နေမာကို အသင်း ကနေ ထွက်သွားဖို့ အိမ်ရှေ့ အထိ သွားအော်ခဲ့တဲ့ ပီအက်စ်ဂျီ ပရိသတ်များ၊ ရာသီကုန်ရင် ပဲရစ်ကို သေချာပေါက် စွန့်ခွာတော့မယ့် မက်ဆီ စတဲ့ သတင်းတွေ အပါအဝင် မေလ ၅ ရက်နေ့ရဲ့ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
နေမာကို အသင်း ကနေ ထွက်သွားဖို့ အိမ်ရှေ့ အထိ သွားအော်ခဲ့တဲ့ ပီအက်စ်ဂျီ ပရိသတ်များ
ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ ပရိသတ်တွေဟာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး နေမာကို အသင်း ကနေ ထွက်သွားဖို့ အတွက် ကစားသမားရဲ့ အိမ်ရှေ့မှာ စုရုံးကာ တောင်းဆိုခဲ့ကြပါတယ်။ နေမာဟာ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀၀ နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
နေမာက လာလီဂါ ကလပ် ဘာစီလိုနာ မှာလိုပဲ ပီအက်စ်ဂျီ မှာလည်း ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် နှစ်တိုင် အနားယူနေခဲ့ရပြီး အရေးကြီး ပွဲတွေကို မကစားနိုင်ခဲ့သူပါ။ ဒီရာသီမှာ ပီအက်စ်ဂျီတို့ အမှတ်ပေးဖလားကို ရယူဖို့တောင်မှ ရာသီကုန် အထိ စောင့်ကြည့်ရတော့မယ့် အခြေအနေကို ရောက်လာချိန်မှာ ပရိသတ်တွေက နေမာကို ပစ်မှတ်ထားလာခဲ့တာပါ။
ပီအက်စ်ဂျီ ပရိသတ်တွေဟာ မက်ဆီ ကိုလည်း ကွင်းအတွင်းမှာပဲ လှောင်ပြောင်ခဲ့ကြသလို အခုလည်း နေမာ ကိုပါ အသင်း ကနေ ထွက်ဖို့ သွားရောက် အော်ဟစ်ခဲ့ကြတာပါ။ လက်ရှိမှာ မက်ဆီ ကလည်း အသင်းက သေချာပေါက် ထွက်ခွာဖို့ ရှိနေပြီး နေမာပါ ထပ်ထွက်မယ် ဆိုရင် ရာသီကုန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦးစလုံးကို ပီအက်စ်ဂျီတို့ လက်လွှတ်ရတော့မှာလည်း ဖြစ်ပါတယ်။
ရာသီကုန်ရင် ပဲရစ်ကို စွန့်ခွာတော့မယ့် မက်ဆီ
အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ရာသီကုန်ရင် ပီအက်စ်ဂျီ ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ စာချုပ်သစ် အတွက် ဆွေးနွေးနေပေမယ့်လည်း လော်ရီယန့်ကို အရေးနိမ့်ခဲ့ပြီးနောက် ဆော်ဒီကို မက်ဆီ သွားခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အသင်းကို အသိမပေးခဲ့လို့ သူ့ကို ၂ ပတ်ကြာ ပွဲကစားခွင့်၊ လေ့ကျင့်ခွင့် ပြစ်ဒဏ်ကို အသင်းဘက်က ချမှတ်ခဲ့ပါတယ်။
မက်ဆီနဲ့ ပီအက်စ်ဂျီတို့ အကြား ဆက်ဆံရေးဟာ လုံး၀ ပျက်စီးသွားပြီလို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ရေးသားခဲ့ပြီး နွေရာသီမှာ သေချာပေါက် အသင်း ပြောင်းလိမ့်မယ်လို့လည်း ဆိုပါတယ်။ မက်ဆီကို ဆော်ဒီ ကလပ်တွေက ခေါ်ယူဖို့ ကြိုးစားနေပြီး ကစားသမားရဲ့ ဖခင်က ပြီးခဲ့တဲ့လ အတွင်းက ရီယက်ဒ်ကို သွားခဲ့သလို မက်ဆီ ကလည်း ဒီလ အစောပိုင်းမှာပဲ သွားခဲ့တာပါ။
မက်ဆီရဲ့ လက်ရှိအနေအထား ကတော့ သူ့ကို အလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပြီး လစာငွေ ကတော့ အများအပြား ပေးချေရဖွယ် ရှိပါတယ်။ မက်ဆီ အနေနဲ့ မေဂျာလိဂ်၊ ဆော်ဒီလိဂ်နဲ့ လာလီဂါ အသင်းဟောင်း ဘာစီလိုနာ တို့ကို ရွေးချယ်နိုင်မှာ ဖြစ်ကာ ရာသီကုန်မှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။
မာဆယ်လိုနောက် လိုက်သွားဖွယ် ရှိနေတဲ့ အစ္စကို
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း အစ္စကိုဟာ အသင်းဖော်ဟောင်း မာဆယ်လို ကစားနေတဲ့ ဘရာဇီးလ် ကလပ် ဖလူမီးနီးစ်ကို ပြောင်းရွှေ့နိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အစ္စကိုက အသင်း လက်မဲ့ ဖြစ်နေပြီး အသင်းသစ် ရှာဖွေနေရကာ သူ့ကို ခေါ်ယူချင်တဲ့ အသင်းက ဥရောပမှာ မရှိဘူး ဖြစ်နေပါတယ်။
ဒါကြောင့် မာဆယ်လို ရှိရာ အသင်းဆီကို ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေ ထွက်လာခဲ့တာပါ။ ပဲရစ်မြို့ကို ရောက်နေတဲ့ အစ္စကိုကို ဖလူးမီးနီးစ် အသင်းရဲ့ အပေါ်ဝတ် အကျီနဲ့ မြင်တွေ့ခဲ့ရပြီး ဒါဟာ သူ အသင်း ပြောင်းရွှေ့နိုင်တဲ့ အနေအထားလို့ စပိန် သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။
သူ့ကို ဒီနှစ် အစောပိုင်းက တောင်အမေရိက အသင်းတွေက ကမ်းလှမ်းခဲ့သလို ကစားသမား ဘက်ကလည်း ချိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ကတော့ မဖြစ်လာခဲ့ဘဲ အခုအခါ မှာတော့ မာဆယ်လို အခံရှိနေတဲ့ အသင်းဆီ ရောက်ရှိဖို့ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.