နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒမ်ဘီလီကို ပီအက်စ်ဂျီ ပြောင်းစေချင်နေတဲ့ အမ်ဘာပေး၊ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း တိုးချင်နေတဲ့ မိုဒရစ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဒမ်ဘီလီကို ပီအက်စ်ဂျီ ပြောင်းစေချင်နေတဲ့ အမ်ဘာပေး၊ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း တိုးချင်နေတဲ့ မိုဒရစ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒမ်ဘီလီကို ပီအက်စ်ဂျီ အတွက် အလိုရှိနေတဲ့ အမ်ဘာပေး

ကီလီယန် အမ်ဘာပေး ကတော့ ပြင်သစ် လက်ရွေးစင် အသင်းဖော် အူစမန်နီ ဒမ်ဘီလီကို ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့စေချင်နေပါတယ်။ လာလီဂါ ကလပ် ဘာစီလိုနာမှာ ကစားနေတဲ့ တောင်ပံ ကစားသမား ဒမ်ဘီလီက ဒီရာသီမှာ ခြေစွမ်းပြနေပြီး ကမ္ဘာ့ဖလား မှာလည်း ပြင်သစ်နဲ့အတူ ပွဲထွက်ခွင့်တွေ ရခဲ့ကာ အမ်ဘာပေးက သူ့ရဲ့ အသင်းဖော်နဲ့ အတူတူ ကစားချင်နေတာ ဖြစ်ပါတယ်။

အသက် ၃၆ နှစ် အရွယ် ရှိနေတဲ့ မိုဒရစ်ဟာ ကစားသမား ဘ၀ ကနေ အနားယူဦးမှာ မဟုတ်ဘဲ ထိပ်တန်း လိဂ် တစ်ခုမှာ ဆက်လက် ကျင်လည်ချင်နေပြီး လာလီဂါ ထိပ်သီး တို့နဲ့ ၁ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုချင်နေတာ ဖြစ်ပါတယ်။
လက်ရှိ အချိန်ထိ ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပြနေတဲ့ မိုဒရစ်

ဒမ်ဘီလီက ဘာစီလိုနာ မှာလည်း နည်းပြ ဇာဗီရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ရှိနေကာ ခြေစွမ်းလည်း ပြနေတာ ဖြစ်ပါတယ်။ ဒမ်ဘီလီ အနေနဲ့ ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက် မှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြသနေခဲ့ပြီး ဘာဆာ ဘက်က စာချုပ်သစ်တောင် ချုပ်ဆိုထားခဲ့ပါတယ်။ ဒါ့အပြင် ရောင်းချမယ့် ကစားသမား မဟုတ်ကြောင်းလည်း တရားဝင် ထုတ်ဖော် ပြောဆိုထားပါတယ်။

ပီအက်စ်ဂျီ မှာတော့ အိန်ဂျယ်လ် ဒီမာရီယာ ထွက်ခွာသွားခဲ့ပြီးနောက် ညာတောင်ပံ ကစားသမားစစ်စစ် ရှားပါးနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ မက်ဆီက ညာခြမ်း တိုက်စစ်ကို ထွက်ကစားပေးနေရပြီး ဒမ်ဘီလီသာ ရောက်လာခဲ့မယ် ဆိုရင် မက်ဆီက ကွင်းလယ် တိုက်စစ် အတွင်းဘက်မှာ ပိုမို နေရာယူ ကစားရဖွယ် ရှိပါတယ်။ သေချာတာ ကတော့ ဒမ်ဘီလီသာ ရောက်ရှိလာခဲ့ရင် ပီအက်စ်ဂျီရဲ့ တိုက်စစ်က အတောင့်တင်းဆုံး ဖြစ်သွားမှာပါ။


ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ် သက်တမ်း တိုးချင်နေတဲ့ မိုဒရစ်

ခရိုအေးရှား ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ် ကတော့ လက်ရှိ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ် သက်တမ်း တိုးချင်နေပါတယ်။ အသက် ၃၆ နှစ် အရွယ် ရှိနေတဲ့ မိုဒရစ်ဟာ ကစားသမား ဘ၀ ကနေ အနားယူဦးမှာ မဟုတ်ဘဲ ထိပ်တန်း လိဂ် တစ်ခုမှာ ဆက်လက် ကျင်လည်ချင်နေပြီး လာလီဂါ ထိပ်သီး တို့နဲ့ ၁ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုချင်နေတာ ဖြစ်ပါတယ်။

ရီးရဲလ် ကလည်း ကွင်းလယ်ပိုင်းမှာ အခုချိန်ထိ အားကိုးနေရဆဲ ဖြစ်တဲ့ မိုဒရစ်ကို လက်လွှတ်မခံချင်ပေမယ့် လက်ရှိအချိန်ထိတော့ စာချုပ်သက်တမ်း တိုးဖို့ ကမ်းလှမ်းထားခြင်း မရှိသေးပါဘူး။ အသင်းရဲ့ ပေါ်လစီအရ ရီးရဲလ်က အသက် ၃၀ ကျော် ကစားသမားတွေကို တနှစ်ချင်းစီသာ စာချုပ်သက်တမ်း တိုးသွားမှာ ဖြစ်ပြီး မိုဒရစ် ဘက်ကလည်း လက်ခံဖို့ အတွက် အသင့် ဖြစ်နေတယ်လို့ သိရပါတယ်။

မိုဒရစ်က ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား မှာလည်း ခရိုအေးရှားကို ဦးဆောင်ခဲ့ပြီး တတိယနေရာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ နှစ်အတန်ကြာ ကစားခဲ့ပြီး ကမ္ဘာ့အဆင့် ကစားသမား အဖြစ် မိုဒရစ်က ပြောင်းလဲနိုင်ခဲ့သလို အောင်မြင်မှု အများအပြားလည်း ရယူထားနိုင်ခဲ့ကာ ဘယ်လွန်ဒေါဆုပါ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။


မာတင် အိုဒီဂတ်ကို ပြန်လည် ခေါ်ယူခွင့် မရှိတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ သူတို့ရဲ့ ကွင်းလယ်လူဟောင်း မာတင် အိုဒီဂတ်ကို ရောင်းချခဲ့စဉ်မှာ ပြန်လည် ခေါ်ယူခွင့် အချက် မပါဝင်ဘူးလို့ သိရပါတယ်။ နော်ဝေ ကွင်းလယ်လူဟာ ရီးရဲလ်မှာ ပုံမှန် ပွဲထွက်ခွင့် မရတာကြောင့် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ အသင်းခေါင်းဆောင် အဖြစ်နဲ့ပါ ခြေစွမ်းပြနေခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ချဲလ်ဆီး
မန်ချက်စတာစီးတီး
1X2 ချဲလ်ဆီး @ 4.80
ဂိုးပေါ် 3.00 @ 2.33
ဂိုးပေါင်း 0-1 @ 3.75
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါကြောင့် သူ့ကို အသင်းဟောင်း ရီးရဲလ်က ပြန်လည် ခေါ်ယူနိုင်တယ်လို့ သတင်းတွေ ထွက်လာခဲ့တာပါ။ ဒါပေမယ့် ကစားသမားကို ရောင်းချခဲ့တုန်းက စာချုပ်မှာ ပြန်လည် ခေါ်ယူခွင့် အချက် မပါဝင်ဘူးလို့ သိရပြီး ဒါက အာဆင်နယ် ပရိသတ်တွေ အတွက် သက်ပြင်းချနိုင်မယ့် သတင်းကောင်း ဖြစ်ခဲ့ပါတယ်။

အိုဒီဂတ်က အသင်းခေါင်းဆောင် အဖြစ်နဲ့ ခြေစွမ်းပြနေပြီး ရက်သတ္တပတ်တိုင်းမှာ သွင်းဂိုး ဒါမှမဟုတ် ဖန်တီးမှုတွေကို ပြုလုပ်ပေးနေခဲ့ပါတယ်။ ရီးရဲလ် အတွက်တော့ ဒါက နောင်တရစရာ ဖြစ်ပေမယ့် သူတို့ အသင်းမှာ အိုဒီဂတ်ကို နေရာ မပေးနိုင်လို့ လက်လွှတ်လိုက်ရတာက တစ်ဖက်က အာဆင်နယ် အတွက်တော့ ကံကောင်းမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်