နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဆီရဲ့ ဖခင်နဲ့ တွေ့ဆုံခဲ့တဲ့ လာပေါ်တာ၊ လီဝမ်ဒေါစကီး ဂိုးပေါက် ပျောက်နေတဲ့ အပေါ် စိတ်မပူတဲ့ ဇာဗီ (လာလီဂါ နောက်ဆုံးရ သတင်းများ)

မက်ဆီရဲ့ ဖခင်နဲ့ တွေ့ဆုံခဲ့တဲ့ လာပေါ်တာ၊ လီဝမ်ဒေါစကီး ဂိုးပေါက် ပျောက်နေတဲ့ အပေါ် စိတ်မပူတဲ့ ဇာဗီ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၁၁ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မက်ဆီရဲ့ ဖခင်နဲ့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာတို့ တွေ့ဆုံခဲ့

လီယွန်နယ် မက်ဆီ တစ်ယောက် ဘာစီလိုနာကို ပြန်လည် ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ပြီးခဲ့တဲ့လ အတွင်း မက်ဆီရဲ့ ဖခင် ဂျော့ချ် မက်ဆီနဲ့ ဘာစီလိုနာ ဥက္ကဌ ယိုအန် လာပေါ်တာတို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

မက်ဆီဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီမှာ မပျော်မရွှင် ဖြစ်နေပြီး လာလီဂါက အသင်းဟောင်းထံ ပြန်လာဖို့ အတွက် သတင်းတွေ ကျယ်လောင်စွာ ထွက်ပေါ်နေပါတယ်။ လာပေါ်တာတို့ အုပ်ချုပ်ရေးအဖွဲ့ ကလည်း ဖိအားတွေ များနေတဲ့ သူတို့ရဲ့ အနေအထားမှာ မက်ဆီကို ပြန်လည် ခေါ်ယူပြီး ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။ 

ပရီးမီးယား လိဂ်
အဲဗာတန်
ဖူလ်ဟမ်
1X2 သရေ @ 3.25
အဲဗာတန်အာရှ ဟန်းဒီးကပ် -0.50 @ 2.05
ဂိုးပေါ် 2.25 @ 1.99
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျော့ချ် မက်ဆီနဲ့ ဘာစီလိုနာတို့ တွေ့ဆုံမှုက မက်ဆီ အတွက် နူးကမ့်ပ်ကွင်းမှာ ဂုဏ်ပြုပွဲ တစ်ပွဲ ကစားပေးဖို့ ဖြစ်တယ်လို့ ဆိုကြပေမယ့် သတင်းအရင်းမြစ် အချို့ ကတော့ မက်ဆီ အနေနဲ့ တတိယ အဖွဲ့အစည်း တစ်ခု ဆီကနေ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ရရှိထားကြောင်း ဖော်ပြထားပါတယ်။ 

ဘာစီလိုနာ ဘက်ကတော့ မက်ဆီကို ပြန်လည် ခေါ်ယူနိုင်ဖို့ အတွက် ဘာမဆို လုပ်သွားနိုင်ချေ ရှိပြီး ဆော်ဒီလိဂ် ဘက်ကလည်း မက်ဆီ အတွက် သမိုင်းဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ အဆင်သင့် ရှိနေပါတယ်။ 


လီဝမ်ဒေါစကီး ဂိုးပေါက် ပျောက်နေတဲ့ အပေါ် စိတ်မပူတဲ့ ဇာဗီ

ဘာစီလိုနာ နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က အသင်းရဲ့ အဓိက တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ဂိုးပေါက် ပျောက်ဆုံးနေတဲ့ အပေါ်မှာ စိုးရိမ်ပူပန်မိခြင်း မရှိကြောင်း ပြောကြားလိုက်ပါတယ်။

အဆိုပါ ပိုလန် တိုက်စစ်မှူးဟာ ဒီရာသီမှာ ဘာစီလိုနာ အတွက် လာလီဂါ သွင်းဂိုး (၁၇) ဂိုး အပြင် ပြိုင်ပွဲစုံ သွင်းဂိုး (၂၇) ဂိုး အထိ သွင်းယူပေးထားပြီး ဖြစ်ပါတယ်။
နောက်ပိုင်း ပွဲစဥ်တွေမှာ ဂိုးပေါက် ပျောက်ဆုံးနေတဲ့ ရောဘတ် လီဝမ်ဒေါစကီး

အဆိုပါ ပိုလန် တိုက်စစ်မှူးဟာ ဒီရာသီမှာ ဘာစီလိုနာ အတွက် လာလီဂါ သွင်းဂိုး (၁၇) ဂိုး အပြင် ပြိုင်ပွဲစုံ သွင်းဂိုး (၂၇) ဂိုး အထိ သွင်းယူပေးထားပြီး ဖြစ်ပါတယ်။ လာလီဂါ ဂိုးသွင်း ဘုရင်ဆု အတွက်လည်း လီဝမ်ဒေါစကီးက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာထက် (၃) ဂိုး အသာနဲ့ ဦးဆောင်ထားပေမယ့် နောက်ပိုင်း ပွဲစဥ်တွေ မှာတော့ ဂိုးပေါက် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ 

ဗီရိုနာနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲအပြီး မှာတော့ ဇာဗီက လီဝမ်ဒေါစကီးနဲ့ ပတ်သက်ပြီး စိုးရိမ်မှု မရှိဘဲ လာလီဂါ ချန်ပီယံဆုနဲ့ ပတ်သက်ပြီးတော့သာ စိုးရိမ်မှု ရှိကြောင်း၊ ဗီရိုနာနဲ့ ပွဲမှာ ပုံစံကောင်း ပြခဲ့ပေမယ့် ပြိုင်ဘက် ဂိုးရှေ့မှာ ဘာမှမလုပ်နိုင်ခဲ့ကြောင်း၊ ဒါပေမယ့် အသင်း ကတော့ နိုင်ပွဲ ရခဲ့သင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


ဗယ်လ်ဗာဒီနဲ့ ပြဿနာတက်ပြီးနောက် မိသားစုကို ခြိမ်းခြောက်ခံနေရတဲ့ ဘေနာ

ဗီလာရီးရဲလ် ကစားသမား အဲလက်စ် ဘေနာက ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီနဲ့ ပြဿနာတက်ခဲ့ပြီးနောက် သူ့ရဲ့ မိသားစုထံ အသက်အန္တရာယ် ခြိမ်းခြောက်စာတွေ ရောက်ရှိလာခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ 

ဘေနာဟာ ရီးရဲလ်မက်ဒရစ်နဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ခဲ့တဲ့ ကိုပါဒယ်ရေးနဲ့ လာလီဂါ ပွဲစဥ်တွေမှာ ဗယ်လ်ဗာဒီကို “မွေးမလာတော့မယ့် မင်းရဲ့သား အတွက် ငိုစမ်း” လို့ ကွင်းအတွင်းမှာ ပြောကြားခဲ့ပါတယ်။ 

ဒါကြောင့် ဗယ်လ်ဗာဒီက ဘေနာကို ကားပါကင်မှာ စောင့်ဆိုင်းပြီး ရန်ပြု ထိုးကြိတ် တိုက်ခိုက်ခဲ့တာကြောင့် ဘေနာ တစ်ယောက် ဒဏ်ရာအများအပြား ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ် အများစု ကလည်း ဗယ်လ်ဗာဒီ ဘက်က ရပ်တည်ပေးခဲ့ကြပြီး ဘေနာ ကတော့ အများစုရဲ့ ဝေဖန် ပြောဆိုခြင်း ခံနေရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်