နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၂၀/၈/၂၀၂၂)

ဩဂုတ်လ ၂၀ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီးကို ပြောင်းရွှေ့လိုနေတဲ့ အော်ဘာမီယန်း

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး ပီရဲယ် အန်းမရစ်ခ် အော်ဘာမီယန်းကို ခေါ်ယူဖို့ ချဲလ်ဆီး ဘက်က ဆက်သွယ်နေဆဲ ဖြစ်ပြီး ကစားသမား ကိုယ်တိုင် ကလည်း ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်းကို စျေးကွက် မပိတ်ခင်မှာ ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးက အသည်းအသန် ကြိုးပမ်း နေပြီး သူတို့အသင်းမှာ ဗဟို တိုက်စစ်မှူး မရှိတဲ့ ကွက်လပ်ကို ဖြည့်တင်းဖို့ အားထုတ်နေတာပါ။ အခု‌ နောက်ဆုံးရ သတင်းတွေ အရ ဆိုရင် အော်ဘာမီယန်းကို‌ ခေါ်ယူနိုင်ဖို့ ဘာစီလိုနာ ဘက်က အလိုရှိနေတဲ့ မားကို့စ် အလွန်ဆို ကိုပါ ချဲလ်ဆီးက အလိုက်ပေး ကမ်းလှမ်းထားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ် အရွယ် ဂါဘွန်း တိုက်စစ်မှူးဟာ လာလီဂါ ကလပ်ကို ပြီးခဲ့တဲ့ ဘောလုံး ရာသီရဲ့ ရာသီဝက်မှ ရောက်ရှိခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ရာသီမှာ ဘာဆာကို ရောဘတ်လီဝမ်ဒေါစကီး ရောက်ရှိလာခဲ့ခြင်းနဲ့ အတူ ပုံမှန် ပွဲထွက်ခွင့် အာမခံချက် မရှိဖြစ်သွားတဲ့ အော်ဘာမီယန်းကို တိုက်စစ် လိုအပ်ချက် ရှိနေတဲ့ ချဲလ်ဆီးက ပစ်မှတ်ထားလာတာလည်း ဖြစ်ပါတယ်။ ဘာဆာ ကလည်း သူတို့ အတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ရမယ် ဆိုရင် ရောင်းထုတ်သွားဖွယ် ရှိနေတာကြောင့် မြောက်လန်ဒန် ကလပ် အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်ဟောင်းကို အပြာရောင် ဂျာဆီနဲ့ မြင်တွေ့ရဖို့ များနေခဲ့တာလည်း ဖြစ်ပါတယ်။

အဓိက, ကတော့ ဘဏ္ဍာရေး ပြသနာတွေ ရှိနေတဲ့ ဘာဆာ အနေနဲ့ အော်ဘာမီယန်းကို ရောင်းချခဲ့မယ်ဆိုရင် လစာငွေ လျှော့ချနိုင်မယ့် အပြင် ပြောင်းရွှေ့ကြေးပါ ထပ်မံ ရရှိမှာ ဖြစ်သလို အခုနောက်ဆုံး အလွန်ဆို ကိုပါ ထပ်ရဖို့ ရှိနေတာကြောင့် မက်လောက်စရာ ကမ်းလှမ်းမှု ဖြစ်နေတာကြောင့် ငြင်းဆန်မယ့် သဘော မရှိကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

ပရီးမီးယား လိဂ်
တော့တင်ဟမ် ဟော့စပါး
ဝူဗာဟမ်တမ်
1X2 ဝူဗာဟမ်တမ် @ 7.20
ဂိုးပေါ် 3.00 @ 2.25
ဂိုးပေါင်း 0-1 @ 3.85
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကတ်စ်မဲရိုး နေရာမှာ အစားထိုးဖို့ စီစဉ်ထားပြီး ဖြစ်ကြောင်း ဖွင့်ဟလာတဲ့ အန်ဆယ်လော့တီ

အခု နောက်ဆုံး သတင်းတွေ အရဆို လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ်က ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့သွားတဲ့ အဓိက ကွင်းလယ် ကစားသမား ကတ်စ်မဲရိုး နေရာမှာ အစားထိုးဖို့ နယူးကာဆယ်က ဘရူနို ဂီမာရေးစ်ကို မျက်စိကျနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် နည်းပြ အန်ဆယ်လော့တီ ကတော့ ကတ်စ်မဲရိုး နေရာမှာ အစားထိုးဖို့ စီစဉ်ပြီးသား ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ဖော် ပြောကြားထားပါတယ်။ အန်ဆယ်လော့တီရဲ့ အဆိုအရ ကတ်စ်မဲရိုးရဲ့ နေရာမှာ ချူအာမန်နီနဲ့ အစားထိုးသွားမှာ ဖြစ်ပြီး ပြင်သစ် ကွင်းလယ်လူဟာ ဈေးကွက်ထဲက အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အန်ဆယ်လော့တီက ဘရာဇီးလ် ကွင်းလယ်လူရဲ့ နေရာမှာ ချူအာမန်နီထက် တိုနီ ခရူးစ် ကို ကစားစေဖို့ ရည်ရွယ်နေတဲ့ ပုံစံမျိုးလည်း ပြောကြားသွားခဲ့ပါသေးတယ်။

အမှန်တကယ်တော့ ကတ်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ကြောင်း ဒါပေမယ့်လည်း တခြား ဖြေရှင်းလို့ရတဲ့ နည်းလမ်း များစွာ ရှိကြောင်း အရင်က သူ့ အသင်းမှာ အန်ဒရီယာ ပီယာလိုလည်း အခုလို ကစားဖူးတယ်လို့ အန်ဆယ်လော့တီက ရှင်းပြသွားခဲ့တာ ဖြစ်ပါတယ်။


ဖွိုက်ကို ဆက်ထိန်းထားဖို့ တွန်းအားပေးနေတဲ့ အူနိုင်း အန်မေရီ

အသက် ၂၄ နှစ် အရွယ် အာဂျင်တီးနား ညာနောက်ခံလူ ကိုတော့ လာလီဂါ ပြိုင်ဘက် ဘာစီလိုနာ က ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။
ဂျူအန်ဖွိုက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

ဗီလာရီးရဲယ် နည်းပြ အူနိုင်း အန်မေရီက သူ့အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ဂျူအန် ဖွိုက်ကို ဆက်ထိန်းထားဖို့ အသင်း တာဝန်ရှိသူတွေကို တွန်းအားပေးလျက် ရှိတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ် အရွယ် အာဂျင်တီးနား ညာနောက်ခံလူ ကိုတော့ လာလီဂါ ပြိုင်ဘက် ဘာစီလိုနာ က ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

ဖွိုက်ဟာ ၂၀၂၀ ခုနှစ် ကမှ တော့တင်ဟမ်ဟော့စပါး ကနေ ဗီလာရီးရဲယ် အသင်းထံ ပြောင်းရွှေ့လာခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ရာသီလုံး လာလီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ပွဲအားလုံး ပွဲထွက် ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် အူနိုင်း အန်မေရီက ဖွိုက်က ဒီနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်း မပြောင်းရွှေ့ဖို့ လိုလားနေတာလည်း ဖြစ်ပါတယ်။

ဂျူအန် ဖွိုက်ဟာ ဗီလာရီးရဲယ် အသင်းနဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး စာချုပ်ဖျက်သိမ်းကြေး ကတော ယူရို ၄၂ သန်း ရှိတယ်လို့ သိရပါတယ်။ ဘာစီလိုနာ နည်းပြ ဇာဗီက အခုနှစ် အပြောင်းအရွှေ့ အစောပိုင်းမှာ ချဲလ်ဆီးက အက်ဇ်ပီလီကွယ်တာကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ စပိန် ညာနောက်ခံလူ ကလည်း ပြောင်းရွှေ့လိုခဲ့ပေမယ့် နောက်ဆုံး မှာတော့ ချဲလ်ဆီး နဲ့ပဲ စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် ဘာဆာတို့ ကစားသမားသစ် ထပ်မံ ရှာဖွေနေရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်