နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖိအားတွေကို ရင်ဆိုင်ရတာ နှစ်သက်တယ် ဆိုတဲ့ အမ်ဘာပေး | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ သူ့ အနေနဲ့ ဖိအားတွေကို ရင်ဆိုင်ရတာ နှစ်သက်တဲ့သူ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

အမ်ဘာပေးက “ကျွန်တော် ဖိအားတွေကို ရင်ဆိုင်ရတာ နှစ်သက်တဲ့သူပါ။ ရလဒ်တွေ မကောင်းတဲ့အခါ လှောင်ပြောင်ခံရတာက ပုံမှန်ပါပဲ။ လှောင်ပြောင်သံတွေကို ပြောင်းလဲပစ်ဖို့က ကျွန်တော်တို့ရဲ့ အလုပ် ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ ပတ်သတ်လို့တော့ ကျွန်တော် ပြဿနာ မရှိပါဘူး။ ကျွန်တော်တို့ အသင်း စုစည်းမှု ရှိဖို့ပဲ အရေးကြီးတာပါ။ အကောင်းဆုံး ဖြစ်လာအောင်လည်း ကြိုးစားနေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ 

အမ်ဘာပေး ကတော့ ပြီးခဲ့တဲ့ နွေရာသီမှာ ပီအက်စ်ဂျီ ကနေ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အတွက် ဂိုးတွေ ဆက်တိုက် သွင်းယူနေပြီ ဖြစ်တဲ့ အမ်ဘာပေး

ဆက်လက်ပြီး “ဒါက စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ ပိုဆိုင်ပါတယ်။ ကျွန်တော့်ကို ကျွန်တော် ပိုကောင်းအောင်လုပ်ဖို့ အမြဲ ပြောပါတယ်။ ကျွန်တော်တို့ ပြောင်းလဲချိန်တန်ပါပြီ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ဆိုးရွားစွာ ကစားဖို့ မက်ဒရစ်ကို လာခဲ့တာ မဟုတ်ပါဘူး။ တစ်လလောက် ကောင်းအောင် ကစားရုံနဲ့ မလုံလောက်ပါဘူး။ မက်ဒရစ်မှာဆိုရင် အမြဲတမ်း ကောင်းအောင် ကစားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအင်္ကျီကို ဝတ်ဖို့ အတွက် အမြဲတမ်း အိမ်မက်မက်ခဲ့ရတာပါ။ ပထမဦးဆုံး ရောက်တဲ့နေ့ ကတည်းက ကျွန်တော် အိမ်မက်တွေနဲ့ ရှင်သန်ခဲ့ပါတယ်။ ကျွန်တော် ဒီကို စောစောမလာခဲ့တာက ကလပ်ရဲ့ အမှားလည်း မဟုတ်သလို ပရိသတ်တွေရဲ့ အမှားလည်း မဟုတ်ပါဘူး။ ကျွန်တော့် အမှားပါ။ ကျွန်တော် ဒီမှာ ဖလား ၂ လုံး ယူပြီးပါပြီ။ ဒီမှာ ကျွန်တော် ပျော်ရွှင်ပါတယ်။ နောက်ပြီး ကျွန်တော် စပိန်ရဲ့ ဓလေ့တွေ ကိုလည်း လေ့လာနေပါတယ်။” လို့ အမ်ဘာပေးက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

အမ်ဘာပေး ကတော့ ပြီးခဲ့တဲ့ နွေရာသီမှာ ပီအက်စ်ဂျီ ကနေ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ်မှာ ထင်ထားသလောက် ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမယ့်လည်း ပြင်သစ် ကြယ်ပွင့်က ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၃၁ ပွဲ ကစားရာမှာ ၁၉ ဂိုး သွင်းယူထားသလို လာလီဂါ မှာတော့ ၁၈ ပွဲ ကစားရာမှာ ၁၂ ဂိုး သွင်းကာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။ အမ်ဘာပေးက ဒီရာသီ ပြိုင်ပွဲစုံ ဂိုး ၄၀ သွင်းယူဖို့ ရည်မှန်းထားကြောင်းလည်း ကြုံးဝါးသွားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်