နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာကို လိုက်လေ ဝေးလေ ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်၊ လီဝမ်ဒေါစကီးရဲ့ အကြံပေးမှုကို လက်ခံဖို့ အသင်းသားတွေကို ဇာဗီ တိုက်တွန်း (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဘာစီလိုနာကို လိုက်လေ ဝေးလေ ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်၊ လီဝမ်ဒေါစကီးရဲ့ အကြံပေးမှုကို လက်ခံဖို့ အသင်းသားတွေကို ဇာဗီ တိုက်တွန်း စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာကို လိုက်လေ ဝေးလေ ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်

လာလီဂါ ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ မက်ဒရစ် ဒါဘီပွဲ မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်း မှာပဲ မြို့ခံ ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို သရေကျသွားခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ် ဘက်က အိန်ဂျယ် ကော်ရီယာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပေမယ့် ရီးရဲလ်တို့ အခွင့်အရေး မယူနိုင်ခဲ့ဘဲ ဦးဆောင်ဂိုးပါ အသွင်းခံခဲ့ရပါတယ်။

၆၄ မိနစ်မှာ ကော်ရီယာ ထုတ်ပယ်ခံရပြီး ၇၈ မိနစ်မှာ ဂျီမီနက်ဇ်က အက်သလက်တီကို အတွက် ဦးဆောင်ဂိုး သွင်းခဲ့တာပါ။ ဒိဂိုးကို ၈၅ မိနစ်မှာ လူငယ်ကစားသမား ရိုဒရီဂွက်ဇ် အယ်လ်ဗာရိုက ပြန်ချေပခဲ့လို့သာ ရီးရဲလ်တို့ အိမ်ကွင်းမှာ သရေ တစ်မှတ် ရခဲ့တာပါ။ လက်ရှိ မှာတော့ သူတို့က ဘာဆာနဲ့ ၇ မှတ် အကွာမှာ ရှိနေပါတယ်။ 

ဒါပေမယ့် ဒီနေ့မှာ ဘာစီလိုနာက အယ်လ်မီရီယာကို အနိုင်ရခဲ့မယ် ဆိုရင် ၁၀ မှတ် အထိ ကွာဟတော့မှာ ဖြစ်ပါတယ်။ ရီးရဲလ်တို့ ကတော့ လိုက်လေ ဝေးလေ ဖြစ်နေပြီး လာလီဂါ အမှတ်ပေးဖလားက ဘာစီလိုနာ မြို့ဘက်ကို ယိမ်းနေပြီ ဖြစ်သလို ဇာဗီ အတွက် ဘာဆာ နည်းပြ ဘ၀မှာ အမှတ်ပေးဖလားကို ပထမဆုံး အကြိမ် ရယူနိုင်ဖို့ အခွင့်အရေး ကောင်းနေပါပြီ။ 


လီဝမ်ဒေါစကီးရဲ့ အကြံပေးမှုကို လက်ခံဖို့ အသင်းသားတွေကို ဇာဗီတိုက်တွန်း

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဇာဗီက အသင်းသားတွေ အနေနဲ့ ဝါရင့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးရဲ့ အကြံပေးမှုကို လိုက်နာသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။
လီဝမ်ဒေါစကီးရဲ့ အကြံပေးမှုကို လက်ခံဖို့ အသင်းသားတွေကို ဇာဗီ တိုက်တွန်း

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဇာဗီက အသင်းသားတွေ အနေနဲ့ ဝါရင့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးရဲ့ အကြံပေးမှုကို လိုက်နာသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လီဝမ်ဒေါစကီးက ဘာဆာ အတွက် ဒီရာသီမှာ ၂၅ ဂိုး အထိ သွင်းယူပေးထားပြီး အသင်းမှာ ဝါရင့် ကစားသမား အဖြစ်နဲ့ ဦးဆောင်နေသူ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲမှာ သူ ဂိုးသွင်းဖို့ အတွက် ဟန်ပြင်နေချိန် အန်ဆု ဖာတီက ကြားဝင်ကာ ခေါင်းတိုက် သွင်းခဲ့ပြိး ဂိုးမရခဲ့တဲ့ အပေါ်မှာ လီဝမ်ဒေါစကီးက ဒေါသထွက်ခဲ့တဲ့နောက် ဇာဗီက အခုလို ပြောဆိုခဲ့တာပါ။ လီဝီဟာ အဝတ်လဲခန်းထဲမှာလည်း အန်ဆု ဖာတီကို ဒေါသထွက်ကာ ပြစ်တင် ပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇာဗီက “ အသင်းရဲ့ ကဏ္ဍတွေမှာ သူက အများကြီး ပါဝင် ပတ်သက်မယ်လို့ ထင်ပါတယ်၊ သူက ဘောလုံးရယူဖို့ အတွက် နေရာယူထားပြီး အခြား ကစားသမားတွေနဲ့လည်း ချိတ်ဆက်နေခဲ့ပါတယ်၊ ၁၈ ကိုက်စည်းထဲမှာ သူ့အတွက် ကျနော်တို့ ပိုပြီးတော့ လုပ်ပေးရပါမယ်၊ ဧရိယာထဲမှာ သူ့ဆီကို Final Pass တွေ ကျနော်တို့ မပေးနိုင်ခဲ့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။ 


ရီးရဲလ် ကစားသမားတွေရဲ့ ကစားပုံကို အပြစ်တင်လိုက်တဲ့ ဆီမြွန်နီ

အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက မနေ့ညက ကစားခဲ့တဲ့ မက်ဒရစ် ဒါဘီပွဲမှာ ရီးရဲလ်မက်ဒရစ် ကစားသမားတွေရဲ့ ကစားပုံကို ပြစ်တင်မှုတွေ လုပ်သွားခဲ့ပါတယ်။ ဆီမြွန်နီက သူ့ရဲ့ ကစားသမား အိန်ဂျယ် ကော်ရီယာကို အနီကတ် ပြခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် ကိုလည်း မကျေမနပ် ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

“ ကော်ရီယာက ပြိုင်ဘက် ကစားသမားနဲ့ မထိခဲ့ပါဘူး၊ ရူဒီဂါက ၁.၉၄ မီတာလောက် အရပ်အမြင့် ရှိတာပါ၊ ထိပြီးပြီးချင်းမှာပဲ သူ လဲသွားပြီး ပြီးလည်း ပြီးရော ချက်ချင်းပဲ ပြန်ထလာတယ်၊ ဒါက အဝါကတ်တော့ ဖြစ်နိုင်ပေမယ့် ကစားသမား တစ်ဦးကို ထုတ်ပယ်ရမှာတော့ မဟုတ်ပါဘူး၊ ဒီလိုသာ ထုတ်ပယ်နေမယ် ဆိုရင် ကွင်းထဲမှာ ကစားသမား တစ်ယောက်မှတောင် ရှိတော့မှာ မဟုတ်ဘူး” လို့ ဆီမြွန်နီက ပြောခဲ့ပါတယ်။ 

လာလီဂါ
ရီးယဲလ် ဆိုစီဒက်
ကာဒပ်ဇ်
1X2 ကာဒပ်ဇ် @ 5.60
ကာဒပ်ဇ် အာရှ ဟန်းဒီးကပ် +1.00 @ 1.98
ဂိုးပေါ် 2.25 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကော်ရီယာ ထုတ်ပယ်ခံခဲ့ရပေမယ့် အေတီကိုက ဦးဆောင်ဂိုးတောင်မှ ရယူနိုင်ခဲ့ပြီး ၈၅ မိနစ်မှာ ချေပဂိုး ပေးလိုက်ရလို့သာ သရေနဲ့ ကျေနပ်ခဲ့ရတာပါ။ အေတီကိုက လာလီဂါ မှာတော့ ဆက်တိုက် ရလဒ်ကောင်းနေပြီး ရှုံးပွဲမရှိတာ အတန်ကြာလာခဲ့ပြီ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် မျှော်လင့်ထားနိုင်ဆဲ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်