နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂါရတ်သ် ဘေးလ်ကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ အသင်းဖော် ၄ ဦးထက် ဘောလုံး ပိုမို ပေးပို့နိုင်ခဲ့တဲ့ တာစတီဂန် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဂါရတ်သ် ဘေးလ်ကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ အသင်းဖော် ၄ ဦးထက် ဘောလုံး ပိုမို ပေးပို့နိုင်ခဲ့တဲ့ တာစတီဂန် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၀ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဂါရတ်သ် ဘေးလ်ကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ ကစားသမားဘ၀ ကနေ အနားယူသွားခဲ့တဲ့ သူတို့ အသင်းရဲ့ ကစားသမားဟောင်း ဂါရတ်သ် ဘေးလ်ကို ချီးကျူးဂုဏ်ပြုသွားခဲ့ပါတယ်။ ဘေးလ်ဟာ ကစားသမားဘ၀ နှောင်းပိုင်းမှာ အသင်းနဲ့ အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ပြီး ပရိသတ်တွေနဲ့ပါ အမြင်မကြည်မလင်ဖြစ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ သူ အနားယူခဲ့ချိန်မှာ “ ဘေးလ်က သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ကနေ အနားယူသွားခဲ့ပါတယ်၊ ရီးရဲလ်မက်ဒရစ် အနေနဲ့ အသင်းရဲ့ ဂန္ထဝင်ကစားသမား တစ်ဦးကို ကစားသမားကောင်း တစ်ယောက်နဲ့ ကျေးဇူးတင်၊ လေးစားချစ်ခင်တယ် ဆိုတာကို ပြသလိုပါတယ်၊ ၂၀၁၃ မှာ သူ ရောက်ရှိလာခဲ့ပြီး ၉ နှစ် အတွင်း အောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့ပါတယ်”

“ အသင်းရဲ့ အောင်မြင်မှု သမိုင်းကြောင်းမှာ ဘေးလ်က အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု အဖြစ်နဲ့ ရှိနေခဲ့ပြီး အမှတ်ရနေစရာ သွင်းဂိုးတွေ ကလည်း အများကြီးပါပဲ၊ ကံကောင်းပါစေ၊ ဂါရတ်ရေ၊ မင်းနဲ့ မင်းမိသားစု အတွက် အကောင်းဆုံးတွေ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်” လို့ ရီးရဲလ်မက်ဒရစ် အသင်းက ကြေညာချက်ထုတ်ပြန် ဂုဏ်ပြုခဲ့ပါတယ်။


အက်သလက်တီကိုနဲ့ ပွဲမှာ အသင်းဖော် ၄ ဦးထက် ဘောလုံး ပိုမို ပေးပို့နိုင်ခဲ့တဲ့ တာစတီဂန်

ဘာစီလိုနာ ဂိုးသမား မာ့ခ်အန်ဒရီ တာစတီဂန်ဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဒီရာသီ လာလီဂါမှာ ၁၂ပွဲမြောက် ပေးဂိုး မရှိပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဇာဗီရဲ့ ကစားကွက်အောက်မှာ ခြေစွမ်းပြနေတဲ့ ဂိုးသမား တာစတီဂန်

ဘာစီလိုနာ ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂန်ဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဒီရာသီ လာလီဂါမှာ ၁၂ပွဲမြောက် ပေးဂိုး မရှိပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဂျာမနီ ဂိုးသမားဟာ ဂရစ်ဇ်မန်းရဲ့ ချေပဂိုး ရရှိသွားနိုင်တဲ့ ကန်သွင်းချက် ကိုလည်း ကာကွယ်နိုင်ခဲ့ပြီး လက်စွမ်းပြခဲ့ပါတယ်။
ဒီပွဲမှာ တာစတီဂန်က ဘောလုံးပေးပို့မှု ၅၃ ကြိမ် အထိ အောင်မြင်ခဲ့ပြီး ဘလိတ်၊ ဂါဗီ၊ အန်ဆူဖာတီနဲ့ ဒမ်ဘီလီ တို့ထက်တောင်မှ ပိုမိုများပြားတဲ့ ပေးပို့မှုတွေကို ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမား တစ်ဦးအနေနဲ့ အသင်း ကစားကွက်မှာ သူက ပိုမိုပါဝင်နေခဲ့တာ ဖြစ်ပြီးဇာဗီရဲ့ Possession Game မှာ သူ့ရဲ့ အရေးပါမှုကိုလည်း ထင်ရှားစေခဲ့ပါတယ်။

မော်ဒန်ဘောလုံး လောကမှာ ဂိုးသမား တစ်ဦးရဲ့ တာဝန်က ဂိုးပေါက်ကို စောင့်ကြပ်ဖို့ တခုတည်း မဟုတ်တော့ဘဲ အသင်း ကစားကွက်မှာပါ လိုက်ပါဖို့ အတွက် တောင်းဆိုမှုတွေ မြင့်မားလာခဲ့ပြီး Sweeper Keeper တစ်ဦး အဖြစ်နဲ့ အသွင်ပြောင်းလာခဲ့ပါတယ်။ တာစတီဂန် ကတော့ နည်းပြ တောင်းဆိုတဲ့အတိုင်း ကစားပေးနိုင်ခဲ့ပြီး ဘာကာအတွက် အားကိုးရတဲ့သူ ဖြစ်နေခဲ့ပါပြီ။


ဇန်နီအိုလိုကို စောင့်ကြည့်နေပြန်တဲ့ ရီးရဲလ်မက်ဒရစ်

စီးရီးအေ
နာပိုလီ
ဂျူဗင်တပ်စ်
1X2 သရေ (Draw) @ 3.25
ဂိုးအောက် 2.25 @ 2.14
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

စပိန် ဘီလူးကြီး ရီးရဲလ်မက်ဒရစ် ကတော့ အီတလီ စီးရီးအေ ကလပ် ရိုးမားအသင်းရဲ့ ကစားသမား နီကိုလို ဇန်နီအိုလိုကို စိတ်ဝင်စားနေပြန်ပါပြီ။ ဥရောပကလပ် အသင်း အများအပြားရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ဇန်နီအိုလိုက ရိုးမားနဲ့ ၂၀၂၄ အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပြီး လာမယ့်နှစ် နွေရာသီမှာ သူ့ကို အလွတ် ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

ရိုးမားက ဇန်နီအိုလိုကို စာချုပ်သစ် အတွက် ဆွေးနွေးခြင်း မရှိသေးဘူးလို့ သိရပြီး ရီးရဲလ် ဘက်ကသာ ချိတ်ဆက်မယ် ဆိုရင် ကစားသမားဘက် ကလည်း တုံ့ပြန်မှုတွေ ရှိလာနိုင်ပါတယ်။ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ဇန်နီအိုလိုက ဒီရာသီမှာ ရိုးမား အတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းယူထားကာ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းမျိုး ပြန်ရဖို့တော့ အားထုတ်နေရပါတယ်။

အီတလီ လက်ရွေးစင် အသင်းကြီး မှာလည်း ရွေးချယ်ခံထားရပြီး ဖြစ်လို့ ဇန်နီအိုလိုရဲ့ တန်ကြေး ကတော့ မြင့်မားနေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က အသင်းအနာဂတ်အတွက် လူငယ်ကစားသမားတွေကို အားပြု ခေါ်ယူနေတာ ဖြစ်ပြီး လက်ရှိမှာလည်း ဘရာဇီးလ် ကလပ် ပါးမီးယပ်စ်ရဲ့ ဆယ်ကျော်သက် ကစားသမား အန်ဒရစ်ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်