငယ် ကြယ်ပွင့် ဟာ အရပ် ၆ ပေနဲ့ ၄ လက်မ ရှိပြီး ဆွီဒင်ရဲ့ ဇလာတန် အီဗရာဟီမိုဗစ် လက်သစ် အဖြစ် နာမည်ကြီးနေသလို နိုင်ငံလက်ရွေးစင် အသင်းကြီးမှာလည်း ပုံမှန် ပွဲထွက်ခွင့်ရနေသူ ဖြစ်ပါတယ်။ 

ဆော်ဒီ မင်းသား ပိုင်ဆိုင်ခဲ့ပြီးနောက် တဖြည်းဖြည်းချင်း ကစားသမားကောင်းတွေကို စုစည်းနေပြီး အင်အားကြီး အသင်း တစ်သင်း အဖြစ် တည်ဆောက်နေတဲ့ နယူးကာဆယ် ကတော့ လက်ရှိမှာ စံချိန်တင် ပြောင်းရွှေ့ကြေးပါ စတင် အသုံးပြုလာတာလည်း ဖြစ်ပါတယ်။

အိုင်ဆက်ဟာ ဆိုဆီဒက်ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်ခဲ့တဲ့ အိုင်ဆက်ဟာ အသက်အရွယ် အားဖြင့် ငယ်ရွယ်သေးတာကြောင့် ငှက်ကြားတို့ ရေရှည် အသုံးပြုဖို့ ရည်ရွယ်ပြီး ခေါ်ယူခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အိုင်ဆက်ဟာ ဒေါ့မန် ကနေ ဆိုဆီဒက်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် လာလီဂါ မှာ ၁၀၅ ပွဲ ကစားပြီး ၃၃ ဂိုး သွင်းယူပေးခဲ့ကာ ပြိုင်ပွဲစုံ ၁၃၂ ပွဲမှာ ၄၄ ဂိုး အထိ သွင်းယူထားသူလည်း ဖြစ်ပါတယ်။ 


မန်စီးတီးနဲ့ ခြေစမ်းပွဲမှာ ဘာဆာ ကနေ ထွက်ခွာဖွယ် ရှိနေသူ အားလုံး ဂိုးသွင်းခဲ့ကြ

မနေ့က ကစားခဲ့တဲ့ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး တို့ရဲ့ ပရဟိတ ရန်ပုံငွေ ခြေစမ်းပွဲ ကတော့ ၃ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ မန်စီးတီးက နောက်ဆုံး မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကြောင့် သရေကစားနိုင်ခဲ့ပြီး ရန်ပုံငွေပွဲ ကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဘာစီလိုနာ အတွက် အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ကစားသမားတွေ အားလုံး ဂိုးသွင်းနိုင်ခဲ့တာ ကတော့ ထူးခြားခဲ့ပြီး အော်ဘာမီယန်း၊ ဖရန်ကီ ဒီယောင်နဲ့ မမ်းဖစ် ဒီပိုင်း တို့ ဂိုးသွင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကစားသမား ၃ ယောက်စလုံးဟာ စျေးကွက် မပိတ်သိမ်းခင်မှာ နူးကမ့်ပ် ကနေ ထွက်ခွာဖို့ နီးစပ်နေသူတွေ ဖြစ်ပြီး နည်းပြ ဇာဗီ ကိုတော့ ဆက်ထိန်းထားရမလား၊ လက်လွှတ်လိုက်ရမလား ဆိုတာ ဝေခွဲမရ ဖြစ်စေခဲ့တယ် လို့ပဲ ဆိုရပါတယ်။ 

လက်တလော အော်ဘာမီယန်းကို ချယ်လ်ဆီးက ကမ်းလှမ်းထားပြီး ခေါ်ယူနိုင်ဖို့ရာ တော်တော်လေး နီးစပ်နေသလို ဒီယောင် ကိုလည်း ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့က ဆက်သွယ်နေပြီး ကစားသမားတွေ ကိုယ်တိုင်ကသာ သဘောတူမယ် ဆိုရင် အပြောင်းအရွှေ့ ဖြစ်မြောက်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒီပိုင်း ကတော့ ဘာစီလိုနာနဲ့ နှစ်ဦး သဘောတူညီ စာချုပ် ဖျက်သိမ်းဖို့ ရှိနေပြီး လက်ရှိမှာ ဂျူဗင်တပ်စ်နဲ့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ 

လာလီဂါ
ဘာစီလိုနာ
ရီးရဲလ် ဗယ်လာဒိုလစ် CF
1X2 သရေ @ 8.00
ဂိုးပေါ် 3.25 @ 1.86
ဂိုးပေါင်း 0-1 @ 6.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကစားသမားသစ်တွေ ထပ်ဝယ်ဖို့ အစီအစဉ် မရှိတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် ကတော့ ကက်စ်မဲရိုး အပါအဝင် ကစားသမား အများအပြား အသင်းကနေ ထွက်ခွာခဲ့ပေမယ့်လည်း ကစားသမားသစ်တွေကို အလောတကြီး ဝယ်ယူသွားမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။

လာလီဂါ ထိပ်သီး ကလပ်ဟာ အခုနွေရာသီမှာ ဂါရက်သ် ဘေးလ်၊ မာဆယ်လို၊ အစ္စကိုတို့ အလွတ် ထွက်ခွာခွင့်ပေးခဲ့ပြီးနောက် ကက်စ်မဲရိုး ကိုလည်း မန်ချက်စတာယူနိုက်တက် အသင်းထံ ပေါင် သန်း ၇၀နဲ့ ရောင်းထုတ်ထားခဲ့တာ ဖြစ်ပါတယ်။ 

ရီးရဲယ်မက်ဒရစ်တို့ ဒီရာသီမှာ ချူအာမန်နီ တစ်ဦးတည်း ကိုသာ ဝယ်ယူထားပြီး လက်ကျန် စျေးကွက် အတွင်းမှာ ကစားသမားသစ် ဝယ်ဖို့ မရှိသလို ပြီးခဲ့တဲ့ ရာသီက လူစာရင်း အတိုင်းပဲ ရာသီသစ်မှာ အသုံးပြုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေ အပေါ်မှာ ပရိသတ်တွေ ကတော့ အနည်းငယ် မကျေမချမ်း ဖြစ်နေပေမယ့် အသင်း ဥက္ကဌ ပီရက်ဇ် ကတော့ အရင်လိုမျိုး စျေးကွက်ထဲမှာ လှုပ်ရှားမှာ မဟုတ်ဘဲ အသင်း အတွက် အမှန်တကယ် အသုံးဝင်မယ့်သူတွေ ကိုသာ ဦးစားပေး ခေါ်ယူသွားမှာ ဖြစ်ကြောင်း ပြောဆိုထားခဲ့ပါတယ်။ 

ရီးရဲယ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း ကာမာဗင်ဂါကို ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ယူခဲ့ပေမယ့် ဒေးဗစ် အလာဘာ ကိုတော့ အလွတ်နဲ့ ခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲယ်တို့ အခုနှစ် နွေရာသီမှာ ရူဒီဂါကို အလွတ်နဲ့ ထပ်မံ ခေါ်ယူထားခဲ့ပြီး အသင်း အတွက် အမှန်တကယ်လည်း အသုံးဝင်နေခဲ့တာကြောင့် ပီရက်ဇ် အနေနဲ့ ဒီလမ်းစဉ် အတိုင်းပဲ ထပ်မံ ကျင့်သုံးသွားဖို့ ဆုံးဖြတ်ထားတဲ့ သဘောမှာ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်