နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗင်နီးစီးယပ်စ်ကို ရောင်းပြီး နီကို ဝီလီယမ်စ် သို့မဟုတ် ဝစ်ဇ်ကို ပြန်လည် ခေါ်ယူချင်နေတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ အသင်းရဲ့ ဘရာဇီးလ် တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို ရောင်းထုတ်သွားဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ အကြောင်းရင်း ကတော့ ဗင်နီးစီးယပ်စ်ဟာ ရီးရဲလ်မက်ဒရစ် အတွက် ခြေစွမ်းပြနေပေမယ့်လည်း လုပ်ခလစာ တိုးတောင်းနေတာကြောင့် အသင်း ဘက်က စိတ်ပျက်နေပြီး ရောင်းထုတ်ဖို့ စဉ်းစားနေတာ ဖြစ်ကြောင်း သိရပါတယ်။

တစ်ဖက် မှာလည်း ရီးရဲလ်မက်ဒရစ်က ဘရာဇီးလ် တိုက်စစ် ကြယ်ပွင့် ဗင်နီးစီးယပ်စ်ကို ရောင်းထုတ်ပြီး နီကို ဝီလီယမ်စ် သို့မဟုတ် ဖလော်ရီယန် ဝစ်ဇ်ကို အစားထိုး ပြန်လည် ခေါ်ယူဖို့ စီစဉ်လျက် ရှိကြောင်း သတင်းတွေ ထွက်နေပါသေးတယ်။ လာလီဂါ ကလပ်ဟာ အသက် ၂၄ နှစ် အရွယ် ဗင်နီးစီးယပ်စ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပြီးတော့ ယူရို ၁ ဘီလီယံတန်ကြေး ရှိတဲ့ လျော်ကြေး စာချုပ်လည်း ချုပ်ဆိုထားပါတယ်။ 

ဒီရာသီ အစောပိုင်း မှာလည်း ဗင်နီးစီးယပ်စ်ကို ဆော်ဒီပရိုလိဂ် ကလပ်တွေက စာချုပ် ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံ တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဆော်ဒီပရိုလိဂ် ကလပ်တွေက စာချုပ် ဖျက်သိမ်းကြေး အပြင် ဗင်နီးစီးယပ်စ်ကို မက်မောလောက်စရာ လုပ်ခလစာတွေနဲ့ ကမ်းလှမ်းဖို့လည်း ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

ဗင်နီးစီးယပ်စ် ကတော့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် မှာပဲ ဆက်ကစားသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နီကို ဝီလီယစ်နဲ့ ဖလော်ရီယန် ဝစ်ဇ် ကိုလည်း စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်

ဗင်နီးစီးယပ်စ် ကတော့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် မှာပဲ ဆက်ကစားသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်သားက အသင်းမှာ ဆက်ကစားသွားမှာ ဖြစ်ပေမယ့် အသင်းရဲ့ လုပ်ခ လစာ အများဆုံး ကစားသမား ဖြစ်လာစေမယ့် လုပ်ခ လစာ နှုန်းထား တိုးမြှင့်ပေးဖို့နဲ့ ၂၀၂၉ ခုနှစ် အထိ စာချုပ်သစ် ချုပ်ဆိုပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ အဓိက ကတော့ ဗင်နီးစီးယပ်စ်ဟာ လက်တလော ရီးရဲလ်မက်ဒရစ်မှာ ကီလီယန် အမ်ဘာပေး ရရှိနေတဲ့ လုပ်ခလစာထက် တိုးမြှင့် ရရှိလိုနေတာ ဖြစ်ပါတယ်။

ဒီလို တောင်းဆိုချက် ကိုတော့ ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က လိုက်လျောလိုခြင်း မရှိပဲ ဒီကစားသမားကို ရောင်းထုတ်ပြီးတော့ ကစားသမားသစ်တွေ ပြန်လည် အစားထိုး ခေါ်ယူဖို့ စီစဉ်နေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပီရက်ဇ်က ဗင်နီးစီးယပ်စ် အတွက် ဆော်ဒီ ဘက်က ကမ်းလှမ်းလာမယ့် ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၅၀ ဝန်းကျင်ကို မက်မောနေပြီးတော့ အဆိုပါ ငွေကြေးပမာဏ ကလည်း ထိပ်တန်း တိုက်စစ် ကစားသမား တစ်ဦးကို စိတ်ကြိုက် ခေါ်ယူနိုင်မယ့် ပမာဏ ဖြစ်ပါတယ်။

လက်ရှိမှာ ဗင်နီးစီးယပ်စ်ရဲ့ နေရာမှာ အစားထိုးဖို့ ရီးရဲလ်မက်ဒရစ် ပစ်မှတ်ထားနေတဲ့ ကစားသမားတွေ ကတော့ ဘီလ်ဘာအိုက စပိန် တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်နဲ့ လေဗာကူဆင်က ဂျာမန် စွယ်စုံရ ကစားသမား ဖလော်ရီယန် ဝစ်ဇ်တို့ ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ဦးစလုံး ကတော့ ဥရောပထိပ်တန်း ကလပ်ပေါင်း များစွာက ခေါ်ယူဖို့ ပစ်မှတ်ထား စောင့်ကြည့်ခံနေရသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ကသာ အသေအချာ ကြိုးပမ်းလာရင်တော့ မဖြစ်နိုင်တဲ့ အပြောင်းအရွှေ့တွေ မဟုတ်တာတော့ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်