လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ လာမယ့် နွေရာသီမှာ ထိပ်တန်း ကစားသမားတွေ ခေါ်ယူအားဖြည့်ဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် အနေနဲ့ ကြိုတင် သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ အတိုင်း လာမည့် ၂၀၂၅ ခုနှစ် နွေရာသီမှာ လစ်ဗာပူးလ် ဘယ်နောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်နဲ့ ဘေယန်မြူးနစ် ညာနောက်ခံလူ အဲလ်ဖွန်ဆို ဒေးဗီးစ် တို့ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ မှာတော့ လေဗာကူဆင်ရဲ့ ဂျာမန် ကွင်းလယ် ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ် ကိုပါ ယူရို သန်း ၁၀၀နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အလက်ဇန္တား အာနိုးလ်နဲ့ အယ်ဖွန်ဆို ဒေးဗီးစ် တို့ကတော့ လာမယ့် နွေရာသီမှာ သက်ဆိုင်ရာ ကလပ်တွေ ဖြစ်တဲ့ လစ်ဗာပူးလ်၊ ဘေယန်မြူးနစ် တို့နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒီကစားသမားတွေဟာ သက်ဆိုင်ရာ ကလပ်တွေနဲ့ လက်ရှိအချိန်အထိ စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိသေးတဲ့ အတွက် လာမယ့် ဇန်နဝါရီမှာ အသင်း ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
လာလီဂါ ထိပ်သီး ကလပ်ဟာ လာမယ့် ၂၀၂၅ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အသင်းကို အကြီးစား အင်အား ဖြည့်တင်းဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ရီးရဲလ်ဟာ အာနိုးလ်နဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ် တို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေသလို တစ်ဘက်မှာလည်း ဖလော်ရီယန် ဝစ်ဇ် အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရို သန်း ၁၅၀ အသုံးပြုကာ ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိကြောင်း စပိန်မီဒီယာတွေက ဖော်ပြလျက် ရှိပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ တိုနီ ခရူးစ် အနားယူပြီးနောက် မိုဒရစ် ကလည်း အသက်အရွယ် ကြီးရင့်လာတာကြောင့် အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အင်အားဖြည့်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လေဗာကူဆင် ကတော့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ ဝစ်ဇ်ကို ရောင်းချသွားဖို့ အစီအစဉ် မရှိကြောင်း သိရပါတယ်။ ဒါ့အပြင် တချို့သော သတင်းတွေမှာတော့ ဝစ်ဇ်ဟာ လာလီဂါကို ပြောင်းရွှေ့ကစားဖို့ထက် ဘေယန်မြူးနစ်မှာ ကစားဖို့လည်း စိတ်အားထက်သန်နေတယ်လို့ ဖော်ပြကြပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ အတွက် ယူရို သန်း ၂၀၀ အထိ အသုံးပြုသွားဖို့ စီစဉ်လျက် ရှိနေကြောင်း စပိန် မီဒီယာတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကိုယ်တိုင် ကလည်း ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဆက်စပ် သတင်းတွေအရ ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်ဟာ အသက်အရွယ်ရလာတဲ့ နည်းပြ ကာလို အန်ဆယ်လော့တီနဲ့ လမ်းခွဲ ဖြစ်ခဲ့ရင်တော့ လေဗာကူဆင် နည်းပြ ဇာဘီ အလွန်ဆိကို ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်ဟာ အလွန်ဆိုနဲ့ အတူ ဝစ်ဇ် ကိုပါ တပါတည်း ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.