နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗင်နီးစီးယပ်စ် ဘယ်လွန်ဒေါ မရလို့ ဝေဖန်မှုတွေ ပြုလုပ်လာခဲ့တဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာ ဘယ်လွန်ဒေါ မရတဲ့ အတွက် ပြစ်တင် ဝေဖန်မှုတွေ ပြုုလုပ်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီးစီးယပ်စ် ဘယ်လွန်ဒေါဆု မရခဲ့တာကို အနီးကပ်မှ သိရှိခဲ့ရခြင်းဟာ ဆုရွေးချယ်ရေး အဖွဲနဲ့ ဥရောပဘောလုံးအဖွဲချုပ်ရဲ့ လေးစားမှု မရှိတဲ့ လုပ်ရပ် ဖြစ်ကြောင်း ပြစ်တင် ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က တစ်သင်းလုံး ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတက်ရောက်ခဲ့ပေမယ့်လည်း အကောင်းဆုံး နည်းပြဆု၊ ကလပ် အသင်းဆုနဲ့ တိုက်စစ်မှူးဆု စတဲ့ ဆုသုံးဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
အကောင်းဆုံး ကလပ်ဆု ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

အခုနှစ် အတွက် ဘယ်လွန်ဒေါဆု ကိုတော့ ဘရာဇီးလ် ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာ ရရှိမယ်လို့ ဆုပေးပွဲ အခမ်းအနား မကျင်းပမီ အချိန်ထိ တောက်လျှောက် သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲကျင်းပဖို့ နာရီပိုင်း အလိုမှာတော့ ပြင်သစ် အားကစားမီဒီယာ RMC Sport က အခုနှစ် အတွက် ဘယ်လွန်ဒေါဆုကို ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဗင်နီးစီးယပ်စ် ရရှိမှာ မဟုတ်ပဲ မန်စီးတီးနှင့် စပိန် လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီသာ ရရှိမယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ဒီသတင်းနဲ့ အတူ နည်းပြ ကာလို အန်ဆယ်လော့တီ၊ ဗင်နီ၊ ဂျူ့ဒ် ဘယ်လင်ဟမ်နဲ့ ရီးရဲလ်မက်ဒရစ် တစ်သင်းလုံး ဘယ်လွန်ဒေါ ဆုပေးပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း သိခဲ့ရပြီး ဥက္ကဋ္ဌ ပီရက်ဇ် ကလည်း အသင်းသားတွေနဲ့ အတူ  ပဲရစ်မှာ လုပ်မယ့် ဆုပေးပွဲကို တက်ရောက်ဖို့ အစီအစဉ်တွေကို ချက်ချင်းပဲ ရုပ်သိမ်းခဲ့ပါတယ်။ ပီရက်ဇ်က “ဆုရဲ့ စံနှုန်းတွေရဲ့ ဗင်နီစီယပ်စ် မကိုက်ညီဘူး ဆိုရင် အားလုံး ကိုက်ညီတဲ့ ကာဗာဟယ်က ရခဲ့သင့်ပါတယ်။ ဒီလုပ်ရပ်ဟာ ဘယ်လွန်ဒေါနဲ့ ယူအီးအက်ဖ်အေရဲ့ ရီးယဲလ်မက်ဒရစ် အပေါ် လေးစားမှု မရှိတာ သိသာပါတယ်။ ဒါကြောင့် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကလည်း လေးစားမှု မရှိတဲ့ နေရာကို မသွားရောက်ခဲ့တာပါ။” လို့ အင်တာဗျူးတွေမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က တစ်သင်းလုံး ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတက်ရောက်ခဲ့ပေမယ့်လည်း အကောင်းဆုံး နည်းပြဆု၊ ကလပ် အသင်းဆုနဲ့ တိုက်စစ်မှူးဆု စတဲ့ ဆုသုံးဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ရိုဒရီ ဆုရရှိပြီးနောက် ပြီးခဲ့တဲ့ အမျိုးသား ဘလွန်းဒီအော ဆုရှင် ၁၀ ဦး ကတော့ ၂၀၁၅ – လီယွန်နယ် မက်ဆီ (အာဂျင်တီးနား/ဘာစီလိုနာ)၊ ၂၀၁၆ – ခရစ္စတီယာနို ရော်နယ်လ်ဒို (ပေါ်တူဂီ/ရီးယဲလ်မက်ဒရစ်)၊ ၂၀၁၇ – ခရစ္စတီယာနို ရော်နယ်လ်ဒို (ပေါ်တူဂီ/ရီးယဲလ်မက်ဒရစ်)၊ ၂၀၁၈ – လူကာမိုဒရစ် (ခရိုအေးရှား/ရီးယဲလ်မက်ဒရစ်)၊ ၂၀၁၉ – လီယွန်နယ် မက်ဆီ (အာဂျင်တီးနား/ဘာစီလိုနာ)၊ ၂၀၂၀- ကိုဗစ်ကြောင့် ဆုမချီးမြှင့်ခဲ့၊ ၂၀၂၁ – လီယွန်နယ် မက်ဆီ (အာဂျင်တီးနား/ဘာစီလိုနာ)၊ ၂၀၂၂-  ကာရင် ဘန်ဇီမာ (ပြင်သစ်/ရီးယဲလ်မက်ဒရစ်)၊ ၂၀၂၃- လီယွန်နယ် မက်ဆီ (အာဂျင်တီးနား/ဘာစီလိုနာ)၊ ၂၀၂၄ – ရိုဒရီ (စပိန်/မန်ချက်စတာစီးတီး) တို့ပဲ ဖြစ်ပါတယ်။ဘယ်လွန်ဒေါဆုပေးပွဲဟာ မကြာခဏ ဆိုသလို အငြင်းပွားဖွယ် ဆုံးဖြတ် ရွေးချယ်မှုတွေကြောင့် နောက်ပိုင်း နှစ်တွေမှာ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်