နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကင်မစ်ချ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ဂျာမနီ ကွင်းလယ်လူ ဂျော်ရွှာ ကင်မစ်ချ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဂျာမနီ သတင်းစာ Blid က ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၉ နှစ် အရွယ် ဂျာမနီ လက်ရွေးစင် ကွင်းလယ်နဲ့ ညာနောက်ခံလူ ကင်မစ်ချ် ကတော့ ဘေယန်မြူးနစ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့ မှာလည်း ဖြစ်ပါတယ်။ ဘေယန်မြူးနစ်က ကင်မစ်ချ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိ အချိန်ထိတော့ သဘောတူညီမှု မရထားသေးပါဘူး။ ဒါကြောင့် ဥရောပ ထိပ်တန်း ကလပ် တော်တော်များများက ကင်မစ်ချ်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပြီး ရီးရဲလ်မက်ဒရစ်က ကင်မစ်ချ်ကို ခေါ်ယူဖို့ အကြိုဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။ 

Blid မီဒီယာရဲ့ ဖော်ပြချက်အရ ဆိုရင် ကီလီယန် အမ်ဘာပေး၊ အန်တိုနီယို ရူဒီဂါနဲ့ ဒေးဗစ် အလာဘာ တို့လို ကစားသမားကောင်းတွေကို အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားခဲ့တဲ့ ရီးရဲလ်ဟာ လာမယ့် နွေရာသီမှာ ဘေယန်မြူးနစ် ကစားသမားတွေ ဖြစ်တဲ့ ဘယ်နောက်ခံလူ အဲလ်ဖွန်ဆို ဒေးဗီးစ် အပြင် ဂျော်ရွှာ ကင်မစ်ချ်ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲလ်ဖွန်ဆို ဒေးဗီးစ်ဟာ လက်ရှိမှာ ဘေယန်မြူးနစ်နဲ့ စာချုပ် သက်တမ်းတိုးဖွယ် ရှိနေတာကြောင့် လာလီဂါ ကလပ်က ကင်မစ်ချ် ကိုသာ ပိုပြီး အာရုံစိုက်လာခဲ့တာ ဖြစ်ပါတယ်။ အဲလ်ဖွန်ဆို ဒေးဗီးစ် ကတော့ အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်ကို ကျိန်းသေပေါက် ပြောင်းရွှေ့ဖို့ အတွက် သတင်းတွေ ထွက်ခဲ့သူ ဖြစ်ပါတယ်။

ကင်မစ်ချ် အနေနဲ့ ကလည်း ဘေယန်မြူးနစ် နဲ့သာ စာချုပ်သစ် မချုပ် ဖြစ်ခဲ့ဘူး ဆိုရင် လာလီဂါ ကလပ်က သူရွေးချယ်သွားမယ့် ဦးစားပေး ကလပ် ဖြစ်သွားနိုင်ပါတယ်။
ကွင်းလယ်လူ လိုအပ်ချက် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

ကင်မစ်ချ်ဟာ ၂၀၁၅ ခုနှစ်မှာ လိုက်ပ်ဇစ် ကနေ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့ပြီးတော့ လက်ရှိမှာ ဘေယန်မြူးနစ် ကစားသမား အဖြစ် ဆယ်စုနှစ် တစ်ခု အကြာ ဖြတ်သန်းထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဂျော်ရွှာ ကင်မစ်ချ်က ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၆ လ ဝန်းကျင်လောက်သာ ကျန်ရှိနေပြီး ဘွန်ဒက်စ်လီဂါ ကလပ် ဘက်ကလည်း သူတို့ရဲ့ ကစားသမားနဲ့ စာချုပ် သက်တမ်း တိုးမြှင့်နိုင်ဖို ကြိုးပမ်းနေပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ အတွင်းမှာပဲ ကင်မစ်ချ်က ဘွန်ဒက်စ်လီဂါ ပြင်ပ ကလပ်တွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ဘေယန်မြူးနစ် ကနေ ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ တိုနီ ခရူးစ်ကို ကစားသမား ဘဝ ကနေ အနားယူသွားချိန် အသင်းရဲ့ ကွင်းလယ်ပိုင်း လိုအပ်ချက်တွေ ရှိနေခဲ့တဲ့အပေါ် ကင်မစ်ချ်နဲ့ ပြန်လည် ဖြည့်တင်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ကင်မစ်ချ် အနေနဲ့ ကလည်း ဘေယန်မြူးနစ် နဲ့သာ စာချုပ်သစ် မချုပ် ဖြစ်ခဲ့ဘူး ဆိုရင် လာလီဂါ ကလပ်က သူရွေးချယ်သွားမယ့် ဦးစားပေး ကလပ် ဖြစ်သွားနိုင်ပါတယ်။

ကင်မစ်ချ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် အတွက် ၄၁၈ ပွဲ ကစားပြီး ၄၃ ဂိုး သွင်းယူထားကာ ဆုဖလား အောင်မြင်မှု များစွာလည်း ရရှိထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်