ဘန်ဇီမာ နေရာ အတွက် လိုင်ယွန် တိုက်စစ်မှူးကို ချိတ်ဆက်နေတဲ့ ရီးရဲလ်၊ ဘာဆာမှာ ကစားချင်တယ်လို့ ဝန်ခံလိုက်တဲ့ အယ်လ်ခမာ ကြယ်ပွင့် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၇ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘန်ဇီမာ နေရာ အတွက် လိုင်ယွန် တိုက်စစ်မှူးကို ချိတ်ဆက်နေတဲ့ ရီးရဲလ်
စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက်အရွယ် ရလာပြီ ဖြစ်တဲ့ တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာ နေရာကို အစားထိုးဖို့ တိုက်စစ်မှူး တစ်ဦးကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရှာဖွေတဲ့ နေရာမှာ ပစ်မှတ် ကစားသမား အများအပြား သတ်မှတ်ထားပေမယ့်လည်း လိုင်ယွန် တိုက်စစ်မှူး မူဆာ ဒမ်ဘီလီ ကိုတော့ ပိုမို အာရုံစိုက်နေတယ်လို့ သိရပါတယ်။
ဘန်ဇီမာကို ခေါ်ယူခဲ့စဉ်ကလည်း လိုင်ယွန် ကနေ ခေါ်ယူခဲ့တာ ဖြစ်ပြီး အခုအခါမှာလည်း အလားတူ ပြုလုပ်ဖို့ ရီးရဲလ်က စိတ်ဝင်စားနေဟန် ရှိပါတယ်။ ဒမ်ဘီလီ ကတော့ လိုင်ယွန်အတွက် ၁၇၁ ပွဲ ကစားပေးထားပြီး ဂိုးပေါင်း ၇၀ သွင်းယူပေးထားကာ ၁၉ ကြိမ် ဖန်တီးပေးထားသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် သူက လိုင်ယွန်အတွက် ဂိုးပေါင်း ၂၀နဲ့ အထက် သွင်းယူပေးခဲ့ကာ အခြားသော အသင်းကြီးတွေရဲ့ ပစ်မှတ် ကစားသမားလည်း ဖြစ်နေပါတယ်။ ရီးရဲလ် ကသာ ကမ်းလှမ်းခဲ့မယ် ဆိုရင်တော့ ကစားသမား ဘက်က ငြင်းဆန်နိုင်စွမ်း ရှိမှာ မဟုတ်ဘူးလို့ မျှော်လင့်ရပါတယ်။
ဘာဆာမှာ ကစားချင်တယ်လို့ ဝန်ခံလိုက်တဲ့ အယ်လ်ခမာ ကြယ်ပွင့်
ဥရောပ လူငယ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ အယ်လ်ခမာ လူငယ်အသင်းရဲ့ အဓိကက စားသမား မက်စ်မီယာဒင့်ခ်က ဘာစီလိုနာ အတွက် ကစားပေးချင်တယ်လို့ ဝန်ခံလိုက်ပါတယ်။ အယ်လ်မာ ယူ-၁၉ အသင်းမှာ ခြေစွမ်းပြနေတဲ့ မီယာဒင့်ခ်ဟာ ဘာစီလိုနာ၊ ရီးရဲလ် လူငယ်အသင်းတွေနဲ့ ဒီရာသီမှာ ရင်ဆိုင်ခဲ့ရပြီး ထူးရှယ် ခြေစွမ်းမျိုးနဲ့ ကစားနိုင်ခဲ့သူပါ။
“ ဘယ်အသင်းမှာ ကစားချင်လဲ ဆိုရင်တော့ ဘာစီလိုနာပါ” လို့ ခရိုအေးရှား လူငယ်ကလပ် Hajduk Split ကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ သူက ပြောဆိုခဲ့ပါတယ်။ လာမယ့် ရာသီမှာ သူ့ကို အယ်လ်ခမာ အသင်းကြီးဆီ ပို့ဆောင်မယ် လို့လည်း သိရပြီး အဆိုပါ အသင်းမှာ ခြေစွမ်း ထပ်ပြနိုင်ရင်တော့ ဘာဆာ ဘက်ကလည်း စောင့်ကြည့်လာဖွယ် ရှိနေပါတယ်။
တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး လူငယ် ကစားသမားတွေကို သဘောကျတဲ့ နည်းပြ ဇာဗီ အတွက်လည်း စဉ်းစားစရာ ကောင်းတဲ့ ကစားသမား ဖြစ်နေပါတယ်။ ဒီတော့ လာမယ့် နှစ်အနည်းငယ် အတွင်းမှာ သူ့ရဲ့ ရည်မှန်းချက် အတိုင်း လာလီဂါ ကလပ်ကို ရောက်လာပြီး ကစားပေးနိုင်မလား စောင့်ကြည့်ရပါတော့မယ်။
ဗလက်ကာနိုကို အရေးနိမ့်သွားတဲ့ ဘာစီလိုနာ
ဘာစီလိုနာ ကတော့ အမှတ်ပေးဖလားကို ရယူခါနီးမှ အဝေးကွင်းမှာ ရေယို ဗလက်ကာနိုကို အရေးနိမ့်သွားခဲ့ပါတယ်။ ၂-၁ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပြီး ဂိုးပေါက် ပျောက်နေတဲ့ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးက ချေပဂိုး ပြန်သွင်းနိုင်တာ တခုပဲ ကျေနပ်စရာ ရှိခဲ့ပါတယ်။
ဒီပွဲ အရေးနိမ့်ခဲ့ပေမယ့် ဘာစီလိုနာက ဇယား ထိပ်ဆုံးမှာ ရီးရဲလ်မက်ဒရစ်ကို ၁၁ မှတ် ဖြတ်တောက်ထားဆဲ ဖြစ်ပါတယ်။ လက်ကျန်ပွဲ ၇ ပွဲသာ ကျန်ရှိတော့လို့ သူတို့ အတွက် အမှတ်ပေးဖလားက သေချာသလောက် ဖြစ်နေပြီ ဖြစ်ပြီး ရှုံးပွဲတွေ့လို့ သိပ်တော့ စိတ်ပူစရာ မရှိခဲ့ပါဘူး။
ခံစစ်ပိုင်း ကောင်းမွန်နေပြီး ပေးဂိုး ၉ ဂိုးသာ ရှိထားတဲ့ ဘာဆာဟာ အဝေးကွင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ နောက်ပိုင်း ပွဲတွေမှာ တိုက်စစ်ပိုင်း အားနည်းလာပြီး တစ်ပွဲ တစ်ဂိုး ရဖို့ကို မနည်း အားထုတ်နေရတဲ့ ဘာဆာတို့ မထင်မှတ်ထားတဲ့ ရှုံးပွဲနဲ့ တွေ့ခဲ့ပေမယ့် ဗလက်ကာနို ကတော့ ဥရောပ ဝင်ခွင့် မျှော်လင့်ချက် ရှင်သန်သွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.