နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမား ဘ၀ ဂိုးပေါင်း ၁၀၀၀ အထိ ပါဝင် ပတ်သက်နိုင်ခဲ့ပြီ ဖြစ်တဲ့ မက်ဆီ၊ ဘာစီလိုနာမှာ ဆက်နေဖို့ နေမာကို တိုက်တွန်းခဲ့ဖူးကြောင်း ဆွာရက်ဇ် ဖွင့်ဟ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ကစားသမား ဘ၀ ဂိုးပေါင်း ၁၀၀၀ အထိ ပါဝင် ပတ်သက်နိုင်ခဲ့ပြီ ဖြစ်တဲ့ မက်ဆီ၊ ဘာစီလိုနာမှာ ဆက်နေဖို့ နေမာကို တိုက်တွန်းခဲ့ဖူးကြောင်း ဆွာရက်ဇ် ဖွင့်ဟ စတဲ့ သတင်းတွေ အပါအဝင် မတ် ၅ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကစားသမားဘ၀ ဂိုးပေါင်း ၁၀၀၀ အထိ ပါဝင် ပတ်သက်နိုင်ခဲ့ပြီ ဖြစ်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ နန့်စ်နဲ့ ကစားခဲ့တဲ့ ပြင်သစ် လီဂူးဝမ်း ပွဲစဉ်မှာ အသင်း အတွက် ပွဲအစ ၁၂ မိနစ် မှာပဲ ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ပီအက်စ်ဂျီက ဒီပွဲကို ၄-၂ နဲ့ အနိုင်ရရှိခဲ့ကာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ လာလီဂါ ကလပ် ခြေစွမ်းပြခဲ့သလို ပီအက်စ်ဂျီမှာလည်း ခြေစွမ်းကောင်းတွေ ဆက်လက် ပြသနေတာ ဖြစ်ပါတယ်။
ကစားသမားဘ၀ ဂိုးပေါင်း ၁၀၀၀ အထိ ပါဝင် ပတ်သက်နိုင်ခဲ့ပြီ ဖြစ်တဲ့ မက်ဆီ

ဒီဂိုး သွင်းယူနိုင်ခဲ့တာကြောင့် မက်ဆီဟာ ကစားသမား ဘ၀ စတင်ရာ ၂၀၀၃ ခုနှစ် ကနေ လက်ရှိ အချိန်ထိ နှစ်ပေါင်း ၂၀ အတွင်းမှာ သွင်းဂိုး ၁၀၀၀ အထိ တိုက်ရိုက် ပါဝင် ပတ်သက်နိုင်တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ မက်ဆီဟာ ဂိုးပေါင်း ၇၀၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ၂၉၉ ကြိမ် အထိ ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မော်ဒန် ဘောလုံးလောကမှာ သူ့ကို အနီးစပ်ဆုံး လိုက်မီနိုင်တဲ့ တစ်ဦးတည်းသော ကစားသမား အဖြစ် ခရစ္စတီယာနို ရော်နယ်ဒိုပဲ ရှိပါတယ်။ အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ လာလီဂါ ကလပ် ခြေစွမ်းပြခဲ့သလို ပီအက်စ်ဂျီမှာလည်း ခြေစွမ်းကောင်းတွေ ဆက်လက် ပြသနေတာ ဖြစ်ပါတယ်။ မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၈ ဂိုးနဲ့ ဖန်တီးမှု ၁၆ ကြိမ် အထိ ပြုလုပ်ပေးထားပြီးလည်း ဖြစ်ပါတယ်။


ဘာစီလိုနာမှာ ဆက်နေဖို့ နေမာကို တိုက်တွန်းခဲ့ဖူးကြောင်း ဆွာရက်ဇ် ဖွင့်ဟ

ဘာစီလိုနာ နာမည်ကျော် တိုက်စစ်မှူးဟောင်း လူး၀စ္စ ဆွာရက်ဇ်က အသင်းဖော်ဟောင်း နေမာကို ပီအက်စ်ဂျီဆီ မပြောင်းရွှေ့ဖို့ အတွက် အကြံပေးခဲ့ပြီး တကယ်လို့ အသင်း သေချာပေါက် ပြောင်းမယ် ဆိုရင်လည်း မန်ချက်စတာစီးတီး ကိုသာ ရွေးချယ်ဖို့ နားချဖူးကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဆွာရက်ဇ်၊ နေမာနဲ့ လီယွန်နယ် မက်ဆီတို့ဟာ လာလီဂါ ထိပ်သီး ကလပ်မှာ MSN တိုက်စစ် အဖြစ်နဲ့ နာမည် ကျော်ကြားခဲ့ပြီး ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်အတွဲလည်း ဖြစ်ခဲ့တာပါ။ ၂၀၁၃ မှာ ဘာကာကို ရောက်လာတဲ့ နေမာက ၂၀၁၇ မှာတော့ ပီအက်စ်ဂျီကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။

“ မင်း အရာအားလုံးကို အောင်မြင်ချင်တယ် ဆိုရင် ဒီမှာပဲ ဆက်နေပါလို့ ကျနော်တို့ နေမာကို ပြောခဲ့တယ်၊ ဒါကို သူလည်း သဘောတူပါတယ်၊ ဒါပေမယ့် သူ့ ပတ်ဝန်းကျင်က စီမံခန့်ခွဲရတာ ခက်တယ်၊ သူငယ်ချင်း တစ်ယောက် အနေနဲ့ သူ့ကို ဘာကာမှာ ဆက်နေဖို့ ကျနော်တို့ အကြံပေးခဲ့ပေမယ့်လည်း သူ့မိသားစုက အသင်းပြောင်းဖို့ ကိုပဲ ဆုံးဖြတ်ခဲ့တယ်၊ ဒါဆိုလည်း အင်္ဂလန်ကို ပြောင်း၊ မန်စီးတီး ကိုပေါ့၊ ဒါပေမယ့် ပြင်သစ်ကို သူရွေးသွားခဲ့တယ်” လို့ ဆွာရက်ဇ်က ဖွင့်ဟခဲ့ပါတယ်။


ဒီပိုင်း၊ မိုရာတာ တို့ရဲ့ ဂိုးတွေနဲ့ ဆီဗီလာကို ဂိုးပြတ်သမခဲ့တဲ့ အေတီကို

အက်သလက်တီကို မက်ဒရစ် ကတော့ စပိန် လာလီဂါ ပွဲစဉ် အဖြစ် ဆီဗီလာကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရာမှာ ၆-၁ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ခံစစ်ကို အားပြု ကစားတတ်တဲ့ အက်သလက်တီကိုတို့ အခုလိုမျိုး တစ်ပွဲတည်း ၆ ဂိုး အထိ သွင်းယူနိုင်မှုဟာ ရှားပါးတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ပြီး ဒီပိုင်းနဲ့ မိုရာတာ တို့လို တိုက်စစ် ကစားသမားတွေက ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဘန်ဖီကာ
ကလပ် ဘရက်ဂီ
1X2 ကလပ် ဘရက်ဂီ @ 5.80
ဂိုးပေါ် 2.75 @ 1.93
ဂိုးပေါင်း 0-1 @ 3.85
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဆီဗီလာက ကစားသမား တစ်ဦး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာ ကလည်း အေတီကိုတို့ ဂိုးတွေ အများကြီး သွင်းယူနိုင်ဖို့ ဖြစ်လာခဲ့ပြီး ရီးရဲလ်ဆိုဆီဒက်တို့ သရေကျခဲ့မှုကိုအခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ် အတွက် ဂိုးတွေ ကိုတော့ မမ်းဖစ် ဒီပိုင်းက ၂ ဂိုး၊ လူစားဝင်လာတဲ့ မိုရာတာက ၂ ဂိုး သွင်းယူခဲ့ပြီး အန်တိုနီယို ဂရစ်ဇ်မန်းနဲ့ ယန်းနစ်ခ် ကာရက်စ်ကို တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။

ဆီဗီလာ အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ ပင်တိုင် ဂိုးသွင်းရှင် အန်နက်စ်ရီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အေတီကိုဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာကို ရောက်ရှိသွားပြီ ဖြစ်ကာ ဆိုဆီဒက်ကို တစ်မှတ် အသာစီး ရယူပြီး ပြန်လည် ကျော်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်