နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာ တိုက်စစ်ကို အင်အားတောင့်တင်းစေနိုင်သူလို့ ချီးကျူးလိုက်တဲ့ ရီဗယ်လ်ဒို | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ အနေနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အရ ခေါ်ယူသင့်ကြောင်း ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ရီဗယ်လ်ဒိုက တိုက်တွန်းသွားခဲ့ပါတယ်။ လက်ရှိမှာ အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမားက ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ သတင်းတွေ ကြီးနေသူ ဖြစ်ပြီး ဘာစီလိုနာ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ဘရာဇီးလ် တိုက်စစ်မှူးဟောင်းကြီးက သူ့ရဲ့ ကလပ်ဟောင်းကို ရက်ရှ်ဖို့ဒ်အား ခေါ်ယူသင့်ကြောင်း တိုက်တွန်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ရီဗယ်လ်ဒိုက “ရက်ရှ်ဖို့ဒ်က ဘာစီလိုနာမှာ နေရာ တစ်နေရာ အခိုင်အမာ ရနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက အရမ်းကောင်းတဲ့ ကစားသမား ဖြစ်ပြီးတော့ ဘာစီလိုနာ ကလည်း အရေးကြီးတဲ့ စိန်ခေါ်မှုတွေ အတွက် အင်အားဖြည့်တင်းဖို့ လိုအပ်ပါတယ်။ သူက တိုက်စစ် နေရာစုံမှာ ကစားနိုင်တာကြောင့် ဘာစီလိုနာက ခေါ်ယူသင့်ပါတယ်။ ရက်ရှ်ဖို့ဒ်က ဘာစီလိုနာရဲ့ တိုက်စစ် အင်အားတောင့်တင်းဖို့ အကောင်းဆုံး အဖြေ တစ်ခု ဖြစ်နိုင်ပါတယ်။” လို့ ပြောဆိုခဲ့တာပါ။ 

၂၀၁၅ ခုနှစ်က စတင်ကာ ယူနိုက်တက် အတွက် ပွဲထွက် ကစားခွင့်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်က နောက်ပိုင်း နှစ်တွေ မှာတော့ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကြိုးစားလိုစိတ် မရှိခြင်းက အဓိက ဝေဖန်စရာလည်း ဖြစ်နေတာပါ။ နည်းပြ အမော်ရင် ကတော့ ပုံမှန် ခြေစွမ်း မရှိတာနဲ့ ကွင်းတွင်း ကွင်းပြင်ပ နေထိုင်မှု ပုံစံတွေကြောင့် ရက်ရှ်ဖို့ဒ်ကို သဘောမကျကြောင်း သိရပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်က သူ့ကို အသင်း ဘက်က ရောင်းထုတ်ထုတ်ချင်နေကြောင်း သတင်းတွေ ထွက်လာချိန် မှာလည်း စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ အသင့် ဖြစ်နေကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့ အဆင်ပြေ ချောမွေ့စွာ လေ့ကျင့်ခန်း ပြန်ဆင်းနေပေမယ့် အခု ဆောင်းရာသီမှာ လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ ဖော်ပြထားပါတယ်။
ယူနိုက်တက် ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေတဲ့ ရက်ရှ်ဖို့ဒ်

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့ အဆင်ပြေ ချောမွေ့စွာ လေ့ကျင့်ခန်း ပြန်ဆင်းနေပေမယ့် အခု ဆောင်းရာသီမှာ လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာ ရက်ရှ်ဖို့ဒ်က ယူနိုက်တက် အတွက် ကစားခွင့် မရခဲ့တဲ့ ပွဲစဉ်က ၉ ပွဲ အထိ ရှိနေပြီး အဲဒီထဲကမှ ပွဲစဉ် ၆ ပွဲက အမော်ရင် ချန်လှပ်ခဲ့တာ ဖြစ်ပြီးတော့ နယူးကာဆယ်နဲ့ ပွဲမှာတော့ အရန်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ လစ်ဗာပူးလ်နဲ့ အာဆင်နယ် ၂ ပွဲ ဆက်တိုက် ကိုတော့ ရက်ရှ်ဖို့ဒ်က အဖျားဝေဒနာကြောင့် လွဲချော်ခဲ့ပါတယ်။ 

ဒါကြောင့် ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်ရဲ့ အရောင်းစာရင်းမှာ တင်ခံထားရပြီး လက်ရှိ ဇန်နဝါရီမှာပဲ အသင်း ပြောင်းရွှေ့ရဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကိုက ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကစားသမားရဲ့ အေးဂျင့် ဖြစ်သူနဲ့ လစ္စဘွန်းမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ အေးဂျင့် ဖြစ်သူက လာလီဂါ ကလပ်နဲ့မှ တွေ့ဆုံခဲ့တာ မဟုတ်ပဲ အေစီမီလန်၊ ဒေါ့မန် တို့လို အသင်းတွေနဲ့ ဆက်တိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်ထားပါသေးတယ်။ လက်ရှိ မှာတော့ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာနဲ့ ဒေါ့မန် တို့ကသာ အငှားနဲ့ ခေါ်ယူချင်နေကြတာ ဖြစ်ပြီး အဓိက ကတော့ ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခ လစာက ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်