နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အစ္စကိုနဲ့ လမ်းခွဲခဲ့ရတဲ့ အကြောင်းရင်းကို ပြောလာတဲ့ ဆမ်ပါအိုလီ၊ Golden Foot ဆု ရရှိခဲ့တဲ့ လီဝမ်ဒေါစကီး (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဒီဇင်ဘာလ ၂၃ ရက်နေ့ အတွက် နောက်ဆုံးရ လာလီဂါ သတင်းတွေကို ဖော်ပြပေးရမယ် ဆိုရင်တော့…


မျှော်လင့်ထားတဲ့ ခြေစွမ်းမျိုး မရှိလို့ အစ္စကိုနဲ့ လမ်းခွဲတာလို့ ဖွင့်ဟလာတဲ့ ဆမ်ပါအိုလီ

လာလီဂါ ကလပ် ဆီဗီလာ နည်းပြ ဆမ်ပါအိုလီက အသင်း ကနေ အစ္စကို ထွက်ခွာသွားခဲ့တာဟာ မျှော်လင့်ထားတဲ့ အခြေအနေမျိုးမှာ မရှိခဲ့တာကြောင့်လို့ ပြောဆိုလိုက်ပါတယ်။

အစ္စကို ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် ဆီဗီလာကို အလွတ်နဲ့ ရောက်ရှိခဲ့တာ ဖြစ်ပြီး ၄ လ အကြာမှာပဲ နှစ်ဖက် သဘောတူ စာချုပ် ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။ စပိန် ကွင်းလယ်လူရဲ့ ခြေစွမ်းဟာ အသင်းဘက်က မျှော်လင့်ထားသလို မဖြစ်ခဲ့ဘူးလို့ ဆမ်ပါအိုလီက ပြောဆိုခဲ့တာပါ။ တချိန်က ရီးရဲလ်မက်ဒရစ် မှာရော၊ စပိန် လက်ရွေးစင် အသင်း မှာပါ ကျော်ကြားခဲ့တဲ့ အစ္စကိုက လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေခဲ့ပြီး မန်စီးတီးလို အသင်းကို ရောက်မယ်လို့ သတင်းတွေ ကြီးခဲ့တဲ့ ကစားသမား တစ်ဦး အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

ဆမ်ပါအိုလီက “ သူက ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ရှိတဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမယ့် ကလပ်ရဲ့ မျှော်လင့်ချက်နဲ့တော့ မကိုက်ညီခဲ့ဘူး” လို့ ပြောကြားခဲ့ပါတယ်။ အစ္စကိုဟာ ဆီဗီလာ အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားပေးခဲ့ပြီး ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် ကိုပင်ဟေဂင်နဲ့ ကစားခဲ့တဲ့ ပွဲမှာ လှပတဲ့ သွင်းဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ 


Golden Foot ဆုကို လီဝမ်ဒေါစကီး ဆွတ်ခူး

လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ပိုလန် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးဟာ ၂၀၂၂ ခုနှစ်ရဲ့ Golden Foot ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ၂၀၀၃ မှာ စတင် ပေးအပ်ခဲ့တဲ့ ဒီဆုဟာ အသက် ၂၈ နှစ်နဲ့ အထက် ကစားသမားတွေကို နှစ်စဉ် ရွေးချယ် ပေးအပ် နေတာ ဖြစ်ပြီး နိုင်ငံတကာ ဂျာနယ်လစ်တွေက ဆန်ခါတင် ကစားသမား ၁၀ ဦးထဲ ကနေ ရွေးချယ် ပေးအပ်တာ ဖြစ်ပါတယ်။ 

ဒီဆုကို ကစားသမား တစ်ဦးက တစ်ကြိမ်ပဲ ဆွတ်ခူးနိုင်တာ ဖြစ်ပြီး ဒီနှစ် အတွက် ဆု ကိုတော့ မိုနာကိုမှာ ပေးအပ်သွားမယ်လို့ သိရပါတယ်။ ဒီဆုကို ပထမဆုံး ဆွတ်ခူးခဲ့သူ ကတော့ အီတလီ အကျော်အမော်ဟောင်း ရောဘတ်တို ဘက်ဂီယို ဖြစ်ပြီး အခြားသော နာမည်ကျော် တိုက်စစ်မှူးတွေနဲ့ ကစားသမားတွေလည်း ရယူနိုင်ခဲ့ပါတယ်။ 

နောက်ဆုံး အကြိမ် ဆွတ်ခူးထားတာ ကတော့ မိုဟာမက် ဆာလာ ဖြစ်ပြီး ထူးခြားချက် တစ်ခု ကတော့ အသင်းလိုက်ရော၊ တစ်ဦးချင်းပါ ဆုတံဆိပ် အောင်မြင်မှု အားလုံးနီးပါး ရရှိထားခဲ့တဲ့ မက်ဆီ ကတော့ Golden Foot ဆုကို မရယူနိုင်သေးပါဘူး။ ဒီဆု ကတော့ ချီးမြှင့်ခံရသူရဲ့ ခြေရာကို ရွှေလောင်း ပုံသွင်းပြီး ဆု အဖြစ် ပြန်လည် ပေးအပ်တာလည်း ဖြစ်ပါတယ်။ 


အန်ဇို ဖာနန်ဒက်ဇ် အတွက် ပေါင် ၈၈ သန်းနဲ့ ကမ်းလှမ်းမှုကို ဘင်ဖီကာ ပယ်ချ

ဘင်ဖီကာ အသင်းဟာ အာဂျင်တီးနားနဲ့ အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ပေါင် ၈၈ သန်းနဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပေမယ့် ပယ်ချလိုက်ပါတယ်။ အမည် ဖော်ပြထားခြင်း မရှိတဲ့ အသင်း တစ်သင်းက ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကလည်း အဲ့ဒီ ကစားသမားကို စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ 

ပေါ်တူဂီ သတင်းစာ Recordရဲ့ အဆိုအရ ဖာနန်ဒက်ဇ်နဲ့ ကလပ် အသင်း ကြားမှာ စာချုပ်လျော်ကြေး တန်ဖိုးက ပေါင် ၁၀၅ သန်း အထိ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိ ကမ်းလှမ်းမှုဟာ အဲ့ဒီ ပမဏနဲ့ သိပ်ပြီး မကွာဟပေမယ့် ဘင်ဖီကာက ငြင်းဆန်ခဲ့ပြီး သူတို့ ရည်ရွယ်ထားတဲ့ တန်ကြေး ကိုပဲ ရယူလိုဖွယ် ရှိနေတာ ဖြစ်ပါတယ်။ အာဂျင်တီးနား အတွက် ခြေစွမ်းပြခဲ့တဲ့ အသက် ၂၁ နှစ် အရွယ် ဖာနန်ဒက်ဇ်ကို လစ်ဗာပူးလ်က တော်တော်လေး စိတ်ဝင်စားနေပြီး အခြား ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ယူနိုက်တက်၊ မန်စီးတီးနဲ့ ချဲလ်ဆီး ကလည်း မျက်စိကျနေပါတယ်။ လာလီဂါ ကတော့ ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်နဲ့ လီဂူးဝမ်း ကဆိုရင်တော့ ထုံးစံ အတိုင်း ပီအက်စ်ဂျီက စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်