နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကီလီယန် အမ်ဘာပေးကို ဝေဖန် ပြောဆိုမှုတွေ ပြုလုပ်လာတဲ့ နေမာ | လာလီဂါ

လာလီဂါ ဘရာဇီးလ် နာမည်ကျော် တိုက်စစ် ကစားသမား နေမာ ဂျူနီယာက လက်ရှိ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကစားသမား ကီလီယန် အမ်ဘာပေးကို ဝေဖန် ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ နေမာက သူ့ရဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်းဖော်တွေကို အမ်ဘာပေးနဲ့ တွဲဖက် ကစားရင် အကြီးအကျယ် ဒုက္ခရောက်စေနိုင်ကြောင်း တကူးတက ဆက်သွယ် သတိပေးခဲ့တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကီလီယန် အမ်ဘာပေးနဲ့ နေမာ တို့ဟာ ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီမှာ ၂၀၁၇ ခုနှစ် ကနေ ၂၀၂၃ ခုနှစ် အထိ ၆ နှစ်ကျော်ကြာ တွဲဖက်ကစားခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ ဒီကာလ အတွင်းမှာ နေမာဟာ ဒဏ်ရာပြသနာတွေ မကြာခဏ ကြုံတွေ့ခဲ့ရပြီး နေမာနဲ့ ပွဲပေါင်း ၁၃၆ ပွဲသာ တွဲဖက် ကစားခဲ့ရပါတယ်။ နေမာနဲ့ အမ်ဘာပေး တို့ဟာ ပြင်သစ် လီဂူးဝမ်း အမှတ်ပေးချန်ပီယံဆု ၄ ကြိမ် အပါအဝင် ပြည်တွင်း ဆုဖလား များစွာ ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

အဲဒီနောက် ပီအက်စ်ဂျီကို နာမည်ကျော် တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ရောက်ရှိလာခဲ့ပြီးနောက် ကမ္ဘာကျော် ၃ ယောက်တွဲ တိုက်စစ် အဖြစ် နှစ်ရာသီ အကြာ ကစားခဲ့ကြပေမယ့်လည်း ပရိသတ်တွေ အဓိက မျှော်လင့်ထားကြတဲ့ ချန်ပီယံလိဂ် အောင်မြင်မှုတော့ မရရှိခဲ့ပါဘူး။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် နေမာက ဘရာဇီးလ် လက်ရွေးစင် အသင်းဖော်တွေထံ အမ်ဘာပေးနဲ့ အတူတကွ တွဲဖက် ကစားရတာက ဒုက္ခတွေ့နိုင်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နေမာက အမ်ဘာပေးနဲ့ တစ်သင်းတည်း ကစားရင်း များစွာ ကျရှုံးနိုင်ကြောင်းလည်း သတိပေးခဲ့သလို အတူတကွ တွဲကစားခဲ့လို့လည်း အမှတ်တရတွေ ရှာဖွေ မတွေ့ရှိခဲ့ဘူးလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ကီလီယန် အမ်ဘာပေးဟာ အခုနှစ် နွေရာသီမှာ လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီ ကနေ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ်ကို ရောက်ရောက်ချင်းမှာ ဥရောပစူပါဖလား ပွဲစဉ်ကို ဝင်ရောက် ကစားခွင့် ရခဲ့ပြီး အနိုင်ဂိုး ၁ ဂိုးလည်း သွင်းကာ ဆုဖလား ရရှိခဲ့ပါတယ်။ အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ လက်ရှိ အချိန်ထိ ပြိုင်ပွဲစုံ ၇ ပွဲ ကစားရာမှာ ၅ ဂိုး သွင်းယူပေးထားခဲ့တာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် မှာတော့ နေမာရဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်းဖော်တွေ ဖြစ်တဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ရိုဒရီဂိုနဲ့ အန်းဒရစ်ခ်တို့ အတူတူ တွဲဖက် ကစားနေခဲ့တာ ဖြစ်ပါတယ်။

နေမာ အခုလို ပြောကြားခဲ့တယ် ဆိုတဲ့ သတင်း ကိုတော့ ပြင်သစ် နာမည်ကျော် ဂျာနယ်လစ် စီရဲလ် ဟာနူနာက ဖော်ပြခဲ့တာ ဖြစ်ပြီး နေမာဟာ အမ်ဘာပေးရဲ့ အကြောင်းကို ရီးရဲလ်မက်ဒရစ်မှာ ရှိတဲ့ ဘရာဇီးလ် ကစားသမားတွေကို ဆက်သွယ် သတိပေးခဲ့တယ် ဆိုပြီး အတိအလင်း ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

စီရဲလ် ဟာနူနာက “ဘရာဇီးလ် ကစားသမားတွေ (ရီးရဲလ်မက်ဒရစ် အသင်းဖော်တွေ) ဟာ နေမာရဲ့ သူငယ်ချင်းတွေပါ။ အမ်ဘာပေးနဲ့ နေမာ အကြားမှာ အမြဲတမ်း စစ်ပွဲ တစ်ခု အသွင်ဆောင်ခဲ့ပါတယ်။ နေမာဟာ အမ်ဘာပေး အကြောင်း ဘရာဇီးလ် ကစားသမားတွေဆီ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ ပြီးတော့ သူတို့ကို ဒါဟာ ကြီးမားတဲ့ ကျရှုံးမှု ဖြစ်ပြီး ဒုက္ခရောက်စေမယ်လို့လည်း သတိပေးခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ လာလီဂါ မှာ ၅ ပွဲ ကစားထားပြီး ၃ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ရမှတ် ၁၁ မှတ် ရရှိထားပြီး အဆင့် နေရာမှာ ရပ်တည်နေပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် မှာတော့ ရီးရဲလ်မက်ဒရစ်က ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အမ်ဘာပေး ကလည်း အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်