နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပီအက်စ်ဂျီ ကနေ ထွက်ခွာချင်နေပြန်တဲ့ အမ်ဘာပေ၊ ဘာစီလိုနာက လာလီဂါမှာ အကောင်းဆုံး အသင်းလို့ ဆိုလိုက်တဲ့ ဆီမြွန်နီ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ပီအက်စ်ဂျီ ကနေ ထွက်ခွာချင်နေပြန်တဲ့ အမ်ဘာပေ၊ ဘာစီလိုနာက လာလီဂါမှာ အကောင်းဆုံး အသင်းလို့ ဆိုလိုက်တဲ့ ဆီမြွန်နီ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပီအက်စ်ဂျီ ကနေ ထွက်ခွာချင်နေပြန်တဲ့ အမ်ဘာပေး

ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးဟာ လက်ရှိ အသင်း ကနေ ထွက်ခွာချင်နေပြီလို့ သိရပါတယ်။ စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ အမ်ဘာပေးက အသင်းနဲ့ ပြီးခဲ့တဲ့ ရာသီမှာ စာချုပ် သက်တမ်းတိုးခဲ့ပြီး ပြင်သစ်မြေမှာ ဆက်ရှိနေခဲ့ပေမယ့် အခုအခါမှာတော့ အသင်းပြောင်းဖို့ ဆန္ဒရှိလာပြန်တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ဘေယန်မြူးနစ်ကို အရေးနိမ့်ခဲ့ပြီးနောက် အမ်ဘာပေးက အသင်း အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေပြီး သူ့ရဲ့ ကစားသမား ဘ၀မှာ လိုအပ်နေတဲ့ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ဖို့ အသင်းပြောင်းမှ ဖြစ်မယ်လို့ တွေးတောလာဟန် ရှိပါတယ်။ ဒီအိပ်မက်ကို ရီးရဲလ်မက်ဒရစ်နဲ့ အတူ အကောင်အထည် ဖော်နိုင်ဖို့ ကိုပါ အမ်ဘာပေးက စဉ်းစားနေဖွယ် ရှိပါတယ်။

ရီးရဲလ် ကတော့ အမ်ဘာပေးကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာပါ။ ဒါကြောင့် အခုလိုမျိုး အခွင့်အရေးပြန်ရချိန်မှာ ကြိုးစားမလား ဆိုတာ စောင့်ကြည့်ရပါတော့မယ်။ ဒါပေမယ့် ကစားသမားရဲ့ စာချုပ်သက်တမ်းအနေအထားကြောင့် ပြောင်းရွှေ့ကြေး အများအပြား ပေးချေရဖွယ် ရှိလို့ ရီးရဲလ် ဘက်က အချိန်ယူ စဉ်းစားဖွယ်တော့ ရှိနေပါတယ်။


ဘာစီလိုနာက လာလီဂါမှာ အကောင်းဆုံး အသင်းလို့ ဆိုလိုက်တဲ့ ဆီမြွန်နီ

အက်သလက်တီကိုမက်ဒရစ် အသင်း နည်းပြ ဒီယေဂို ဆီမြွန်နီက စပိန် လာလီဂါမှာ ဘာစီလိုနာက အကောင်းဆုံး အသင်းလို့ ပြောဆိုလိုက်ပါတယ်။ ပြိုင်ဘက်ကို ချီးကျူးသွားခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ ကလည်း လာလီဂါမှာ ပေးဂိုး ၇ ဂိုးတည်းသာ ရှိကာ အမှတ်ပေးဇယားကို ၅ မှတ်ဖြတ် ဦးဆောင်နေပြီး ဇာဗီ လက်ထက်မှာ ပုံစံကောင်း ပြန်ရနေတဲ့ အသင်း ဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ် အသင်း နည်းပြ ဒီယေဂို ဆီမြွန်နီက စပိန် လာလီဂါမှာ ဘာစီလိုနာက အကောင်းဆုံး အသင်းလို့ ပြောဆိုလိုက်ပါတယ်။
လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ဦးဆောင်နေတဲ့ ဘာစီလိုနာကို ချီးကျူးလိုက်တဲ့ အက်တလက်တီကို နည်းပြ

ဆီမြွန်နီက “ ဘာစီလိုနာက လက်ရှိမှာ လာလီဂါရဲ့ အကောင်းဆုံး အသင်းပါ၊ ဇာဗီက အရမ်း ရှင်းလင်းတဲ့ မက်ဆေ့ချ်ကို ပြသနိုင်ခဲ့ပါတယ်၊ သူက အရင်တုန်းက တောင်ပံကစားသမားတွေကို အားပြုခဲ့ပြီး အခု ကွင်းလယ် ကစားသမားတွေကို အားပြုနေပါတယ်၊ ဂါဗီ၊ ပီဒရီ တို့လို ကစားသမားတွေနဲ့ပေါ့၊ သူ အကောင်းဆုံး ဖြစ်အောင်ကို လုပ်ပြနိုင်ခဲ့ပါတယ်”

“ ဘာစီလိုနာရဲ့ ပုံစံက မပြောင်းလဲသွားခဲ့ပါဘူး၊ ဒါပေမယ့်လည်း ဇာဗီ ရောက်လာမှုနဲ့ အတူ သူတို့တွေက အသင်းရဲ့ အနှစ်သာရကို ပြန်လည်ပြီး ပုံဖော်ရရှိခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဝါးအစည်းပြေသလို ဖြစ်နေတဲ့ ဘာကာကို ဇာဗီဟာ သူ့ လက်ထက်မှာ ပြန်လည် စုစည်းခဲ့ပြီး လာလီဂါ ချန်ပီယံ ဖြစ်လာဖို့ စိန်ခေါ်နေတာလည်း ဖြစ်ပါတယ်။


ဘာစီလိုနာကို အမီပြန်လိုက်နေတဲ့ ရီးရဲလ်မက်ဒရစ်

လာလီဂါ မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာကို အမီလိုက်ဖို့ အတွက် နိုင်ပွဲတွေ ဆက်တိုက် ပြန်လည် ရယူနေပါတယ်။ မနေ့ညက အိုဆာဆူနာနဲ့ ပွဲမှာလည်း ရီးရဲလ်တို့ နောက်ကျ ဂိုးတွေနဲ့ အတူ နိုင်ပွဲ ရခဲ့ပြီး ဘာစီလိုနာတို့ မကစားခင်မှာ ၅ မှတ် အကွာ အနေအထားကို ပြန်ရောက်လာခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လိုက်ဇစ်
မန်ချက်စတာစီးတီး
1X2 လိုက်ဇစ် @ 3.80
ဂိုးပေါ် 3.00 @ 2.16
ဂိုးပေါင်း 0-1 @ 4.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲလ်မက်ဒရစ် အတွက် ၇၈ မိနစ်မှာ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီ၊ နာကျင် အချိန်ပို ၂ မိနစ်မှာ အဆန်စီယို တို့က အနိုင်ဂိုးတွေ သွင်းပေးခဲ့ကြတာပါ။ ဒါကြောင့် ဒီနေ့မှာ ကာဒစ်ဇ်နဲ့ ကစားရမယ့် ဘာဆာကို ဖိအား ပြန်ပေးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ပွဲ အဖြစ် အဝေးကွင်းမှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရ မယ့် ဘာစီလိုနာတို့ အနည်းနဲ့ အများဆိုသလို ဖိအားတွေ ဝင်ခဲ့မှာ သေချာပါတယ်။

ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် ပြန်ကစားခဲ့တဲ့ လာလီဂါ ၂ ပွဲစလုံးကို ရီးရဲလ်တို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာ ရလဒ်ပိုင်း ယိမ်းယိုင်ခဲ့ပြီးနောက် အန်ဆယ်လော့တီက သူ့အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ပို့ပေးနိုင်ခဲ့ပြီး ဘာစီလိုနာကို အမီပြန်လိုက်ဖို့ ကြိုးစားမှုတွေက အရာထင်လာခဲ့ပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်