နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘန်ဇီမာကို စာချုပ်သစ်ချုပ်ဖို့ ဆန္ဒရှိနေတဲ့ အန်ဆယ်လော့တီ၊ ဒီယောင်ကို ဘာဆာမှာ အမြဲတမ်း ရှိနေစေချင်တဲ့ တာစတီဂန် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဘန်ဇီမာကို စာချုပ်သစ်ချုပ်ဖို့ ဆန္ဒရှိနေတဲ့ အန်ဆယ်လော့တီ၊ ဒီယောင်ကို ဘာဆာမှာ အမြဲတမ်း ရှိနေစေချင်တဲ့ တာစတီဂန် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘန်ဇီမာကို စာချုပ်သစ်ချုပ်ဖို့ ဆန္ဒရှိနေတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက အသင်း တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာကို စာချုပ်သစ် ထပ်ချုပ်ဖို့ ဆန္ဒရှိနေပါတယ်။ အသက် ၃၅ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူးဟာ လာလီဂါ ကလပ် စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ် အတွက် သဘောတူညီချက် မရသေးဘဲ ရှိနေကာ ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးရှိနေသူ ဖြစ်ပါတယ်။

ဒီရာသီမှာ ဘန်ဇီမာက ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ ရာသီ ကလောက် ခြေစွမ်းမပြနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါပေမယ့် အသင်း အတွက် အရေးပါတဲ့ တိုက်စစ်မှူး အဖြစ် ဘန်ဇီမာကို အန်ဆယ်လော့တီက သတ်မှတ်ထားဆဲ ဖြစ်ကာ နံပါတ် ၉ တိုက်စစ်မှူး နေရာ အတွက် သူ့ကိုပဲ ဆက်လက် ကစားစေချင်နေတာ ဖြစ်ပါတယ်။

“ မက်ဒရစ်က နံပါတ် ၉ တိုက်စစ်မှူး တစ်ဦး လိုအပ်နေပါတယ်၊ ကျနော် တို့မှာ ကာရင်မ် ဘန်ဇီမာ ရှိနေပြီး သူ နောက်ရာသီလည်း အသင်းနဲ့ အတူ ဆက်ရှိနေပါလိမ့်မယ်၊ အခုက လာမယ့်နှစ် အတွက် တွေးရမယ့် အချိန်တော့ မဟုတ်ပါဘူး၊ အခု ကျနော်တို့တွေ လာလီဂါနဲ့ ချန်ပီယံလိဂ်ပွဲတွေ ပြန်ကစားရတော့မှာ ဖြစ်လို့ အဲဒီပွဲတွေကို အာရုံစိုက်သွားရပါမယ်” လို့ အန်ဆယ်လော့တီက ပြောဆိုခဲ့ပါတယ်။


ဒီယောင်ကို ဘာဆာမှာ အမြဲတမ်း ရှိနေစေချင်တဲ့ တာစတီဂန်

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ ဂိုးသမား ဖြစ်သူ တာစတီဂန်က အသင်းဖော် ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို အသင်းမှာသာ ဆက်နေစေချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဒီရာသီမှာ ဒီယောင်က အသင်း အတွက် ခြေစွမ်းပြ ကစားပေးနေတာ ဖြစ်ပြီး သူ့ကို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ ဂိုးသမား ဖြစ်သူ တာစတီဂန်က အသင်းဖော် ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို အသင်း မှာသာ ဆက်နေစေချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။
ဒီယောင်ကို အသင်းမှာ ဆက်ရှိနေစေချင်တဲ့ တာစတီဂန်

ဒီယောင်က လူငယ် ကွင်းလယ်လူတွေ ဖြစ်တဲ့ ပီဒရီနဲ့ ဂါဗီတို့ အတွက် စံပြကစားသမားလို့ တာစတီဂန်က ပြောဆိုခဲ့ပြီး နူးကမ့်မှာ ဆက်လက်ပြီး ထိန်းသိမ်းထားစေချင်နေပါတယ်။ ဇာဗီဟာ အစောပိုင်းက ဒီယောင်ကို နေရာပေးဖို့ တွန့်ဆုတ်နေခဲ့ပေမယ့် ပီဒရီ၊ ဂါဗီ တို့နဲ့ အတွဲအဖက်မိနေချိန်မှာ ပုံမှန် ကစားခွင့်ပေးနေပြီ ဖြစ်ပါတယ်။

တာစတီဂန်က “ သူက အသင်း အတွက် အများကြီး ယူဆောင်ပေးလာနိုင်သူပါ၊ သူ့ဆီကနေလည်း အများကြီးပဲ ကျနော် မျှော်လင့်ထားပါတယ်၊ သူ့မှာ အရည်အသွေး အများကြီး ရှိပါတယ်၊ သူက မတူညီတဲ့ နည်းလမ်းနဲ့ ဘောလုံးကို သိမြင် ခံစားနိုင်တဲ့သူပါ၊ သူ့ကိုဒီမှပဲ ကျနော် ဆက်နေစေချင်တယ်၊ ဒီလို ကစားသမားမျိုးကို ကျနော့် အသင်းမှာ ကစားစေချင်လို့ပါ၊ သူ အသင်း ကနေ ထွက်မသွားစေချင်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။


ယာအို ဖီးလစ်ရဲ့ ခြေစွမ်းအပေါ်မှာ အံ့အားသင့်နေတဲ့ အက်ဇ်ပီလီကွီတာ

လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ် ကနေ ချဲလ်ဆီးကို အငှားလာ ကစားနေတဲ့ ယာအို ဖီးလစ်ရဲ့ ခြေစွမ်းက အရမ်း ကောင်းမွန်နေတဲ့ အပေါ် ချဲလ်ဆီး အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာက အံ့အားသင့်နေပါတယ်။ ယာအို ဖီးလစ်ဟာ အေတီကို ကနေ ချဲလ်ဆီးကို ရာသီကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိမှာ အသင်း အတွက် သွင်းဂိုး တစ်ဂိုး ရရှိထားပြီး ဖြစ်ပါတယ်။

“ သူ အက်သလက်တီကိုမှာ ကစားနေကတည်းက သူ့ကို ကျနော် သိပါတယ်၊ လာလီဂါ ပွဲတွေကို ကျနော် စောင့်ကြည့်ဖြစ်တယ်လေ၊ ဒါပေမယ့် သူ ဒီကိုရောက်လာချိန်မှာ ကျနော် အံ့အားသင့်ခဲ့ရပါတယ်၊ ဘာလို့လဲ ဆိုရင် လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ အံ့အားသင့်စရာ အရည်အသွေးတွေကို မြင်တွေ့ခဲ့ရလိုပါ၊ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဆိုရင်လည်း သူက အလှည့်အပြောင်း လုပ်နိုင်တယ် ဆိုတာကို ပြသခဲ့ပါတယ်”

“ နေရာလွတ်တွေ ဖန်တီးနိုင်တယ်၊ ပေးပို့မှုတွေ လုပ်နိုင်တယ်၊ လေ့ကျင့်ရေးကွင်းမှာ သူက မယုံနိုင်စရာပါပဲ” လို့ အက်ဇ်ပီလီကွယ်တာက ပြောဆိုခဲ့ပါတယ်။ ယာအို ဖီးလစ် ကတော့ ချဲလ်ဆီး အတွက် ပထမဆုံးပွဲကို ကစားပေးခဲ့ပြီးနောက် အနီကတ် ပြသခံခဲ့ရလို့ ၃ ပွဲ ပယ်ခံခဲ့ရကာ ပွဲပယ် ပြစ်ဒဏ်က ပြန်လွတ်မြောက်ခဲ့တဲ့နောက်မှာ ခြေစွမ်းပြ ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်