မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၂၁ မှာတော့ ရီးရဲလ်မက်ဒရစ်က ကီလီယန် အမ်ဘာပေးရဲ့ ဟက်ထရစ်နဲ့ အဝေးကွင်းမှာ ရီးရဲလ်ဗယ်လာဒိုးလစ်ကို အနိုင်ရခဲ့ပါတယ်။ ပြင်သစ် ကြယ်ပွင့် အမ်ဘာပေး အတွက် ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ ပထမဦးဆုံး ဟက်ထရစ်လည်း ဖြစ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်တို့ အမှတ်ပေးဇယား ထိပ်ကနေ ရမှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အိမ်ရှင် ဗယ်လာဒိုးလစ်က ၄-၁-၂-၃ အခင်းအကျင်းနဲ့ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်သွားခဲ့ပေမယ့် အဘက်ဘက်မှာ ဘယ်လိုမှ ယှဉ်ကစားနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ် ကတော့ ကော့တွာစ်၊ ရူဒီဂါ၊ ချူအာမန်နီ၊ ဂါစီယာ၊ အဆန်စီရို၊ ဆယ်ဘာလော့စ်၊ ဗယ်လ်ဗာဒီ၊ ဘယ်လင်ဟမ်၊ ရိုဒရီဂို၊ ဒီးယက်ဇ်၊ အမ်ဘာပေးတို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာပြီး နိုင်ပွဲ အရယူဖို့ အားစိုက်လာခဲ့ပါတယ်။ ပွဲချိန် ၅ မိနစ် လောက်အထိသာ အိမ်ရှင် အသင်းက ဖိဖိစီးစီး ကစားနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း မှာတော့ ရီးရဲလ်မက်ဒရစ်က ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ တရစပ် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ပထမပိုင်း တစ်ပိုင်း မှာတင် ဂိုးပေါက် ကန်ချက် ၁၂ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး အမ်ဘာပေးက ပွဲချိန် မိနစ် ၃၀ မှာ ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ရီးရဲလ်မက်ဒရစ် ကပဲ တိုက်စစ်ဆက်မြှင့်ခဲ့ပြီး ၅၇ မိနစ်မှာ ရိုဒရီဂိုးရဲ့ ဖန်တီးပေးမှု ကနေ အမ်ဘာပေးက ဒုတိယဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပြန်ပါတယ်။ အဲဒီနောက်မှာတော့ လူစား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီးတော့ မိုဒရစ်၊ အလာဘာ၊ အာဒါ ဂူလာတို့ ဝင်ရောက်လာခဲ့ပါတယ်။ ပွဲက ရီးရဲလ်မက်ဒရစ် ဘက်မှာပဲ ရှိခဲ့ပြီး မိနစ် ၉၀ မှာတော့ ဗယ်လာဒိုးလစ် ဘက်က မာရီယို မာတင် နှစ်ဝါတစ်နီနဲ့ ထွက်ခဲ့ရသလို ကွင်းလယ်ဒိုင် ကလည်း VAR ပြန်ကြည့်ပြီး ပင်နယ်တီပေးခဲ့ပါတယ်။ ဒီပင်နယ်တီ ကိုလည်း အမ်ဘာပေးက သွင်းယူခဲ့တာကြောင့် ပြင်သစ်သားရဲ့ သွင်းဂိုးတွေနဲ့ အတူ ရီးရဲလ်မက်ဒရစ်တို့ ဂိုးပြတ် နိုင်ပွဲ ရရှိခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိချိန် ကတည်းက အားရစရာ မရှိတဲ့ ခြေစွမ်းကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ အမ်ဘာပေး ကတော့ လာလီဂါ ကလပ် အတွက် ပထမဦးဆုံး ဟက်ထရစ် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမ်ဘာပေးက ဒီရာသီ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားပြီးချိန်မှာ သွင်ဂိုး ၁၉ ဂိုး အထိ ရှိလာခဲ့ပြီးတော့ လာလီဂါ မှာတော့ ၁၅ ဂိုး သွင်းယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အမ်ဘာပေးက လာလီဂါရဲ့ ထိပ်တန်း ဂိုးသွင်းရှင် စာရင်းမှာ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့ပြီး လီဝမ်ဒေါစကီးနဲ့လည်း ၁ ဂိုးသာ ကွာဟပါတော့တယ်။ ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်က လာလီဂါ အမှတ်ပေးဇယားမှာ အဓိက ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်ကို ၄ မှတ်ဖြတ်နိုင်ခဲ့သလို ဘာစီလိုနာ ထက်တော့ တစ်ပွဲ ပိုကစားပြီး ၁၀ မှတ် ဖြတ်နိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.